ချန်ပီယံလိဂ် 16 သင်း ရှုံးထွက်အဆင့် မဲခွဲပွဲအကြောင်း သိကောင်း စရာများ

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မဲခွဲပွဲကို လာမယ့် ဒီဇင်ဘာလ 13 ရက်နေ့ (တနင်္လာ နေ့) ညနေ 5.30 အချိန် ၊ ဆွစ်ဇာလန် နိုင်ငံ နီယွန် မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ရှုံးထွက် အဆင့်ကို တက်ရောက်လာခဲ့တဲ့ အသင်းပေါင်း 15 သင်း အထိ ပေါ်ထွက်ထားပြီးပါပြီ။ အဲဒီ အသင်းတွေကတော့ –

အုပ်စုဗိုလ် အသင်းများ – အေဂျက် ၊ ဘိုင်ယန် ၊ ယူဗင်တပ် ၊ လီဗာပူး ၊ လိုင်လီ ၊ မန်စီးတီး ၊ ယူနိုက်တက် ၊ ရီးရဲ မက်ဒရစ်

 

 

အုပ်စု ဒုတိယ အသင်းများ – အေတီကို ၊ ဘင်ဖီကာ ၊ ချဲဆီး ၊ အင်တာ မီလန် ၊ ပီအက်စ်ဂျီ ၊ ဆဲလ်ဘု ၊ စပို့တင်း ၊ (ဗီလာ ရီးရဲ / အတ္တလန္တာ) အသင်းတွေ ဖြစ်ပါတယ်။

အင်္ဂလန် ကလပ် အများစု ဟာ အုပ်စု ပထမ နေရာမှာ ရယူနိုင်ခဲ့တဲ့ အတွက်ကြောင့် ပီအက်စ်ဂျီ ၊ အင်တာ မီလန် ၊ အေတီကို တို့ဟာ ရှုံးထွက် အဆင့်မှာ သေချာပေါက် နီးပါး ပွဲကျပ် ကစားရဖွယ် ရှိနေပါတယ်။ ဒါကြောင့် အုပ်စု ဒုတိယ ရထားတဲ့ အသင်းအများစု ဟာ လိုင်လီ နဲ့ တွေ့ပါစေပဲ ဆုတောင်းနေကြမှာပါ။

ရှုံးထွက် အဆင့် မဲခွဲပွဲတွေ လုပ်ဆောင်ချိန်မှာ တနိုင်ငံတည်း ကလပ်တွေ ၊ တစ်အုပ်စုတည်း ကစားခဲ့တဲ့ အသင်းတွေ ထိပ်တိုက်တွေ့ဆုံမှာ မဟုတ်ပါဘူး။

ဒီအဆင့်မှာလဲ အိမ်ကွင်း ၊ အဝေးကွင်း ပွဲစဉ်မျိုး ယှဉ်ပြိုင် ကစားမှာ ဖြစ်လို့ အုပ်စု ဒုတိယ နဲ့ တက်လာတဲ့ အသင်းတွေဟာ အိမ်ကွင်းကို အရင် ကစားရမှာ ဖြစ်ကာ ၊ အုပ်စု ပထမတွေက ဒုတိယ အကျော့ကို အိမ်ကွင်းမှာ လက်ခံ ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ရှုံးထွက် အဆင့် ပထမ အကျော့ ပွဲစဉ်တွေ ကို ဖေဖော်ဝါရီ လ 15/16/22/23 ရက် နဲ့ ဒုတိယ အကျော့ကို မတ် လ 8/9/15/16 ရက်တွေမှာ အသီးသီး ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

အုပ်စုကျပ် ကျရောက်နိုင်မယ့် အသင်း တစ်ချို့ ကို ဆွဲထုတ်ရရင် –

အေတီကို နဲ့ တွေ့ဆုံ နိုင်တဲ့ အသင်းများ – အေဂျက် ၊ ဘိုင်ယန် ၊ ယူဗင်တပ် ၊ လိုင်လီ ၊ မန်စီးတီး ၊ ယူနိုက်တက်

ပီအက်စ်ဂျီ နဲ့ တွေ့နိုင်တဲ့ အသင်းများ – အေဂျက် ၊ ဘိုင်ယန် ၊ ယူဗင်တပ် ၊ လီဗာပူး ၊ ယူနိုက်တက် ၊ မန်စီးတီး

အင်တာ မီလန် နဲ့ တွေ့နိုင်တဲ့ အသင်းများ – အေဂျက် ၊ ဘိုင်ယန် ၊ လီဗာပူး ၊ လိုင်လီ ၊ မန်စီးတီး ၊ ယူနိုက်တက်

ချဲဆီး ဟာ မနေ့ညက ကစားခဲ့တဲ့ ဇင်းနစ် နဲ့ ပွဲစဉ်မှာ အုပ်စု ပထမ နေရာရဖို့ အတွက် အားပြု ကစားခဲ့သော်လဲ နောက်ဆုံးမီးနစ် ရောက်မှ ချေပဂိုး ပြန်လည် ခွင့်ပြုလိုက်ရတဲ့ အတွက် ကပ်သီလေး လွဲချော်သွားခဲ့ ပါတယ်။ ဒါကြောင့် သူတို့ အသင်းဟာ အေဂျက် ၊ ဘိုင်ယန် ၊ လိုင်လီ ၊ ရီးရဲ မက်ဒရစ် တို့ လေးသင်း ထဲက တစ်သင်းသင်း နဲ့ သေချာပေါက် ထိပ်တိုက် ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ချန်ပီယံ ချဲဆီး ကလဲ ရှုံးထွက် အဆင့်မှာတင် ပွဲကျပ် သွားနိုင်ပါတယ်။

ယူနိုက်တက် ၊ လီဗာပူး တို့ကတော့ ပီအက်စ်ဂျီ ကိုသာ ရှောင်းရှား နိုင်ခဲ့ရင် သေချာပေါက် ပွဲချောင်ဦးမှာ ဖြစ်ပြီး ၊ မန်စီးတီး အတွက် သူတို့ကို အခက်တွေ့စေနိုင်မယ့် အသင်းက အေတီကို တစ်သင်းသာ ရှိနေပါတယ်။

SPORTS MYANMAR