ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ အိုဝင် ဟာဂရေ့စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား လက်အောက် ရလဒ်တွေ ကောင်းမွန်နိုင်ဖို့ ဆက်တိုက်ဆိုသလို ရုန်းကန်ခဲ့ရပြီး တည်ငြိမ်မှု ကင်းမဲ့နေခဲ့တဲ့အတွက် နော်ဝေသားဟာ အသင်းနဲ့ လမ်းခွဲခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် တို့ဟာ လက်ထောက် နည်းပြ မိုက်ကယ် ကာရစ်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီး ရလဒ် ကောင်းမွန်ခဲ့ပေမဲ့ မကြာမီမှာပဲ ယူနိုက်တက်တို့က နောက်ထပ် ယာယီ နည်းပြသစ် ခေါ်ယူနိုင်ခဲ့တဲ့ အတွက် သူလည်း ထွက်ခွာသွားခဲ့ပါတယ် ။

အခုလည်း ယူနိုက်တက်တို့ဟာ ယာယီ နည်းပြသစ် ရန်းဂနစ် လက်အောက်မှာ နှစ်ပွဲနိုင် တစ်ပွဲ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး လမ်းကြောင်း အမှန်ပေါ်ကို ပြန်ရောက်နေပြီလို့ ထင်ကြေးပေးခံနေခဲ့ရပါတယ် ။ ဒါပေမဲ့ အဆိုပါ ပွဲစဉ် 3 ပွဲလုံးမှာ ယူနိုက်တက်တို့ တစ်ဂိုးစီပဲ သွင်းနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် အဆိုပါ ပွဲစဉ်တွေမှာ ဒီဂီယာရဲ့ လက်စွမ်းကောင်း ပြသမှုတွေက ရလဒ်ကောင်းရရှိစေနိုင်ဖို့ အရေးပါခဲ့ပါတယ် ။ ဒါ့အပြင် ဒီရာသီမှာ ရော်နယ်ဒို ရဲ့ သွင်းဂိုးတွေကလည်း ယူနိုက်တက် အသင်းကို ရလဒ်ကောင်းတွေ ရရှစေရေးမှာ အရေးပါခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က လက်ရှိ အသင်း ရဲ့ ကစားပုံအပေါ် ဝေဖန် သုံးသပ်လိုက်ပြီး ဒီဂီယာ နဲ့ ရော်နယ်ဒို တို့ဟာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” သူတို့တွေဟာ ကောင်းကောင်းကစားနိုင်ခြင်း မရှိခဲ့ကြသလို ပွဲစဉ်တွေကို အနိုင်ယူနိုင်စွမ်းလည်း ကင်းမဲ့နေခဲ့ကြပါတယ် ။ အဲ့ဒီအချိန်မှာ အရာရာတိုင်း ပြောင်းလဲဖို့ လိုအပ်ခဲ့ပါတယ် ။ သူတို့ ဂိုးတွေ အများကြီး ပေးခဲ့ရပါတယ် ။ လီဗာပူး နဲ့ ပွဲတုန်းက ၅ ဂိုး ပေးခဲ့ရတာမလား ? ”

” ဝက်ဖို့ဒ် နဲ့ ပွဲက ဂိုးအများကြီး ပေးခဲ့ရတဲ့ နောက်ဆုံးပွဲစဉ် ဖြစ်ခဲ့ရပါတယ် ။ ခင်ဗျားကတော့ သူတို့တွေ အမြဲတမ်း ခမ်းနားတဲ့ပွဲစဉ်ကို ပိုင်ဆိုင်စေလိုကြမှာပါ ၊ နိုင်စေချင်ကြမှာပါ ။ ပဲလေ့စ် ပွဲနဲ့ ယှဉ်ရင် ဒီတစ်ပွဲ သူတို့ ကစားပုံ ပိုညံ့ခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူတို့ နိုင်ခဲ့ကြပါတယ် ”

” မန်နေဂျာ အသစ်နဲ့ ရှေ့ဆက်မယ်ဆို အချိန်တော့ ပေးရမှာပါပဲ ။ အခုအချိန်မှာ ကစားသမား အများကြီးက အသင်းမှာ နေရာရဖို့ ကြိုးစားနေကြပါတယ် ။ သူတို့တွေက အခုထက် ပိုပြီး တိုက်စစ်ဆင် ကစားနိုင်ဖို့တော့ လိုအပ်နေပါသေးတယ် ”

” ဒီနှစ်မှာတော့ ဒေးဗစ် ဒီဂီယာ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်နိုင်ခဲ့ကြပါတယ် ။ ဒါကို စနေနေ့မှာ ထပ်မြင်ခဲ့ရတယ်လေ ။ ခမ်းနားတဲ့ အသင်းတိုင်းအတွက် clean sheet ရရှိရေး ဆိုတာက အခြေခံ လိုအပ်ချက်ပါပဲ ” လို့ ဟားဂရေ့ဗ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar