နှင်းနဲ့ အပြိုင် ရွာတဲ့ ဂိုးမိုး ၊ ပင်နယ်တီ စံချိန်တင်တဲ့ ဂျော်ဂျင်ဟို ၊ စီးတီး နဲ့ အာဆင်နယ် တို့ အထိုင်ချခဲ့မှုတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မနေ့ ညက ပရီးမီးယားလိဂ် ရဲ့ ဘောက်ဆင်ဒေး ပွဲစဉ်တွေ ကို ယှဉ်ပြိုင် ကစား သွားခဲ့ကြပြီး ပွဲတိုင်း ဂိုးမြူး ခဲ့ကြပါတယ် ။

တနင်္ဂနွေည ပွဲတွေ အပြီးမှာတော့ မန်ချက်စတာ စီးတီး ဟာ ဒုတိယ နေရာက အသင်းကို အမှတ် ထပ်ဖြတ်ပြီး ဦးဆောင် နိုင်ခဲ့သလို အာဆင်နယ် ကလည်း အဆင့် ၄ နေရာ ကနေ အောက်အသင်းတွေ ကို အမှတ် ဖြတ် ထား လိုက် နိုင်ခဲ့ ပါတယ် ။

အစ်တီဟတ် မှာ ကစားခဲ့တဲ့ မန်စီးတီး နဲ့ လက်စတာ စီးတီး တို့ရဲ့ ပွဲကတော့ ဒုတိယပိုင်းက အပြန်အလှန် သွင်းဂိုးတွေ နဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးခဲ့ ပါတယ် ။

စီးတီး က ပထမပိုင်းမှာ ၄-၀ နဲ့ ဦးဆောင်နေပြီး ဒုတိယပိုင်းမှာ လက်စတာ က ၃ ဂိုးပြန်လည် ချေပကာ စီးတီး က ၂ ဂိုး ထပ်သွင်း ခဲ့တာကြောင့် ၆-၃ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ပါတယ် ။

ဒါဟာ မန်စီးတီး အတွက် ဒီရာသီမှာ ဒုတိယမြောက် ၃ ဂိုး ပေးရတဲ့ ပွဲ ဖြစ်စေခဲ့ပြီး ပထမပွဲ ကတော့ လိုက်ပ်ဇစ် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်ပဲ ဖြစ်ပါတယ် ။ တိုက်ဆိုင်တာ ကတော့ အဲ့ဒိ ပွဲကိုလည်း စီးတီး က ၆-၃ နဲ့ အနိုင် ရရှိ ခဲ့တာပါ ။

 

ခြေစွမ်းတက် နေတဲ့ အာဆင်နယ် ကတော့ အဝေးကွင်းမှာ နောဝှစ်ချ် စီးတီး အသင်း ကို ၅-၀ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။

အဆင့် ၄ နေရာကို အာဆင်နယ် နဲ့ ပြိုင်နေတဲ့ ဝက်စ်ဟမ်း ကတော့ အိမ်ကွင်းမှာ ဆောက်သမ်တန် ကို ၃-၂ နဲ့ ရှုံး သွားခဲ့တာကြောင့် ဂန်းနား တွေ နဲ့ အမှတ်ပို ဝေးသွားခဲ့ရ ပါတယ် ။

ကွန်တီ လက်ထက်မှာ ပြန်လည် တည်ငြိမ် လာတဲ့ တော့တင်ဟမ် ဟော့စပါး ကလည်း အိမ်ကွင်းမှာ ပဲလေ့စ် အသင်း ကို ကိန်း ၊ ဆွန် ၊ မော်ရာ တို့ရဲ့ ဂိုးတွေ နဲ့ ၃-၀ ရလဒ် ကို ယူဆောင် သွားနိုင်ခဲ့ ပါတယ် ။

ဘောက်ဆင်ဒေးည ရဲ့ နောက်ဆုံးပွဲစဉ် မှာတော့ ချဲလ်ဆီး က အက်စတွန် ဗီလာ ကို ၃-၁ နဲ့ အနိုင် ရရှိပြီး အဆင့် ၂ နေရာကို ရောက်လာခဲ့ ပါတယ် ။

ချဲလ်ဆီး အတွက် ပင်နယ်တီ ၂ လုံး သွင်းခဲ့တဲ့ ဂျော်ဂျင်ဟို ကတော့ ပရီးမီးယားလိဂ် သမိုင်း တလျောက်မှာ ပြက္ခဒိန် တနှစ် အတွင်း ပင်နယ်တီ ဂိုး အများဆုံး ( ၁၀ ဂိုး ) သွင်းယူ နိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းသစ် ရေးထိုး သွားခဲ့ ပါတယ် ။

 

ကိုဗစ်ပိုး ကူးစက်မှုတွေကြောင့် နှစ်သစ်ကူး ကာလမှာ ကစားမယ့် အာဆင်နယ် နဲ့ ဝုဗ် ပွဲစဉ်ကိုရွှေ့ဆိုင်း လိုက်ကြောင်း မနေ့ညပိုင်း က ထုတ်ပြန် သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းမှာလည်း တိုမီယာဆု ၊ ဆီဒရစ် နဲ့ မစ်လန်းနိုင်းလ် တို့ဟာ ကိုဗစ်ပိုး တွေ့ရှိ ခဲ့ကြတယ်လို့ သိရ ပါတယ် ။

 

စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ ကွင်းထဲ လာရောက် ကြည့်ရှု ကြတဲ့ ပရိသတ်တွေ အနေနဲ့ နှာခေါင်းစည်းများ တပ်ကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဂျွန်တယ်ရီ ကတော့ အသင်းဟောင်း ချဲလ်ဆီး ကို ပြန်လာကာ အကယ်ဒမီ အသင်းတွေကို နည်းပြ အဖြစ် ကိုင်တွယ် သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။

အမေရိက ကလပ် ဒါးလပ်စ် မှာ ကစားနေတဲ့ ရီကာဒို ပီပီ ဟာ ဇန်နဝါရီမှာ ဥရောပ ကို လာရောက် ကစားဖို့ စိတ်ကူး ထားပြီး အေးဂျင့် ကလည်း ကလပ် အသင်း အများအပြား ဆီက ဆက်သွယ်မှု ကို ရရှိ ထားတယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

စီးတီး တောင်ပံ ကစားသမားလေး ဖာရန် တောရက်စ် ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ပြုလုပ်ဖို့ ယမန်နေ့က စပိန် ကို ရောက်ရှိ သွားခဲ့ပြီလို့ ကြားသိရ ပါတယ် ။

လီဗာပူး အသင်း ကတော့ ဝက်စ်ဟမ်း ရဲ့ ဘိုဝင် နဲ့ လိဒ် က ရာဖင်ဟာ တို့ကို ဆက်လက် စောင့်ကြည့် နေဆဲလို့ သိရှိရ ပါတယ် ။

ရိုးမား အသင်းဟာ အာဆင်နယ် လူငယ်လေး မစ်လန်းနိုင်းလ် ကို ၆ လ အငှား နဲ့ ခေါ်ယူလိုပြီး အပြီးသတ် ဝယ်ယူခွင့် ကိုလည်း ထည့်သွင်း ချုပ်ဆို လိုတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR