ဆိုးလ်ရှားနဲ့ နှစ်နာရီလောက် ဖုန်းပြောခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြသစ်် ဖြစ်လာသူ ရဲ့လ်ဖ် ရန်းဂနစ် က ဒီရာထူးကို လက်သင့်ခံပြီး မကြာမီမှာပဲ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားနဲ့ အချိန် နှစ်နာရီလောက် ဖုန်းပြောဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်စတာ စီးတီး အသင်းကို 4 – 2 ၊ လီဗာပူးကို 0 – 5 ၊ မန်စီးတီး အသင််းကို 0 – 2 ဆိုတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်တဲ့နောက် ဆိုးလ်ရှားရဲ့ အနာဂတ် မတည်မငြိမ် ဖြစ်ခဲ့ပြီး ဝက်ဖို့ဒ် ကို 4 – 1 နဲ့ ရှုံးခဲ့တဲ့နောက်တော့ လမ်းပါခွဲခဲ့ရပါတယ် ။

အဲ့ဒီနောက် ဗီလာ ရီးယဲ နဲ့ ပွဲစဥ်ကို ယာယီ နည်းပြသစ် ဖြစ်လာသူ မိုက်ကယ် ကာရစ်က ကိုင်တွယ်ခဲ့ပြီး 0 – 2 နဲ့ အနိုင် ရရှိစေခဲ့သလို ချဲလ်ဆီး နဲ့ ပွဲစဥ်ကိုလည်း တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါသေးတယ် ။

အဲ့ဒီနောက် ယာယီ နည်းပြသစ် ဖြစ်လာတဲ့ ရန်းဂနစ်ဟာ အင်္ဂလန်ကို ရောက်လာခဲ့ပြီး ယူနိုက်တက် နဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ပွဲကို ကြည့်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ပြီး အဆင့် 3 နေရာမှ ဝက်စ်ဟမ်းအောက် 3 မှတ် အကွာကို တက်နိုင််ခဲ့ပါတယ် ။

အဲ့ဒီပွဲ အပြီးမှာတော့ ယူနိုက်တက် အတွက် ရလဒ်ကောင််းတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့တဲ့ ကာရစ်က အသင်းမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပြီး မကြာမီမှာပဲ ရန်းဂနစ် ဟာလည်း ယူနိုက်တက် နည်းပြ ဘဝရဲ့ ပထမဆုံး အင်တာဗျူးကို လုပ်ဆောင်ခဲ့ရပါတယ် ။

အဆိုပါ အင်တာဗျူးမှာတော့ ရန်းဂနစ်က သူဟာ ဂျိုးလ် ဂလေဇာ ၊ အက်ဒ်ဝုဝက်ဒ် တို့နဲ့ စကားတွေ ပြောခဲ့သလို နည််းပြဟောင်း ဖြစ်သူ ဆိုးလ်ရှား နဲ့ပါ ဒီကြားထဲ့ အချိန် 2 နာရီလောက် ကြာအောင် စကားတွေ ပြောခဲ့သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ ဂျွန် ၊ အက်ဒ် တို့နဲ့ စကားတွေ ပြောဆိုခဲ့တဲ့ အချိန်တုန်းက စကားတွေကို အများကြီး အသေးစိတ်ကျအောင် မပြောဆိုဖြစ်ခဲ့ကြပါဘူး ။ အထူးသဖြင့် ဂျွန်နဲ့ ပြောခဲ့တဲ့ အချိန်တွေမှာပေါ့ဗျာ ။ ကျွန်တော် ဂျိုးလ် ဂလေဇာ နဲ့ အချိန် နစ်နာရီခွဲလောက် စကားပြောဖြစ်ခဲ့ပါတယ် ”

” ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၊ ချဲလ်ဆီး နဲ့ ပွဲစဥ် မတိုင်မီမှာ ကျွန်တော်ဟာ အိုလီ နဲ့လည်း အချိန် နှစ်နာရီလောက် အထိတောင် စကားတွေ ပြောဖြစ်ခဲ့ပါသေးတယ် ။ အိုလီ က တကယ့်ကို သဘောထားကြီးတဲ့သူ တစ်ဦးပါ ။ သူဟာ စိတ်အား ထက်သန်မှု အပြည့်နဲ့ အသင်းရဲ့ အကြောင်းကို အသေးစိတ် ပြောပြပေးခဲ့ပါတယ် ”

” ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ လာမဲ့ 2 နှစ်အတွင််း (လာမယ့် နွေနဲ့ 2024 နွေ အထိ) ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ အကြောင်းတွေ ကိုတော့ သူတို့ အားလုံးနဲ့ မပြောဖြစ််ခဲ့ပါဘူး ။ ကျွန်တော်တို့ အဲ့ဒီ အကြောင်းတွေကို ပြောဖြစ််တာမျိုး မရှိခဲ့ပါဘူး ”

” ကျွန်တော်တို့တွေက လက်ရှိ အသင်းရဲ့ အနေအထား အကြောင်း ၊ အလုပ်တွေ အတူတကွ လက်တွဲ လုပ်ဆောင််ဖို့ အတွက် ဘယ်လို နည်းလမ်းမျိုးတွေ ရှာကြမလဲ ဆိုတဲ့ အကြောင်းတွေပဲ အဓိက ပြောခဲ့ကြတာပါ ” လို့ ရန်းဂနစ် က ထုတ်ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar