ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပွဲစဉ်များ ထွက်ပေါ်လာပြီးနောက် ချန်ပီယံ ဖြစ်မယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ စူပါကွန်ပျူတာ

ဒီနှစ် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မဲခွဲပွဲဟာ အမှားအယွင်းတွေ ရှိခဲ့တာကြောင့် မဲနှစ်ခါ ပြန်ခွဲ ခဲ့ရပါတယ် ။ ပထမအကြိမ် မဲခွဲမှုမှာ ဗီလာရီးရဲ အသင်းဟာ အုပ်စုတွင်း ပြိုင်ဘက် မန်ယူနိုက်တက် နဲ့ ပြန်တွေ့ နေခဲ့တဲ့(နောက်တစ်ကြိမ်ထပ်နှိုက်မှ မန်စီးတီးနဲ့ ကျတာပါ) အပြင် အက်သလက်တီကို မက်ဒရစ် ရဲ့ ၁၆ သင်း အဆင့် ပြိုင်ဘက် မဲအိုးမှာ မန်ယူနိုက်တက် အစား အုပ်စုတွင်းပြိုင်ဘက် လီဗာဗူး ရောက်နေတဲ့ အမှားအယွင်းတွေ ရှိခဲ့ပါတယ် ။

ဒါကြောင့် အက်သလက်တီကို မက်ဒရစ် အသင်းဟာ မဲပြန်ခွဲပေးဖို့ စောဒက တက်ခဲ့ပြီး ယူအီးအက်ဖ်အေ ကလည်း သူတို့ အမှားအယွင်း ရှိခဲ့ကြောင်း ဝန်ခံကာ ပထမအကြိမ် မဲခွဲ ရလဒ်ကို ပယ်ဖျက် ၊ ဒုတိယ အကြိမ် မဲခွဲပွဲ ပြန်လုပ်ပေး ခဲ့ပါတယ် ။

ဒုတိယအကြိမ် မဲခွဲ ရလဒ် အပြီးမှာတော့ အင်္ဂလန် ကလပ် မန်ချက်စတာစီးတီး အသင်းဟာ ဒီနှစ်မှာ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလားကြီးကို အရယူသွားနိုင်လိမ့်မယ်လို့ စူပါ ကွန်ပျူတာ က ခန့်မှန်း သွားခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ စူပါ ကွန်ပျူတာ ကတော့ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး နဲ့ ချန်ပီယံဆု လုရမယ့် အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်း လို့ ဆိုပါတယ် ။

ဂျာမန် ဘီလူကြီး ဘိုင်ယန်မြူးနစ် အသင်းကတော့ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ရက်ဘူးလ် ဆဲလ်ဘု နဲ့ ကစားသွားရမှာပါ ။ ၁၆ သင်း အဆင့်မှာ လိုင်လီ နဲ့ တွေ့ နေတဲ့ ချဲလ်ဆီး ၊ အင်တာမီလန် နဲ့ တွေ့နေတဲ့ လီဗာပူး အသင်း တို့ဟာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်း နိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာ က ခန့်မှန်း သွားခဲ့ပါတယ် ။

ဒါ့အပြင် စူပါ ကွန်ပျူတာ က မန်ယူနိုက်တက် အသင်းဟာ ၁၆ သင်း အဆင့်မှာ အက်သလက်တီကို မက်ဒရစ်ကို ကျော်ဖြတ် နိုင်မှာ ဖြစ်ပေမယ့် ကွာတားဖိုင်နယ် ထက် ပိုရောက်မှာ မဟုတ်ဘူးလို့ ခန့်မှန်း ခဲ့ပါတယ်။

မိုက်ကယ် အိုဝင် နဲ့ ဖာဒီနန် တို့ရဲ့ခန့်မှန်းချက် ကလည်း စူပါကွန်ပျူတာ ရဲ့ ခန့်မှန်းချက်နဲ ဆင်တူ နေပါတယ် ။ အိုဝင် က ” စပိန် အသင်းတွေကလည်း ဒီနှစ်မှာ ချန်ပီယံဆု ကို တွန်းအားပေးနိုင်ဖို့ မရှိပါဘူး ၊ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ် ၊ ပီအက်စ်ဂျီ အသင်း ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူး ဆိုတာပါ ၊ ကျွန်တော်ကတော့ ဘိုင်ယန်မြူးနစ် သို့မဟုတ် အင်္ဂလန် အသင်းတစ်သင်းပဲ ချန်ပီယံ ဖြစ်ပါလိမ့်မယ် ။ ”

ဖာဒီနန် ကလည်း ” အင်္ဂလန် အသင်း သုံးသင်းကလွဲလို့ ( မန်ယူနိုက်တက်တော့ မပါပါဘူး) တခြား အသင်း ချန်ပီယံ ဖြစ်မယ်လို့ မထင်ပါဘူး ။ ဘိုင်ယန်မြူးနစ် ကလည်း ရနိုင်ပေမယ့် အင်္ဂလန် အသင်း သုံးသင်းက တကယ့်ကို အင်ပြည့်အားပြည့်ပါပဲ ။ ”

” ဒီသုံးသင်းစလုံးမှာ အကောင်းဆုံး မန်နေဂျာတွေ ရှိနေပါတယ် ၊ နောက်ပိုင်း အဆင့်တွေမှာ အသင်းကို စုစုစည်းစည်း ဖြစ်အောင် လုပ်ပေး နိုင်မယ့်သူ လိုအပ်ပါတယ် ၊ အတွေ့အကြုံရင့် အသင်းတွေက ဒီပြိုင်ပွဲကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM