ကိုဗစ် နဲ့ လုံးထွေးနေတဲ့ အင်္ဂလန် ၊ ပိုမိုလှုပ်ရှား လာတဲ့ အပြောင်းအရွှေ့အသံတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ကိုဗစ် ကူးစက်မှုတွေ ပြန်လည် များပြား လာတာဟာ အင်္ဂလန် က ဘောလုံး ပြိုင်ပွဲတွေ အပေါ် သက်ရောက်မှုတွေ ရှိလာခဲ့ ပါတယ် ။

ကစားသမား နဲ့ နည်းပြ အများစုဟာ ခရစ္စမတ် ကာလ ကို မကစားဘဲ ပွဲတွေ ရွှေ့ပေးဖို့ ဆန္ဒ ရှိကြပေမယ့် ကလပ် အသင်းတွေ ဘက်ကတော့ ပွဲတွေကို ဆက်ကစားဖို့ မနေ့က ဆုံးဖြတ် ခဲ့ကြပါတယ် ။

ဒါပေမယ့် ကိုဗစ် ကူးစက် နိုင်ချေ ကို လျော့ချဖို့ အတွက် ဒီနှစ် FA Cup ရဲ့ တတိယ နဲ့ စတုတ္ထ အဆင့်တွေ မှာ ( သရေကျခဲ့ပါက ) နောက်တကျော့ ပြန်ကန်မယ့် အစီအစဉ်ကို ဖျက်သိမ်းပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူ စေဖို့ ပြောင်းလဲ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကတော့ ကိုဗစ်ကြောင့် ပွဲရွှေ့ လိုက်ရတဲ့ ရင်းနစ် နဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ပွဲစဉ် ကို ၃-၀ နဲ့ အရှုံးပေးဖို့ UEFA က ဆုံးဖြတ်ခဲ့ ပါတယ် ။

ဒါကြောင့် စပါး ဟာ ယူရိုပါကွန်းဖရန့်လိဂ် အုပ်စု အဆင့်ကနေ အိမ်ပြန် ခဲ့ရပြီး စပါး အသင်းကတော့ ဒီဆုံးဖြတ်ချက် အတွက် အယူခံ ဝင်သွားဖို့ စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

လာဇီယို အသင်း နည်းပြ မော်ရီဇီယို ဆာရီ ဟာ ချဲလ်ဆီး မှာ တုန်းက ကိုင်တွယ် ခဲ့ဖူးတဲ့ ဂိုးသမား ကီပါ အရစ်ဇာဘလာဟာ ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်းထွက် လာခဲ့ ပါတယ် ။

နယူးကာဆယ် အသင်း ကတော့ ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ပြင်ဆင် နေပြီး လိုင်ယွန် တိုက်စစ်မှူး မူဆာ ဒမ်ဘီလီ ကို စာရင်း ပြုစု ထားတယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် နယူးကာဆယ် ဟာ အင်တာ မီလန် တိုက်စစ်မှူး အီဒင် ဒီဇစ်ကို ကိုလည်း စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဘာစီလိုနာ နဲ့ သတင်းထွက် နေတဲ့ တိုက်စစ်မှူး ကာဗာနီ ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆက်ထိန်း ထားဖို့ လုပ်ဆောင် သွားမယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် ဟာ အာဂျင်တီးနား ကလပ် ရေးဗား ပလိတ်မှာ ကစားနေတဲ့ ၂၁ နှစ် အရွယ် တိုက်စစ်မှူးလေး ဟူလီယန် အယ်လ်ဗာရက်စ် ကို ဘိုင်ယန် ၊ အေတီကို ၊ ယူဗင်တပ် တို့နဲ့ အပြိုင် ချိတ်ဆက် နေတယ်လို့လည်း သိရှိရ ပါတယ် ။

ဘာစီလိုနာ ကတော့ တိုက်စစ်မှူး လိုအပ်ချက်ကြောင့် ဇန်နဝါရီမှာ ကာဗာနီ ကို မရနိုင် ပါက အာဆင်နယ် နည်းပြ အာတီတာ နဲ့ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှူး အော်ဘားမီးယန်း ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ကူး နေပြီး အော်ဘားမီးယန်း ရဲ့ တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲ ကိုတော့ လျော့ချ ပေးဖို့ ဆွေးနွေးဖွယ် ရှိနေပါတယ် ။

အာဆင်နယ် ကတော့ ပါတေး ၊ အယ်နေး တို့ကို အာဖရိက ဖလား ပြိုင်ပွဲဆီ စေလွှတ် ရမှာ ဖြစ်တာကြောင့် ဇန်နဝါရီ မှာ ကွင်းလယ်ကို အားဖြည့်ဖို့ စိတ်ကူး နေပြီး ယူဗင်တပ် ကနေ အာသာမယ်လို ၊ ကူလူဆက်ဗ်စကီး နဲ့ အသင်းသားဟောင်း ရမ်ဆေး တို့ကို အငှား နဲ့ ကမ်းလှမ်း သွားဖွယ် ရှိတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူဗင်တပ် ကတော့ တိုက်စစ်ပိုင်း ကို အားဖြည့်ဖို့ စီစဉ် ထားပြီး ဇန်နဝါရီ မှာ PSG တိုက်စစ်မှူး အီကာဒီ ကို အငှား ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

ဒီရာသီမှာ ဘိုဒို ဂလင့် အသင်းနဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် မှာ ခြေစွမ်းတွေပြ ခဲ့တဲ့ ဒိန်းမတ် ကစားသမား ပက်ထရစ် ဘာ့ဂျ် ကို ပြင်သစ် ကလပ် လန်းစ် အသင်း က ၂၀၂၆ ခုနှစ် အထိ စာချုပ် ချုပ်ဆိုကာ ခေါ်ယူ လိုက်ပြီလို့ သိရ ပါတယ် ။

 

ဘာစီလိုနာ ဟာ လူငယ် ကစားသမားလေး ဂါဗီ ကို ၅ နှစ် စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်ပြီး လုပ်ခ လစာ တိုးပေးကာ စာချုပ် ဖျက်သိမ်းကြေးသစ် ( လက်ရှိ ယူရို သန်း ၅၀ ) ကိုပါ ထည့်သွင်း သွားမယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ မန်စီးတီး တောင်ပံ ကစားသမားလေး ဖာရန် တောရက်စ် အတွက် အရှိန်မြှင့် လုပ်ဆောင် နေပြီး ပြောင်းရွှေ့ကြေး ကိစ္စ မှာ စီးတီး နဲ့ ညှိနှိုင်း နေတယ်လို့ သိရ ပါတယ် ။

အကယ်၍ တောရက်စ် ကို အဆင်မပြေ ခဲ့ပါက ဘာစီလိုနာ ဟာ ချဲလ်ဆီး တောင်ပံ ကစားသမား ဇီယက်ချ် ကို ပြောင်းလဲ ချဉ်းကပ်ဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

PSG အသင်းရဲ့ ဒါရိုက်တာ လီယိုနာဒို ကတော့ သူတို့ ဟာ ဇီနဒင် ဇီဒန်း ကိုရော အခြား ဘယ်နည်းပြ ကိုမှပါ ချိတ်ဆက် ထားခြင်း မရှိဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ၁ ပွဲသာ ( ခြေစမ်းပွဲ ) ပါဝင် ကစားခွင့် ရခဲ့ဖူးတဲ့ စတီဗင် ကော်လ်ကာ ဟာ ဆီရီယာ လီယွန် နိုင်ငံသား အဖြစ် ပြောင်းလဲ ခံယူ လိုက်ပြီး မကြာခင် ကျင်းပ တော့မယ့် အာဖရိက ဖလား ပြိုင်ပွဲမှာ ပါဝင် ကစားဖို့ လုပ်ဆောင် နေပြီလို့ ကြားသိရ ပါတယ် ။

ဖီဖာ ဥက္ကဌ အင်ဖန်တီနီု ကတော့ သူ့ရဲ့ ၂ နှစ် တကြိမ် ကမ္ဘာ့ဖလား အစီအစဉ် ဟာ အကောင်အထည် ပေါ်လာ နိုင်တဲ့ စီမံကိန်း တခု ဖြစ်တယ်လို့ ထပ်မံ ပြောဆို သွားခဲ့ ပြန်ပါတယ် ။

 

SPORTS MYANMAR