ချန်ပီယံလိဂ် 16 သင်းအဆင့်ကို တက်ရောက်ဖို့ ဘယ်အသင်းတွေ မျှော်လင့်ချက် ရှိနေဆဲလဲ?

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်တွေ ကို ဒီနေ့ညမှာ  ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ အေဂျက် ၊ ဘိုင်ယန် ၊ လီဗာပူး ၊ မန်စီးတီး နဲ့ ယူနိုက်တက် တို့ဟာ ရှုံးထွက် အဆင့်ကို အုပ်စု ဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပြီး ချဲဆီး ၊ အင်တာ ၊ ဂျူဗီ ၊ ပီအက်စ်ဂျီ ၊ ရီးရဲ မက်ဒရစ် နဲ့ စပို့တင်း အသင်းတွေလဲ တက်ရောက်ထားနိုင်ခဲ့ပါပြီ။

လက်ရှိ အချိန်ထိ နောက်တဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက် ရှိနေဆဲ အသင်းတွေ ကတော့ အေစီ မီလန် ၊ အတ္တလန္တာ ၊ အေတီကို ၊ ဘာစီလိုနာ ၊ ဘင်ဖီကာ ၊ လိုင်လီ ၊ ပေါ်တို ၊ ဆဲလ်ဘု ၊ ဆီဗီလာ ၊ ဗီလာ ရီးရဲ နဲ့ ဝုဖ်ဘတ် အသင်းတွေ ဖြစ်ပါတယ်။

Group A
* မန်စီးတီး ဟာ အုပ်စုဗိုလ် အဖြစ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ သေချာခဲ့ပြီဖြစ်သလို ၊ ပီအက်စ်ဂျီ ကလဲ အုပ်စု ဒုတိယ နဲ့သာ ကျေနပ်ရတော့မှာပါ။

Group B
ပေါ်တို vs အေတီကို
မီလန် vs လီဗာပူး
လီဗာပူး ဟာ အုပ်စု ပွဲစဉ် 5 ပွဲ ကစား ၊ 5 ပွဲ စလုံး အနိုင်ရလာဒ် နဲ့ အုပ်စုဗိုလ် ဖြစ်ထားပြီးပါပြီ။
ပေါ်တို ကတော့ အေတီကို နဲ့ ပွဲစဉ်ကို အနိုင်ရခဲ့ရင် ရှုံးထွက် အဆင့်ကို တက်ရောက်မှာပါ။ အဲဒီလို မှ မဟုတ်ပဲ အေစီ မီလန် က လီဗာပူး ကို အနိုင်မရခဲ့ဘူး ဆိုရင် သရေ ရလာဒ် ကစားပြနိုင်ရုံ နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အေစီ မီလန် အတွက်တော့ ပေါ်တို vs အေတီ ကို ပွဲစဉ်က သရေကျပြီး ၊ သူတို့ က လီဗာပူး ကို အနိုင်ကစားပြနိုင်မှ မျှော်လင့်ချက် ရှိမှာ ဖြစ်ပါတယ်။
အေတီကို ဟာ အဝေးကွင်းမှာ ပေါ်တို ကို အနိုင်ကစားပြမယ် ၊ အေစီ မီလန် ကလဲ လီဗာပူး ကို အနိုင်မရဘူး ဆိုရင်တော့ ရှုံးထွက် အဆင့်ကို တက်ရောက်ခွင့်ရဖို့ မျှော်လင့်ချက် ရှိမှာ ဖြစ်ပါတယ်။

ဒီအုပ်စုမှာ လီဗာပူး ကလွဲရင် 3 သင်း စလုံးက မျှော်လင့်ချက် ကိုယ်စီတော့ ရှိနေကြပါတယ်။

 

Group C
အေဂျက် vs စပို့တင်း
ဒေါ့မွန် vs ဘက်ဆစ်တက်
အေဂျက် က အုပ်စုဗိုလ် သေချာပေါက် ဖြစ်သွားပါပြီ။
စပို့တင်း ကလဲ အုပ်စု ဒုတိယနေရာ ကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီးပြီ ဖြစ်ပါတယ်။

Group D
ရီးရဲ vs အင်တာ
ရှက်တာ vs ရှရိဖ်
ရီးရဲ မက်ဒရစ် ဟာ အင်တာ မီလန် ကို မရှုံးဘူး ဆိုရင်ပဲ အုပ်စုဗိုလ် ဖြစ်မှာပါ။
အင်တာ မီလန် ကတော့ ရီးရဲ မက်ဒရစ် ကို အနိုင် ကစားပြနိုင်မှာ အုပ်စုဗိုလ် အဖြစ် နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

Group E
ဘိုင်ယန် vs ဘာစီလိုနာ
ဘင်ဖီကာ vs ဒီနမိုကိဖ်
ဘိုင်ယန် ဟာ အုပ်စုဗိုလ် ဖြစ်ထားပြီး ပါပြီ။
ဘာစီလိုနာ ကတော့ ဘိုင်ယန် ကို အနိုင်ကစားပြမှ နောက်တစ်ဆင့်ကို တက်ရောက်မှာ ဖြစ်သလို ၊ တဖက်က ဘင်ဖီကာ ကလဲ နိုင်ပွဲ မရမှ မျှော်လင့်ချက် ရှိမှာပါ။
ဘင်ဖီကာ ဟာ သူတို့လဲ နိုင်ပွဲရမယ် ၊ တဖက်မှာ ဘာစီလိုနာ ကလဲ ဘိုင်ယန် ကို အနိုင် မကစားပြနိုင်ဘူး ဆိုရင် နောက်တဆင့်ကို တက်ရောက်ဖို့ အခွင့်အရေး ရှိနေပါတယ်။

Group F
ယူနိုက်တက် vs ယန်းဘွိုင်း
အတ်တလန်တာ vs ဗီလာ ရီးရဲ

ယူနိုက်တက် က အုပ်စုဗိုလ် ပါ။
ဗီလာရီးရဲ ဟာ နောက်ဆုံးပွဲမှာ မရှုံးမှ ရှုံးထွက် အဆင့်ကို တက်မှာပါ။ သူတို့သာ ရှုံးပွဲ ကြုံသွားမယ် ဆိုရင် တတိယ နေရာနဲ့ပဲ ကျေနပ်ရနိုင်ပါတယ်။
အတ္တလန္တာ ကတော့ အိမ်ကွင်းမှာ ဗီလာရီးရဲ ကို အနိုင်ကစားပြတာနဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ တကယ်လို့ သရေ ကျသွားမယ် ဆိုရင် တတိယ နေရာနဲ့ ကျေနပ်ရမှာပါ။

Group G
ဝုဖ်ဘတ် vs လိုင်လီ
ဆဲလ်ဘု vs ဆီဗီလာ
လိုင်လီ ဟာ သရေ ကစားပြနိုင်တာ နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်မှာပါ။ တကယ်လို့ အနိုင်ရလာဒ်ပါ စွမ်းဆောင်ပြမယ် ဆိုရင်တော့ အုပ်စု ပထမ သေချာပေါက် ရမှာ ဖြစ်ပြီး ၊ တဖက်က ဆဲလ်ဘု ဟာလဲ အနိုင် မကစားပြနိုင်ဘူး ဆိုရင် သူတို့ အတွက် သရေ ကစားပြနိုင်တာနဲ့ အုပ်စု ဗိုလ်ဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်။

ဆဲလ်ဘု ဟာ ဆီဗီလာ ကို မရှုံးအောင် ကစားပြနိုင်တာ နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်မှာပါ။ လိုင်လီ က နိုင်ပွဲ မရပဲ ၊ သူတို့က အနိုင် ကစားပြမယ် ဆိုရင်တော့ အုပ်စု ပထမ နေရာကိုတောင် မှန်းလို့ ရနေပါတယ်။

ဆီဗီလာ ကတော့ မဖြစ်မနေ အနိုင်ကစားပြမှ ရှုံးထွက် အဆင့်ကို တက်ပါမယ်။ လိုင်လီ က ရှုံးပြီး သူတို့က အနိုင်ရတယ် ဆိုရင် အုပ်စု ပထမတောင် ဖြစ်နိုင်ပါသေးတယ်။

ထိုနည်းတူစွာ ဝုဖ်ဘတ် ကလဲ အနိုင် ကစားပြတာ နဲ့ ရှုံးထွက် အဆင့်ကို ရောက်ရှိနိုင်မှာပါ။ တဖက်က ဆဲလ်ဘု နဲ့ ဆီဗီလာ ပွဲက သရေကျပြီး ၊ သူတို့ က အနိုင်ရတယ် ဆိုရင် အုပ်စု ပထမ နေရာကို မှန်းလို့ ရပါသေးတယ်။

Group H
ဇင်းနစ် vs ချဲဆီး
ဂျူဗီ vs မာလ်မို

ချဲဆီး ရော ဂျူဗီ ပါ နောက်တဆင့်ကို တက်ရောက်ပြီးပါပြီ။

တကယ်လို့ ချဲဆီးဟာ ဇင်းနစ် ကို အနိုင်ရမယ် ဆိုရင် သေချာပေါက် အုပ်စု ပထမ ဖြစ်မှာပါ။ အဲဒီလိုမှ မဟုတ်ပဲ ဂျူဗီကလဲ နိုင်ပွဲ မရခဲ့ရင် ၊ သရေကျ ရုံနဲ့ အုပ်စုဗိုလ် ဖြစ်ခွင့်ရှိနေပါတယ်။

ဂျူဗီ ကလဲ အိမ်ကွင်းမှာ အနိုင်ရတယ် ၊ ချဲဆီး က နိုင်ပွဲ မရှာဖွေနိုင်ခဲ့ရင် အုပ်စု ပထမ ဖြစ်မှာပါ။ တကယ်လို့ ချဲဆီး က ရှုံးပွဲ ကြုံခဲ့ရင် သရေ ကျတာ နဲ့ အုပ်စု ဗိုလ် ဖြစ်ဖို့ အခွင့်အရေး ရှိနေပါတယ်။

SPORTS MYANMAR