စွမ်းဆောင်ရည် ကျဆင်းနေခဲ့ကြတဲ့ ယူနိုက်တက် ကစား သမားတွေကို တိုက်တွန်းမှုတစ်ခု ပြုလုပ်လိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ် က အသင်းသားတွေ အနေနဲ့ ကျဆင်းနေခဲ့တဲ့ စွမ်းဆောင်ရည် အကြောင်းကို သိရှိနိုင်ဖို့ အတွက် ဝန်ထမ်းတွေ မပါဝင်တဲ့ အစည်းအဝေး လုပ်သင့်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက စျေးကွက်ထဲမှာ ဂျေဒန် ဆန်ချို ၊ ရာဖေးလ် ဗာရန်း နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့လို တကယ့် ကစားသမားတွေကို ခေါ်ယူထားနိုင်ခဲ့ပေမဲ့ ရာသီသစ်မှာတော့ ရုန်းကန်နေခဲ့ကြရပါတယ် ။

အကျိုးဆက် အဖြစ် ယူနိုက်တက် အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ အသင်းနဲ့ လမ်းခွဲခဲ့လိုက်ရပါတယ် ။ ဒါ့အပြင် နည်းပြသစ် ရန်းဂနစ် ရောက်လာတဲ့ အခါမှာလည််း ယူနိုက်တက်တို့ဟာ နှစ်ပွဲနိုင် ၊ တစ်ပွဲ သရေ ရလဒ် ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ မနေ့ညကတော့ နယူးကာဆယ် အသင်းနဲ့ သရေ ရလဒ် ထွက်ပေါ် နိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပြန်ပါတယ်် ။ ဒါ့အပြင် ကိုဗစ်ကြောင့် မနားခင်တုန်းကလည်း နောဝှစ်ချ် အသင်းကို တစ်ဂိုးနဲ့ နိုင်အောင် ခက်ခက်ခဲခဲ ကစားခဲ့ရပါသေးတယ် ။

ဒါဟာ ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ နယူးကာဆယ် နဲ့ ပွဲစဥ် အပြီးမှာ ကစားသမားတွေရဲ့ စိတ်ဓါတ် ခံယူချက်နဲ့ပတ်သက်လို့ စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ဒီနေ့တော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဝတ််လဲခန်းထဲက စိတ်မကျေနပ်စရာကောင်းတဲ့ ပြုမူပုံတွေ ရှိနေခဲ့တယ် ဆိုတဲ့ သတင်းတွေကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ် ။ နောဝှစ်ချ် နဲ့ ပွဲတုန်းက တစ်စုံတရာဟာ မှန်ကန် မနေခဲ့ပါဘူး ။ နယူးကာဆယ် နဲ့ ပွဲမှာလည်း အတူတူပါပဲ ”

” အဲ့ဒီလို ပွဲစဥ် နှစ်ပွဲ ကစားပြီး ရမှတ် 4 မှတ် စုဆောင်းနိုင်ခဲ့တာက ပျက်ကပ်ဆိုက်ခြင်းတော့ မဟုတ်ရပါဘူး ။ ဒါပေမဲ့ စွမ်းဆောင်ရည်ကတော့ ပြောစရာ ဖြစ်နေခဲ့ရပါတယ် ။ သူတို့ အနေနဲ့ အသင်းရဲ့ ဝန်ထမ်းတွေ မပါတဲ့ အစည််းအဝေး တစ်ခုကို လုပ်သင့်ပြီး ပြသနာတွေကို ဖြေရှင််းသင့် ပါတယ် ”

” အသင်းရဲ့ စွမ်းဆောင်ရည်တွေ မကောင်းမွန်ခဲ့တာက လပေါင်းများစွာ ရှိနေခဲ့ပါပြီ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပွဲစဥ် 2 ပွဲ အတွင်းက သူတို့တွေရဲ့ Body Language ကတော့ တကယ့်ကို စိတ်ပျက်စရာ ဖြစ်နေခဲ့ရ ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar