ချဲလ်ဆီးရဲ့ ရှုံးပွဲအပြီး အသင်းဟောင်း ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကတော့ မနေ့ညက ချဲလ်ဆီး အသင်းကို လန်ဒန်ကွင်းထဲမှာ အနိုင် ကစားသွားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ အသင်းကြီးတွေကို သတိပေး ခေါင်းလောင်းထိုးနေပြီလို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မနေ့ညက ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ ကစားခဲ့ကြတဲ့ လန်ဒန် ဒါဘီ ပွဲစဉ်မှာ အိမ်ရှင်တို့ဟာ သီယာဂို ဆေးလ်ဗား ၊ မေဆွန်မောင့် တို့ရဲ့ ဦးဆောင်မှုတွေကို ခံခဲ့ရပေမဲ့ လန်ဇီနီ ၊ ဘိုဝင် ၊ မာဆွာကူ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ 3 – 2 ဆိုတဲ့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ချဲလ်ဆီး တို့ဟာ အမှတ်လျော့ခဲ့ရပြီး ပြိုင်ဖက် မန်စီးတီး နဲ့ ချဲလ်ဆီး အသင်းတို့ အနိုင်ရလဒ် ကိုယ်စီ ရယူနိုင်ခဲ့ကြတဲ့ အတွက် အမှတ်ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ ချဲလ်ဆီးတို့ အဆင့် 3 နေရာ အထိ ဆင်းပေးခဲ့လိုက်ရပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ခဲ့ရသေးပြီး ဂျက်စီ လင်ဂတ်ရဲ့ နောက်ကျ သွင်းဂိုး ၊ 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရခဲ့ဖူးပါသေးတယ် ။ အဲ့ဒီနောက် ကာရာဘောင် ပြိုင်ပွဲမှာ 1 – 0 နဲ့ ပြန်လည် ရှုံးနိမ့်ခဲ့ကြပါတယ် ။

ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ နောက်ဆုံး မိနစ်မှာ ဝက်စ်ဟမ်း အသင်းမှ မာ့ခ် နိုဘယ်လ်ဟာ ပင်နယ်တီ လွဲချော်သွားခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ကံကောင်းထောက်မစွာ နဲ့ အနိုင် ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်ရှိ အချိန်မှာ ယူနိုက်တက်တို့ဟာ ဝက်စ်ဟမ်း အသင်းအောက် 6 မှတ် အကွာ ရပ်တည်နေခဲ့ရပါပြီ ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က ဝက်စ်ဟမ်း အသင်းဟာ တကယ့်ကို အင်အား တောင့်တင်းတဲ့ အသင်း တစ်သင်း ဖြစ်ကြောင်း ၊ သူတို့ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေရင်တောင် ကွက်လပ်ကို ဖြည့်နိုင်စွမ်း ရှိကြောင်း ၊ ထိပ်သီး လေးသင်း နေရာကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အသင်းဖြစ်နေပြီ ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့လိုက်ပါတယ် ။

” ဒီ ကစားသမား စာရင်းက လက်ရှိ ဘောလုံး ရာသီမှာ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ ပွဲစဉ်မတိုင်ခင်မှာ ခင်ဗျားတို့ ဒဏ်ရာ ပြသနာတွေ အကြောင်းကို ပြောခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ သူတို့ကတော့ အခုလိုပဲ ကိုင်တွယ် ဖြေရှင်း သွားခဲ့ကြပါတယ် ”

” အဲ့တာက ကြီးမားတဲ့ အရာတစ်ခု ပါပဲ ။ အကယ်လို့ အန်တိုနီယို ဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ သွားခဲ့မယ်ဆိုရင်တော့ အဲ့ဒီ နေရာကို အစားထိုးဖို့ သူတို့တော့ အခက်အခဲ ကြုံတွေ့ကောင်း ကြုံတွေ့ သွားကြမှာပါ ။ ဒီနှစ် ပြိုင်ပွဲစုံမှာ သူတို့တွေဟာ အသင်းကြီးတွေကို အနိုင်ယူ နိုင်ခဲ့တာ ခင်ဗျားတို့ မြင်တွေ့ခဲ့မှာပါ ”

” သူတို့တွေဟာ ဒီရာသီ အတွင်း လက်စတာ ၊ ယူနိုက်တက် (ကာရာဘောင်) ၊ မန်စီးတီး (သရေ) ၊ လီဗာပူး ၊ စပါး ၊ ချဲလ်ဆီး အသင်းတွေကို အနိုင်ယူ အမှတ်လျှော့နိုင်ခဲ့ကြပါသေးတယ် ။ သူတို့ အသင်းကြီးတိုင်းကို ခပ်ပြင်းပြင်း ထိုးနှက်ခဲ့ပြီးပါပြီ ။ ဒါကို ဆက်လုပ်နိုင်ဖို့ ကြိုးစားကြမှာပါပဲ ”

” ထိပ်သီး အသင်းပဲ ဖြစ်ဖြစ် ၊ အောက်ခြေ အသင်းပဲ ဖြစ်ဖြစ် ၊ အဟုန် တစ်ခု ရှိနေဖို့ လိုတယ်လို့ ကျွန်တော်ဟာ မကြာခန ပြောခဲ့ဖူးပါတယ် ။ ဝက်စ်ဟမ်း အသင်းဟာ အမှတ်ပေး ဇယား အထက်ပိုင်းနားမှာ ရှိနေပြီး အဟုန် တစ်ခုကို ဆက်လက် ရယူနေခဲ့တဲ့ အသင်းပါ ။ သူတို့ အိမ်ကွင်းမှာ ကစားတဲ့အခါ အသင်းတိုင်းကို ဒုက္ခပေးစွမ်းနိုင်ကြပါတယ် ”

” ဒီကွင်းမှာ အခုလို ခံစားချက်မျိုး မရခဲ့တာတောင် ကြာပါပြီ ။ ဒီကွင်းထဲ ရောက်လာတာနဲ့ ‘ wow ၊ သူတို့တွေဟာ အံ့အားသင့်ဖွယ်တွေကို လုပ်နိုင်စွမ်း ရှိနေကြပြီ ၊ ဒီနှစ်မှာ တစ်ခုခု လုပ်ပြလိမ့်မယ် ‘ ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့ပါပြီ ။ ဒါကို ဒီနေ့မှာ မြင်တွေ့ခဲ့ရပါပြီ ” လို့ ဖာဒီနန် က ချီးကျူး သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar