ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ မိုက်ကယ်အိုဝင်ဟာ ဒီကြားရက်မှာ ကစားသွားရမယ့် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ အတွက် ရလဒ်တွေကို ယခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။

၁~RB လိုက်ပ်ဇစ် Vs မန်စီးတီး
မန်စီးတီးဟာ လက်ရှိ အချိန်မှာ ကစားပုံ တအား ကောင်းလျက် ရှိနေပါတယ်။ ဒါ့ကြောင့် ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဂျာမနီကို ယုံကြည်မှု အပြည့်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ် အနေနဲ့ ဘာနာဒိုဆေးလ်ဗားကို ရပ်တန့်နိုင်ဖို့ အကောင်းဆုံး လုပ်ဆောင် သွားရမှာ ဖြစ်ပြီး ပေါ်တူဂီ စတားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း အကောင်းဆုံး ပုံစံ ပြသလျက် ရှိနေပါတယ်။ ကျွန်တော်ကတော့ မန်စီးတီး အနေနဲ့ အိမ်ရှင်ကို သက်တောင့်သက်သာနဲ့ပဲ အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : RB လိုက်ပ်ဇစ် ၁-၃ မန်စီးတီး

၂~အေစီမီလန် Vs လီဗာပူး
အေစီမီလန်ဟာ ပြည်တွင်း ပြိုင်ပွဲမှာ ပုံစံကောင်း ပြသနေခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က နိုင်ပွဲကြောင့် စီးရီးအေရဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် မီလန်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ရန် အခွင့်အရေးကောင်း ရှိနေဆဲ ဖြစ်ပါတယ်။ လီဗာပူးဟာ မီလန်ကို အန်ဖီးမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ပရိတ်သတ်တွေ အတွက် တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။

လီဗာပူးတို့ အမှတ်မလိုအပ်ပေမယ့် ကျွန်တော်ကတော့ ဆန်ဆီယိုမှာ ဒီနှစ်သင်း သရေကျသွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းချက် : အေစီမီလန် ၁-၁ လီဗာပူး

၃~မန်ချက်စတာယူနိုက်တက် vs ယန်းဘွိုင်း

ပြီးခဲ့တဲ့ စနေနေ့က ခရစ်စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်ယူနိုက်တက်ဟာ အကောင်းဆုံး ခြေစွမ်းကိုတော့ မပြသနိုင်ခဲ့ပေမယ့် နည်းပြသစ် ရပ်ဖ်ရန်းနစ် အနေနဲ့ သူ့ရဲ့ ယာယီနည်းပြဘ၀ အစကို အနိုင်ရလဒ်နဲ့ တာထွက် နိုင်ခဲ့တဲ့ အပေါ် ဝမ်းမြောက် နေမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယန်းဘွိုင်းကို ဆွစ်ဇာလန်မှာတုန်းက ရှုံးနိမ့်ထားခဲ့တာ ဖြစ်တာကြောင့် ဒီပွဲကို အနိုင်ရဖို့ အတွက် အားစိုက် ကစားသွားဖို့ ရှိနေပါတယ်။

ကျွန်တော်ကတော့ ယူနိုက်တက်တို့ အိုးထရပ်ဖို့ဒ်မှာ ခြေချော် သွားလိမ့်မယ်လို့ မမြင်မိပါဘူး။ ယူနိုက်တက်တို့ ကပ်ပြီး အနိုင်ရသွားမှာပါ။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၂-၁ ယန်းဘွိုင်း

 

၄~ဇင်းနစ် vs ချဲလ်ဆီး
သောမတ်တူချယ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ အစောပိုင်းက တစ်ဦးချင်း အမှားတွေနဲ့ အတူ ဝက်ဟမ်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ တတိယ နေရာကို လျှောဆင်းသွား ခဲ့ပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲ ၂ ပွဲ ပျောက်ထားခဲ့တာကြောင့် ဒီပွဲကို အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်သွားဖို့ ပစ်မှတ်ထားနေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇင်းနစ်ကို အဝေးကွင်းမှာ သွားရောက် ကစားရမယ့် ပွဲစဉ်ဟာ ချဲလ်ဆီးတို့ အတွက် လွယ်ကူတဲ့ ပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ချဲလ်ဆီးဟာ ဥရောပမှာတော့ ပုံစံကောင်း ရနေပါတယ်။ ဒီပွဲကို အနိုင်ရရှိမယ် ဆိုရင် အုပ်စု ထိပ်ဆုံးနေရာကို ရရှိမှာ ဖြစ်တာကြောင့် ကျွန်တော်ကတော့ ချဲလ်ဆီးတို့ လိုချင်တဲ့ ရလဒ်ကို ရလိမ့်မယ်လို့ အကြိုက်ပေးမိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ဂိုးမပြတ်ပါဘူး။

ခန့်မှန်းချက် : ဇင်းနစ် ဝ-၁ ချဲလ်ဆီး

SM