ချဲလ်ဆီးတို့ တပူပေါ် ၂ ပူဆင့်ချိန်မှာ ပန်းပန်နေဆဲ မန်စီးတီး ၊ ဇန်နဝါရီအတွက် ဆူညံလာတဲ့ အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ မန်စီးတီး ဟာ ဘရိုက်တန် ကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ အဲ့ဒိ အချိန် မှာတော့ ချဲလ်ဆီး ဟာ ဘရိုက်တန် ကို အိမ်ကွင်းမှာ ၁ ဂိုးစီ သရေ ကျခဲ့ တာကြောင့် မန်စီးတီး က ၈ မှတ်အထိ ဖြတ်ကာ ဦးဆောင် သွားနိုင် ခဲ့ပြီး ချန်ပီယံ ဆု အတွက် အလားအလာ ကောင်းသွား စေခဲ့ ပါတယ် ။

ချဲလ်ဆီး ကတော့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ် ဒဏ်ရာကို ခွဲစိတ် ကုသရမယ့် အနေအထားမှာ မနေ့ညကလည်း ညာနောက်ခံလူ ရစ်ဆီ ဂျိမ်းစ် ဒဏ်ရာ ထပ်မံ ရရှိ သွားခဲ့တာ ကြောင့် နှစ်သစ်ကူးမှာ ကစားမယ့် လီဗာပူး နဲ့ ပွဲအတွက် အားလျော့ သွားမယ့် အနေအထား ရှိလာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် ကတော့ သူဟာ ကိုဗစ် ကူးစက်ခံရမှု ကနေ သက်သာစ ပြုလာပြီ ဖြစ်ကြောင်း နဲ့ ကွင်းထဲ ကို အကောင်းဆုံး ပုံစံ နဲ့ ပြန်လာမယ့် အကြောင်းတွေကို ပရိသတ်တွေ ထံ အသိပေး သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ ဆင်မြူရယ် အမ်တီတီ ၊ ဂါဘီ ၊ လန်းလတ် ၊ အဲလ်ဗက်စ် ၊ ဂျော်ဒီ အယ်ဘာ တို့မှာ ကိုဗစ်ပိုးတွေ တွေ့ရှိ ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

အသင်းမှာ ဘက်စကွက် ၊ ဘရိသ်ဝိတ် ၊ အန်ဆုဖာတီ ၊ ပီဒရီ ၊ ဆာဂျီရော်ဘတ်တို ၊ ဒီပိုင်း နဲ့ ဆာဂျင်နို ဒက်စ် တို့ဟာလည်း ဒဏ်ရာတွေ ၊ ပွဲပယ်ပြစ်ဒဏ်တွေ ကျခံ ထားရတာကြောင့် လာမယ့် တနင်္ဂနွေမှာ ကစားမယ့် မာယော့ကာ နဲ့ ပွဲ အတွက် လူအင်အား နည်းပါးတဲ့ အနေအထား နဲ့ ကြုံတွေ့ နေရပြီ ဖြစ် ပါတယ် ။

ရီးရဲမက်ဒရစ် ဟာလည်း ခရစ္စမတ် နားရက်ပေး အပြီး ဆေးပြန်စစ်ချိန် မှာ ဗီနီဆီယပ် ဂျူနီယာ ၊ ကော့တွိုက် ၊ ဖက်ဒရီကို ဗယ်ဗာဒီ နဲ့ အက်ဒွာဒို ကာမာဗင်ဂါ တို့ ၃ ယောက်ဟာ ကိုဗစ်ပိုးတွေ ကူးစက် ခံထားရကြောင်း အသိပေး ထုတ်ပြန် သွားခဲ့ ပါတယ် ။

 

အပြောင်း အရွှေ့ သတင်းတွေ မှာတော့ ဘာစီလိုနာ ဟာ ချဲလ်ဆီး ရဲ့ စပိန် ဝါရင့် နောက်ခံလူ ဆီဇာ အက်ဇ်လီပီကွီတာ ကို ရာသီ အကုန်မှာ ခေါ်ယူ နိုင်ဖို့ အတွက် ကြိုတင် ညှိနှိုင်းမှု အဆင်ပြေ နေပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

ဘာစီလိုနာ နဲ့ ဒမ်ဘီလီ တို့ရဲ့ စာချုပ်သစ် ကိစ္စကတော့ အဆင်မပြေတဲ့ ဘက်ကို ပိုမို အလားအလာ ရှိလာခဲ့တယ်လို့လည်း သိရ ပါတယ် ။

ဘာစီလိုနာ တောင်ပံ ကစားသမား ကော်တင်ဟို ကိုတော့ အာဆင်နယ် ၊ စပါး ၊ အဲဗာတန် နဲ့ နယူးကာဆယ် တို့က စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။

နယူးကာဆယ် ဟာ မန်ယူနိုက်တက် နဲ့ ပွဲမှာ ဒဏ်ရာ ရသွားတဲ့ တိုက်စစ်မှူး ဝီလ်ဆင် ရဲ့ အနေအထားကို စစ်ဆေး နေပြီး ကြာကြာ နားရနိုင်ပါက ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စီစဉ် သွားမယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ ဖရန့်ဖွတ် အသင်း ရဲ့ ၁၇ နှစ် အရွယ် စပိန် တောင်ပံ ကစားသမားလေး ဖာဘီယို ဘလန်ကို ကို ခေါ်ယူဖို့ အတွက် လုပ်ဆောင် နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

စီးရီးအေ ကလပ် နာပိုလီ ကတော့ ခံစစ်မှူးသစ် ရှာဖွေ နေပြီး ဗီလာ မှာ အငှား သွားကစားနေတဲ့ မန်ယူနိုက်တက် နောက်ခံလူ တွမ်ဇီဘီ ကို စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

ရိုးမား အသင်း ကတော့ အာဆင်နယ် လူငယ်လေး မစ်လန်းနိုင်းလ် နဲ့ ဆွေးနွေး ပြောဆို နေဆဲ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဥရောပ ထိပ်သီး ကလပ်တွေ မျက်စိ ကျနေတဲ့ ဒင်းနစ် ဇာကာရီယာ ကတော့ ရာသီ အကုန်မှာ အလွတ် နဲ့ ထွက်ခွာဖို့ စိတ်ကူး ထားပြီး ဖြစ်ကြောင်း လက်ရှိ ကစားနေတဲ့ မိုချန်ဂလာဘတ် အသင်းကို အသိပေးလိုက်တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဂိုးသမားကြီး ဟူဂို လိုရစ် ဟာ စပါး ကနေ ထွက်ခွာ ပြီး ငယ်စဉ် ကတည်းက ကစားလာခဲ့တဲ့ ပြင်သစ် ကလပ် နိုက်စ် အသင်း ကို ပြန်ကာ ဂိုးဖမ်း ဖို့ စိတ်ကူး နေပြီလို့ သိ ပါတယ် ။

လိုရစ် နဲ့ စပါး တို့ရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာပဲ ဖြစ် ပါတယ် ။

ယူဗင်တပ် အသင်းဟာ ဆွီဒင် တောင်ပံ ကစားသမား ကူလူဆက်ဗ် စကီး ကို ဇန်နဝါရီ မှာ ရောင်းထုတ်ဖို့ အစီအစဉ် ရှိနေပြီး စပါး နဲ့ အာဆင်နယ် တို့ ဟာ ပေါင် သန်း ၄၀ ဝန်းကျင် ကုန်ကျ နိုင်တဲ့ ၂၁ နှစ်သား ကို အပြိုင် စိတ်ဝင်စား နေကြတယ်လို့ သိရှိရ ပါတယ် ။

India နိုင်ငံ ဂိုအာ ပြည်နယ် မှာ လူငယ်လေးတွေ အတွက် စိတ်ဓါတ် ခွန်အား ဖြစ်စေဖို့ အတွက် ရည်ရွယ်ပြီး ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ရုပ်တု ကို ပေါင် ၁၂၀၀၀ အကုန်အကျ ခံ ထုလုပ်ပြီး ပြသ ထားရှိ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

နယူးကာဆယ် အသင်းမှာ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနား ခံစစ်မှူး ကိုလိုစီနီ ကတော့ ဘောလုံး သမား ဘ၀ ကနေ အနားယူ လိုက်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR