ပင်နယ်တီ ဟီးရိုး တစ်ယောက် ရဲ့ ရင်တွင်း စကားသံများ

ပြည်တွင်း ဖလားတွေ ဆိုရင် အလေးမထားဘူးလို့ ဆက်တိုက် ဝေဖန်ခံခဲ့ရတဲ့ ယာဂန် ကလော့ပ် ဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ချန်ပီယံလိဂ် ခံစားချက်မျိုးဖြစ်အောင် ပရိသတ်တွေ ကို ဖျော်ဖြေမှု အပြည့်ပေးသွားခဲ့ ပါတယ်။

ပွဲ အစမှာ ကတည်းက လီဗာပူးဟာ ကိုဗစ် ပြသနာတွေ ရှိနေလို့ လူချန်ခဲ့ပြီး ၊ စပါး ကို သရေကျခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို 10 နေရာအထိ ပြောင်းကာ ပွဲထွက်လာခဲ့ပါတယ်။ သို့သော် လက်စတာ က လူစုံထုတ်သုံးပြီး ကစားတာလာကြောင့် လီဗာပူး လူငယ် ချာတိတ်လေးတွေဟာ ဝါရင့် အမြန်နှုန်းမြင့် လက်စတာ တိုက်စစ်မှုးတွေ ကို ဘယ်လိုမှ ယှဉ် ကစားနိုင်ခြင်း မရှိပဲ သွင်းဂိုးတွေ ဆက်တိုက် ခွင့်ပြုခဲ့ရပါတယ်။

“ ကျနော် တို့က ပွဲကို အကောင်ဆုံး မကစားနိုင်ခဲ့တဲ့ အတွက် ပထမပိုင်းမှာတင် 1-3 ရလာဒ် နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ သွင်းဂိုးတွေ ကြည့်လိုက်ရင် သူတို့ ကောင်းလို့ မဟုတ်ပဲ ကိုယ့်အသင်းက အမှားတွေကြောင့် ပေးလိုက်ရတာပါ။ ဒါကြောင့် ယုံကြည်ချက်က မပျောက်ပါဘူး။

ပထမပိုင်းမှာ မန်နေဂျာကြီး မှာလိုက်တာ က နောက်တစ်ဂိုး သွင်းပြတာနဲ့ တစ်ကွင်းလုံးက ပရိသတ်တွေ ကြွတက်လာလိမ့်မယ် တဲ့လေ။ ဒါကြောင့် ကျနော်တို့ဟာ ယုံကြည်မှု အပြည့်နဲ့ နောက်ဆုံး အထိ တိုက်ပွဲ ဝင်ခဲ့တာ ဖြစ်ပါတယ်” လို့ ပင်နယ်တီ သူရဲကောင်း ဂိုးသမား ကယ်လာဟာ က ဖွင့်ဟ လာခဲ့ ပါတယ်။

ကလော့ပ် ဟာ ဒုတိယ ပိုင်းမှာတော့ မေလ်နာ ၊ ဂျော်တာ ၊ ကိုနာတေး တို့ကို ထည့်သွင်းကာ အပြောင်းအလဲ လုပ်ခဲ့ပါတယ် ။ ဝင်လာတဲ့ ကစားတွေ ရဲ့ အတွေ့အကြုံကြောင့် ပွဲ ကိုချက်ခြင်းလဲ စိုးမိုး ထားနိုင်ခဲ့ပါတယ်။ ဂျော်တာ ဟာ ပြိုင်ဘက် နောက်တန်းတွေကို ဆက်တိုက် ဖိအားပေးရင်း အရေးပါတဲ့ ချေပဂိုး တစ်ဂိုး ကို သွင်းယူပြနိုင်ခဲ့လို့ ၊ လီဗာပူး ရဲ့ ယုံကြည်ချက်တွေလဲ ဆက်လက် ရှင်သန်ခွင့် ရခဲ့ပါတယ်။

“ နောက်ဆုံး စက္ကန့်မှာ တာကီ က နောက်ကျ ချေပဂိုး သွင်းပြခဲ့တယ်။ သူ စွမ်းဆောင်ပြစရာတွေ အများကြီး ကျန်သေးတယ် ဆိုပေမယ့် ဒီလို အဆုံးသတ်မှုကတော့ ပြောင်မြောက်လွန်းပါတယ်။

သူ ဂိုးသွင်းပြလိမ့်မယ် ဆိုတာတော့ အစောကြီး ကတည်းက မျှော်လင့်ထားခဲ့တာပါ။ အခု သွင်းလိုက်တဲ့ အနေအထား ဆိုရင် နောက်ဆုံး အခွင့်အရေးလို့တောင် ပြောလို့ ရပါတယ်။ တာကီ က တည်ငြိမ်လွန်းတယ်ဗျာ။ အခွင့်အရေးကိုလဲ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် ပြသွားခဲ့တာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကယ်လာဟာ ဟာ လက်စတာ အသင်းရဲ့ စတုတ္ထမြောက် ပင်နယ်တီ ကို ပုတ်ထုတ် ကာကွယ်ပြခဲ့ပါတယ်။ သို့သော် မီနာမီနို ရဲ့ အဆုံးဖြတ်ပေးမယ့် နောက်ဆုံး ပင်နယ်တီ ကန်ချက် ဂိုးမဝင်ခဲ့တာကြောင့် နောက်ထပ် ပင်နယ်တီ တစ်လုံးစီ ထပ်မံ ကန်သွင်းကြရပါတယ်။

ကယ်လာဟာ ဟာ ဒီတစ်ကြိမ်မှာလဲ ဘာထရန် ရဲ့ ကန်ချက်ကို ကာကွယ်ပြခဲ့ပြီး ၊ လီဗာပူး အတွက်တော့ ဂျော်တာ က အမှားအယွင်းမရှိ အဆုံးသတ်ပြခဲ့လို့ ပွဲဟာ 5-4 ရလာဒ်နဲ့ ပြီးဆုံး သွားခဲ့ ပါတယ်။

“ ဒီလို အဆုံးအဖြတ် ကစားရတာ ကျနော်က ကြိုက်ပါတယ်။ ဖိအားတွေ အများကြီး မရှိပါဘူး။ ကိုယ်က မကာကွယ်နိုင်ဘူး ဆိုရင်တောင် ပရိသတ်တွေက နားလည်ပေးထားပြီး ၊ ကာကွယ်ပြလိုက်ရင်တော့ မြင်တဲ့ အတိုင်းပဲလေ။ ရလာတဲ့ အခွင့်အရေး တိုင်းက ကျနော်က အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့တာပါ”

“ ဒီ လက်စွမ်းပြမှုတွေ အတွက် ဂိုးနည်းပြကြီးတွေ အဖွဲ့ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပွဲ မကစားခင် ကတည်းက မှတ်တမ်းတွေ ကြိုတင် သုံးသပ်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ပင်နယ်တီ ကန်သွင်းတဲ့ အကြောင်းတွေလဲ ပါတာပေါ့။ ဒါကြောင့် ဂျွန် နဲ့ ဂျက် ရော်ဘင်ဆွန် တု့ိက ကျေးဇူးတင်ရမှာပါ” လို ကယ်လာဟာ က ပြောပြသွားခဲ့ ပါတယ်။

SPORTS MYANMAR