“ ကျနော်သာ တခြားအသင်းက မန်နေဂျာ တစ်ယောက် ဆိုရင် အိုရီဂီ ကို ခေါ်ယူထားတာ ကြာနေလောက်ပါပြီ” ကလော့ပ်

BBC ရဲ့ ရုပ်သံ တင်ဆက်သူ ဂယ်ရီလိုင်နီကာ က မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုဖ် 0-1 လီဗာပူး ပွဲစဉ် အပြီးမှာ အိုရီဂီ ဟာ သွင်းဂိုးတွေ အများကြီး သွင်းပြ မထားပေမယ့် ၊ သွင်းလိုက်တဲ့ ဂိုးတွေကလဲ အရေးပါလွန်းတဲ့ အဆုံးအဖြတ် ဂိုးတွေချည်းပဲလို့ မှတ်ချက်ပေးကာ ချီးကျူး သွားခဲ့ ပါတယ်။

တကယ်တမ်းမှာလဲ အိုရီဂီ ဟာ အဲဒီလို ပုံစံမျိုးတွေ အကြိမ်ပေါင်း စွမ်းဆောင် ပြထားပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ဆိုရင် ဘာစီလိုနာ အသင်းဘက်ကို အဖွင့်ဂိုးလဲ သွင်းပြခဲ့သလို ၊ အနိုင်ဂိုးကလဲ သွင်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခြောက်ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ အတွက် သူ့ရဲ့ ဂိုး နဲ့ သေချာစေခဲ့သလို ၊ မာဆေး ဆိုဒ် ဒါဘီ ပွဲစဉ်မှာလဲ အလားတူ ပုံစံမျိုးတွေ ခဏခဏ စွမ်းဆောင်ပြခဲ့ ဖူးပါတယ်။

ဒါကြောင့် လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က သူသာ အခြားအသင်းက မန်နေဂျာ တစ်ယောက် ဆိုရင် အိုရီဂီ လို တိုက်စစ်မှုးမျိုးကို ခေါ်ယူထားခဲ့တာ ကြာပြီလို့ ဝုဖ် နဲ့ ပွဲအပြီးမှာ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ကျနော်သာ အခြားအသင်း က မန်နေဂျာ တစ်ယောက် ဆိုရင် အိုရီဂီ ကို ခေါ်ပြီးလောက်ပါပြီ။ ရအောင်လဲ ခေါ်မှာပါ ဘာလို့လဲ ဆိုတော့ သူ့မှာ ပွဲထွက် ကစားခွင့်က အများကြီး ရမထားဘူးလေ။ ဒါပေမယ့် တချိန်တည်းမှာ ဆက်ပြီး ပြောချင်တာ လူတွေ ရဲ့ အမြင်တွေ အပေါ် ကျနော်ဖြင့် လုံး၀ နားမလည်နိုင်ပါဘူး။

လီဗာပူး မှာ ပွဲထွက် ကစားခွင့် မရတာနဲ့တင် အဲဒီ ဘောလုံးသမားဟာ ထိပ်တန်း အဆင့် ကစားသမားမျိုး မဖြစ်နိုင်ဘူးလို့ သူတို့က တွေးထားကြပါတယ်။ ကျနော် ပြောပါမယ် လက်ရှိ လီဗာပူး ဟာ ထိပ်တန်းအဆင့် အသင်းကြီး တစ်သင်းပါ။ ဒီအသင်းရဲ့ ပွဲထွက် ကစားသမား 11 ယောက်နေရာမှာ မပါဝင်ပေမယ့် ၊ 12/13/14 ဦးစားပေး နေရာက ကစားသမားတွေ ကလဲ ထိပ်တန်း အဆင့်တွေချည်းပါပဲ။ အိုရီဂီ ဟာ အဲဒီ အမျိုးအစားထဲမှာ ပါနေပါတယ်။

သူဟာ အသင်းမှာ ဆက်ရှိနေဆဲ ဖြစ်တဲ့ အတွက် ကျနော်ကတော့ ပျော်တယ်ဗျာ။ အခုလို နောက်ကျဂိုးတွေ သွင်းပြဖို့ မျှော်လင့်ထားတာမျိုးတွေ မရှိပေမယ့် ၊ သူ့ အကြောင်း သိနေပြီးသားမို့ လုံး၀ မအံ့သြပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ကလော့ပ် က “ အိုရီဂီ ဟာ ထိပ်တန်း တိုက်စစ်မှုး တစ်ယောက်ပါ။ လီဗာပူး ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာခဲ့ပြီး ၊ ဒီပတ်ဝန်းကျင်မှာ ကျင်လည်လာတာလဲ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကလပ် သမိုင်းထဲက အရေးပါတဲ့ သွင်းဂိုးတစ်ချို့ကိုတောင် သွင်းပြနိုင်ခဲ့ပါတယ်။ သူဟာ အခြေအနေ အားလုံးကို အမြဲတမ်း အကောင်းဘက်ကနေ ရှုမြင်ထားသူ ဖြစ်လို့ ၊ ကျနော် က ကျေနပ်ပြီးသားပါ” လို့ ပြောဆိုသွားခဲ့ ပြန်ပါတယ်။

လီဗာပူး ကစားဖော်တွေဟာ အိုရီဂီ ရဲ့ သွင်းဂိုး အပေါ် အလွန်အကျွံ နဲ့ အောင်ပွဲခံခဲ့ကြပြီး ၊ ပွဲ အပြီးမှာလဲ ဘယ်လ်ဂျီယံ တိုက်စစ်မှုး နဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ချီးကျူးခဲ့ကြပါတယ်။

SPORTS MYANMAR