နိုင်ငံအသင်းနည်းပြ ရာထူးနဲ့ မော်ရင်ဟို ၊ ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် ပြင်ဆင်နေကြ သူတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်မယ့် နိုင်ဂျီးရီးယား အသင်းဟာ ရိုးမား နည်းပြ မော်ရင်ဟို ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေးနွေး တိုင်ပင် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရိုးမား အသင်းကတော့ အာဆင်နယ် လူငယ် ကစားသမားလေး မစ်လန်းနိုင်းလ် ကို အငှား နဲ့ ခေါ်ယူဖို့ စဉ်းစား နေတယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကတော့ ယူဗင်တပ် ကွင်းလယ် ကစားသမား ဝက်စတန် မက်ကိန်း ကို လာမယ့် ဇန်နဝါရီ မှာ ကမ်းလှမ်းဖို့ ပြင်ဆင် နေပြီလို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း လိုက်ပ်ဇစ် မှာ ကစားနေတဲ့ အမေရိကန် ကစားသမား တိုင်လာ အဒမ် ကို စောင့်ာကည့် နေတယ်လို့ သိရှိရ ပါတယ် ။`

ယူနိုက်တက် ဟာ လူငယ် တိုက်စစ်မှူးလေး အန်တိုနီ အီလန်ဂါ ကို ၄ နှစ်ခွဲ စာချုပ်သစ် ချုပ်ဆို လိုက်တယ်လို့လည်း သိရ ပါတယ် ။

စပိန် သတင်းစာ မွန်ဒို ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ နဲ့ ဆီဗီးလား တို့ဟာ တိုက်စစ်မှူး လုခ် ဒီယွန် ကို ဇန်နဝါရီ မှာ ကာဒစ် အသင်းထံ အငှားချ သွားဖို့ ဆွေးနွေး ညှိနှိုင်း သဘောတူခဲ့ ကြတယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ ဟာ ဒီယွန် ကို ဆီဗီးလား ဆီကနေ အငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး နည်းပြသစ် ဇာဗီ ဟာ အငှားစာချုပ် ကို ဖျက်သိမ်းပေးဖို့ သဘောတူခဲ့တာလို့ သိရ ပါတယ် ။

နယူးကာဆယ် အသင်းဟာ ဝက်ဖိုဒ့် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့မှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်မှူး အီဂါလို ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ကတော့ ကယ်ဗင် ဒီဘရိုင်းနား နဲ့ ဆွန်ဟောင်မင် တို့ဟာ ဇန်နဝါရီမှာ သူ ခေါ်ယူ လိုတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး နောက်ခံလူ ဗန်ဒိုက် ၊ ကွင်းလယ်လူ ဖာဘင်ဟို နဲ့ ကာတစ်ဂျုံးစ် တို့ဟာ အသင်း အတွက် လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ကြပြီလို့ သတင်းကောင်း ကြားသိရ ပါတယ် ။

နာမည်ကျော် ပြိုင်ကားမောင်းသမား ဆာ လူးဝစ် ဟာမီလ်တန် ဟာ လာမယ့် ၂၀၂၂ ထဲ မှာ ဖော်မြူလာဝမ်း ပြိုင်ပွဲတွေ ကို ဝင်ရောက် မယှဉ်ပြိုင်ဖို့ စိတ်ကူး ထားပြီး ပရော်ဖက်ရှင်နယ် ကားမောင်း လောက ကနေ အနားယူဖို့ အထိ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းကတော့ လူငယ်လေး ယူဆပ် ဒီမာ ကို အပြီးသတ် မဝယ်ယူ လိုတာကြောင့် လာမယ့် ဇန်နဝါရီမှာ အငှားစာချုပ် ကို ဖျက်သိမ်းဖို့ စီစဉ် နေပြီလို့ သိရ ပါတယ် ။ ရက်ပစ် ဗီယာနာ ကနေ အငှားနဲ့ ခေါ်ယူ ထားတဲ့ ဒီမာ ဟာ ဘာစီလိုနာ အတွက် ၉ ပွဲ ကစားထားပြီး ၁၀ ပွဲ ကစားဖြစ်ပါက ပေါင် ၈.၅ သန်း နဲ့ အပြီးသတ် ဝယ်ယူ ရမယ်ဆိုတဲ့ အချက်ကို စာချုပ် ထဲမှာ ထည့်သွင်း ချုပ်ဆို ထားတာကြောင့် ဖြစ်တယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR