တံဆိပ်ပြောင်းတပ်ရတော့မယ့် ဘာဆာ ၊ ပွဲတွေရွှေ့ရမယ့် စပါး ၊ ဇန်နဝါရီအကြို အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ အပြီးမှာတော့ ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ် ကို ဆင်းသက် သွားခဲ့ရ ပါတယ် ။

ဘာစီလိုနာ ဟာ အဝေးကွင်းမှာ ဘိုင်ယန် ကို ရှုံးနိမ့် ခဲ့ပြီး ဘင်ဖီကာ က ဒိုင်နမိုကိဗ် ကို အနိုင် ရခဲ့တာကြောင့် အုပ်စု တတိယ နေရာကနေ ယူရိုပါလိဂ် ကို ဆင်းသက် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခြားပွဲစဉ်တွေ မှာတော့ အင်္ဂလိပ် ကလပ်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့ဟာ နောက်ဆုံး ပွဲတွေမှာ သရေ ရလဒ်တွေသာ ထွက်ပေါ်ခဲ့ကြ ပါတယ် ။

မန်ယူနိုက်တက် ဟာ သရေပွဲရလဒ်ကြောင့် အုပ်စု ပထမ နေရာ သေချာ သွားပေမယ့် ချဲလ်ဆီး ကတော့ ဇင်းနစ် နဲ့ သရေကျမှုကြောင့် ယူဗင်တပ် ရဲ့ ကျော်တက်မှုကို ခံခဲ့ရကာ ဒုတိယ နေရာနဲ့ အဆုံးသတ်ခဲ့ရ ပါတယ် ။

နောက်ဆုံးချိန် အထိ အကျိတ်အနယ် ဖြစ်ခဲ့တဲ့ အုပ်စု G မှာတော့ ဆဲလ်ဘတ် နဲ့ လိုင်လီ တို့ဟာ နိုင်ပွဲတွေ ကိုယ်စီ ရယူနိုင်ခဲ့ ကြပြီး ၁၆ သင်းဆင့်ကို တက်လှမ်း နိုင်ခဲ့ကြ ပါတယ် ။

ဆီဗီလား ကတော့ သူ ကျဉ်လည်ရာ ဖြစ်တဲ့ ယူရိုပါလိဂ် ကို သက်ဆင်း သွားခဲ့ရ ပါတယ် ။

အတ္တလန်တာ နဲ့ ဗီလာရီးရဲ တို့ရဲ့ ပွဲစဉ် ကတော့ နှင်းတွေ ထူထပ်စွာ ကျရောက်မှုကြောင့် ဒီကနေ့ ညကို ရွှေ့ဆိုင်း လိုက်တယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ကတော့ ရွှေ့ဆိုင်း လိုက်ရ ပါပြီ ။ စပါး အသင်းမှာ အသင်းသား ၈ ဦး နဲ့ ဝန်ထမ်း ၅ ဦး အထိ ကိုဗစ်ပိုး ကူးစက် ခံထားရတယ်လို့ နည်းပြ ကွန်တီ က ထုတ်ဖော် ပြောဆို လာခဲ့ပြီး ယခု အပတ် မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ကိုပါ ရွှေ့ဆိုင်း ရဖွယ် ရှိနေပါတယ် ။

လက်စတာ စီးတီး ဟာလည်း စပါး အပြီး ဒုတိယမြောက် ကိုဗစ်ပိုး ရိုက်ခတ်မှု ကို စတင် ခံစား လာရပြီး အသင်းသားတွေ ထဲမှာ ပိုးတွေ့ ရှိသူတွေ ( ၇ ဦး ) ပေါ်ပေါက် လာခဲ့တယ်လို့ သိရ ပါတယ် ။

 

ဘရာဇီး ဘောလုံး ဂန္ထဝင်ကြီး ပီလီ ဟာ ဆာအိုပေါ်လို မှာ ရှိတဲ့ ဆေးရုံ မှာ ထပ်မံ ကုသမှု ခံယူ နေရပြန်တယ် လို့ သိရ ပါတယ် ။

 

PSG မှာ မပျော်မရွှင် ဖြစ်နေတဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဝိုင်နယ်ဒမ် ဟာ လာမယ့် ဇန်နဝါရီ မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကို ပြန်လည် ပြောင်းရွှေ့ ဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ် ဟာ မနေ့ညက ဇင်းနစ် နဲ့ သရေ ကျတဲ့ ပွဲမှာ ဂိုးသမား မန်ဒီ ကို ချန်လှပ်ပြီး ကီပါ ကို အသုံးပြု ခဲ့တဲ့ ချဲလ်ဆီး နည်းပြ တူချယ် အပေါ် နားမလည်နိုင်အောင် ဖြစ်ခဲ့တယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ရီယို ဖာဒီနန် ကတော့ ကွင်းလယ်လူတွေ ဒဏ်ရာ ရမှုကြောင့် နောက်ခံလူ အဖြစ်ကနေ ကွင်းလယ်ကို တက်ကစား ခဲ့တဲ့ ချဲလ်ဆီး လူငယ်လေး ရစ်ဆီ ဂျိမ်းစ် ရဲ့ အနေအထားကို အားရ ကျေနပ်မိကြောင်း ပြောဆို ခဲ့ ပါတယ် ။

မန်စီးတီး လူငယ်လေး ဖီးလ် ဖိုဒန် ဟာ ဒီတပတ် စနေ နေ့မှာ ကစားမယ့် ဝုဗ် နဲ့ ပွဲမှာ အသင်းအတွက် ပြန်လည် ပါဝင် လာနိုင်ဖို့ အလားအလာကောင်းနေတယ် လို့ ကြားသိရ ပါတယ် ။

 

လီဗာပူး အသင်းကတော့ သူတို့ နဲ့ သတင်း ထွက်ခဲ့ ဖူးတဲ့ မိုချန် ဂလာဘတ် ကွင်းလယ်လူ ဒင်းနစ် ဇာကာရီယာ ကို ပြန်လည် စိတ်ဝင်စား လာခဲ့တယ်လို့ သိရ ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ခံစစ်မှူးတွေ ဖြစ်တဲ့ ဇူးမား နဲ့ အော့ဘွန်နာ တို့ရဲ့ ဒဏ်ရာ ရရှိမှုတွေကြောင့် ဇန်နဝါရီ မှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ လုပ်ဆောင် သွားမယ်လို့ နည်းပြ မိုရက်စ် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းကတော့ အမေရိက လိဂ် မှာ ကစားနေတဲ့ အသက် ၁၇ နှစ် အရွယ် အမေရိကန်လေး ဒန်တိုမာ တိုရေး ကို စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။ အဆိုပါ လူငယ်လေးဟာ မန်စီးတီး ကွင်းလယ်လူဟောင်း ယာယာတိုရေး ရဲ့ ကစားပုံမျိုးနဲ့ ဆင်တူတယ်လို့ ချီးကျူး ခံနေရသူလည်း ဖြစ်ပါတယ် ။

 

SPORTS MYANMAR