ကံဆိုးသွားတဲ့ ရောဘတ်ဆန် ၊ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာတဲ့ ပေါ့ဘာ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ကိုဗစ်ကူးစက်မှုကြောင့် ဘောက်ဆင်ဒေးမှာ ကစားမယ့် လီဗာပူး နဲ့ လိဒ် ၊ ဝက်ဖိုဒ့် နဲ့ ဝုဗ် ပွဲစဉ်တွေ ကို ရွှေ့ဆိုင်း လိုက်တယ်လို့ မနေ့က ထုတ်ပြန် ခဲ့ ပါတယ် ။

ဒီလို ပွဲရွှေ့ဆိုင်း လိုက်ရတာကြောင့် လီဗာပူး နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ရဲ့ ပွဲပယ်အပြစ်ဒဏ် ဟာ နှစ်သစ်ကူး နေ့မှာ ကစားမယ့် ချဲလ်ဆီး နဲ့ ပွဲအပေါ် သက်ရောက် သွားခဲ့ပြီး စကော့တလန် နောက်ခံလူ ဟာ အဆိုပါ ပွဲကို လွဲချော် ရတော့မယ်လို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ်တွေ ကတော့ ဒီလို ပွဲရွှေ့ဆိုင်းရမှု များပြား လာတာဟာ ပရိသတ်တွေ မပါဘဲ ကွင်းပိတ် ပွဲတွေ ပြန်ရောက်လာ နိုင်တဲ့ အလားအလာကို ဦးတည်နေတာကြောင့် ဘဏ္ဍာရေး အကြပ်အတည်းတွေ ပြန်လည် ရင်ဆိုင်ရမှာကို စိုးရိမ် နေကြတယ်လို့ သိရ ပါတယ် ။

 

ဒါဘီ နည်းပြ ဝိန်းရွန်းနီ ကတော့ ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေဟာ ကွာရန်တင်းဝင်ရမှု ၊ ပိုးတွေ့ရှိက ပွဲမကစားရမှုတွေကြောင့် ပုံမှန် နေရာ ပျောက်ဆုံးနိုင်ကြောင်း သတိပေး ခဲ့ပြီး အသင်းက ကစားသမား အားလုံးကို ဆေးထိုးစေလိုကြောင်း ပြောဆို သွားခဲ့ပါတယ် ။

လီဗာပူး တောင်ပံ ကစားသမား မိုဟာမက် ဆာလာ ကတော့ အသင်းနဲ့ စာချုပ် သက်တမ်းမတိုးခင်မှာ အသင်းကို တိုက်စစ် အင်အား ထပ်မံ ဖြည့်တင်းဖို့ တောင်းဆို ထားတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

နယူးကာဆယ် ဟာ ဘာစီလိုနာ တောင်ပံ ကစားသမား ဒမ်ဘီလီ နဲ့ သူ့ရဲ့ အေးဂျင့်တု့ိကို လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကတည်းက ချဉ်းကပ် ဆွေးနွေး ခဲ့ပေမယ့် ပြင်သစ်သား ကတော့ ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်းတိုးရေးကို ပထမ ဦးစားပေး ထားတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ က ဖာရန် တောရက်စ် ရဲ့ ဘာစီလိုနာ အပြောင်း အရွှေ့ဟာ ပြီးမြောက်ဖို့ နီးစပ်နေပြီလို့ သူ ကြားထားကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ဒေးဗစ် ဘက်ခမ်း ရဲ့ သားဖြစ်သူ ရိုမီရို ဘက်ခမ်း က သူရဲ့ Idol ဖြစ်သူ နေမာ ဆီက ဂုဏ်ပြု စကားကို ရရှိတဲ့ အတွက် အလွန် ဂုဏ်ယူ ဝမ်းမြောက် မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိုမီရို ဘက်ခမ်း ဟာ ဖခင် ဒေးဗစ် ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းမှာ ပါဝင် ကစားပြီး နာမည်ကျော် အားကစား အမှတ်တံဆိပ် Puma နဲ့ စပွန်ဆာ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့ချိန်မှာ နေမာ က ဂုဏ်ပြု စကားဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

ဒဏ်ရာကြောင့် နားနေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ မနေ့က ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို ရောက်ရှိ လာခဲ့ပြီး သတင်းပို့ ခဲ့တယ်လို့ သိရပါတယ် ။

 

ယူနိုက်တက် ဘက်ကတော့ ပေါ့ဘာ အသင်းကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ပြီးမှသာ ရောင်းထုတ်ဖို့ ကိစ္စ ကို စတင် ဆွေးနွေးမယ်လို့ သိရပါတယ် ။

အင်တာ မီလန် အသင်းဟာ ဘယ်နောက်ခံလူ ဖက်ဒရီကို ဒီမာကို ကို ၂၀၂၆ ခုနှစ် ဇွန်လ အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို နိုင်ခဲ့ပါပြီ ။ ကွင်းလယ်လူ ဘရိုဇိုဗစ် ရဲ့ စာချုပ်သစ် ကိစ္စ အတွက် ကတော့ ဆက်လက် ညှိနှိုင်း ဆွေးနွေး နေကြဆဲ ဖြစ်ပြီး ပါရီဆစ် ကိုလည်း သက်တမ်းတိုးဖို့ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ သူဟာ အသင်းမှာ အားကစား ဒါရိုက်တာ တယောက်ရဲ့ အခန်းကဏ္ဍ ကို ပါဝင် စွက်ဖက်ခြင်း မရှိဘဲ အသင်းသားတွေ ဆီက မှတ်ချက် နဲ့ စကားသံတွေ အားလုံး အပေါ်လည်း လေးလေးစားစား အသိအမှတ်ပြု ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ ရဲ့ အမေရိကန် နောက်ခံလူ ဆာဂျီနို ဒက်စ် ကို ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အိုးထရက်ဖိုဒ့် ကွင်းကို ပရိသတ် ၈ သောင်း အထိ ဝင်ဆံ့အောင် တိုးချဲ့မယ့် အစီအစဉ် စတင်ဖို့ နီးစပ် နေပြီလို့ ကြားသိရ ပါတယ် ။

 

ရီးရဲ အသင်းသားတွေရဲ့ ဆေးစစ်မှုမှာတော့ ကွင်းလယ်လူ မိုဒရစ် ရော နောက်ခံလူ မာဆယ်လိုပါ ကိုဗစ်ပိုးတွေ မတွေ့ရှိရ တော့ဘူးလို့ သိရ ပါတယ် ။ မိုဒရစ် ကတော့ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ ခဲ့တာ ဖြစ်ပြိး မာဆယ်လို ကိုတော့ နောက်တခါ ထပ်မံ စစ်ဆေးပြီးမှ အတည်ပြု နိုင်မယ်လို့ ကြားသိရ ပါတယ် ။

ပြီးခဲ့တဲ့ လ တုန်းက ဆေးရုံတက်ရောက် ကုသ ခဲ့ရတဲ့ ဘရာဇီး ဂန္ထဝင်ကြီး ပီလီ ကတော့ ဆေးရုံကနေ ပြန်ဆင်း နိုင်ခဲ့ပြီလို့ ကြားသိရ ပါတယ် ။

 

ဗုဒ္ဓဟူးနေ့ ညက ကစားခဲ့တဲ့ စပါး နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် အပြီးမှာ ခိုက်ရန် ဖြစ်ပွားတဲ့ ပရိသတ် ၅ ဦး ကို ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ကြောင်း လန်ဒန် ရဲတပ်ဖွဲ့ က ထုတ်ပြန် သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR