ကိုဗစ်ပိုဆိုးလာတဲ့ ပရီးမီးယားလိဂ် ၊ ဖျက်သိမ်းရနိုင်တဲ့ အာဖရိကဖလား ၊ နေးရှင်းလိဂ်မှာ အုပ်စုကြပ်တဲ့ အင်္ဂလန် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းမျာ

ယမန်နေ့ ညက ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ လီဗာပူး ဟာ အိမ်ကွင်းမှာ နယူးကာဆယ် ကို ၃-၁ နဲ့ အနိုင် ရရှိပြီး မန်စီးတီး နောက်ကို ထပ်ကြပ်မကွာ လိုက်လံ ဖိအား ပေးနိုင်ခဲ့ ပါတယ် ။

လီဗာပူး အတွက် ဂိုးသွင်းယူခဲ့တဲ့ ဆာလာ ကတော့ ဂျေမီဗာဒီ ရဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲ ဆက်တိုက် ဂိုးပါဝင်ပတ်သက်မှု ( ဂိုးသွင်း သို့ ဖန်တီး ) စံချိန်ကို လိုက်မီ သွားခဲ့ ပါတယ် ။

အဲ့ဒိ အချိန် မှာ ချဲလ်ဆီး ကတော့ အဲဗာတန် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့တာကြောင့် မန်စီးတီး နဲ့ အမှတ် ကွာဟမှု များပြား သွားခဲ့ရ ပါတယ် ။

ကိုဗစ်ကြောင့် မန်ချက်စတာ ယူနိုက်တက် နဲ့ ဘရိုက်တန် ၊ လက်စတာ နဲ့ စပါး ပွဲတွေ ရွှေ့ဆိုင်းရ အပြီး မှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဟာ ဒီဇင်ဘာ ကာလ ကို အနားပေး ဖို့ လိုလား လာခဲ့ကြတယ်လို့ သိရ ပါတယ် ။

ဒါ့အပြင် ကိုဗစ် ကူးစက်မှုတွေ ပိုမို များပြား လာပါက မကြာခင် ကျင်းပ ဖို့ ရှိနေတဲ့ အာဖရိက ဖလား ပြိုင်ပွဲ ကို ရွှေ့ဆိုင်း နိုင်ချေ ရှိနေတာ ကိုလည်း ပရီးမီးယားလိဂ် ကလပ်တွေက ကြိုတင် တွက်ဆ နေကြပြီလို့ သိရ ပါတယ် ။

ချဲလ်ဆီး နဲ့ လီဗာပူး မှာလည်း ကိုဗစ် ကူးစက်ခံရသူတွေ ရှိနေခဲ့ပြီး လူကာကူ ၊ ဗာနာ ၊ အိုဒွိုင်း ၊ ဘန်ချီဝဲလ် ၊ ဗန်ဒိုက် ၊ ဖာဘင်ဟို နဲ့ ကာတစ်ဂျုံးစ် တို့ ဖြစ်ကြတယ်လို့ အသင်းတွေ က ထုတ်ပြန် ထားခဲ့ ပါတယ် ။

ချဲလ်ဆီး အမျိုးသမီး အသင်း နည်းပြ အမ်မာ ဟေးစ် ကတော့ သူမရဲ့ အသင်းသူတွေဟာ ကိုဗစ်ဘေး အတွက် စိုးရိမ် ထိတ်လန့်မှုတွေ နဲ့ နေ့စဉ် လေ့ကျင့် ကစားနေရတာကြောင့် ပုံမှန်ထက် ပိုပြီး ပင်ပန်း နွမ်းနယ်မှုကို ရင်ဆိုင် နေရတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ကတော့ မိုဒရစ် ၊ မာဆယ်လို တို့ အပြင် ရိုဒရီဂို ၊ အဆန်ဆီရို ၊ အန်ဒရီ လူနင် နဲ့ ဂါရတ် ဘေးလ် တို့မှာ ကိုဗစ်ပိုး တွေ့ရှိ ခဲ့တယ်လို့ ထုတ်ပြန် သွားခဲ့ ပါတယ် ။

လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက် ကလည်း ကိုဗစ် ကူးစက် နိုင်ချေကြောင့် ပွဲတွေ ခေတ္တ ရပ်နားဖို့ ဆန္ဒ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ ကီရန် မက်ကန်နာ ဟာ အသင်းကနေ ထွက်ခွာပြီး အစ်ပ်ဆွစ်ချ်တောင်း အသင်းရဲ့ နည်းပြ အဖြစ် သွားရောက် လုပ်ကိုင် ခဲ့ပြီလို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လူငယ် ဂိုးသမားလေး ဒင်း ဟန်ဒါဆင် ဟာလည်း အင်္ဂလန် အသင်းကြီးမှာ ပါဝင်ခွင့် ရရှိ နိုင်ဖို့ အတွက် ပွဲပိုမို ကစားရမယ့် အသင်း တသင်းကို ဇန်နဝါရီမှာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီလို့ သတင်း ကြားသိရ ပါတယ် ။

နာပိုလီ နောက်ခံလူ မာနိုလက်စ် ဟာ မိခင် နိုင်ငံ ဂရိစ် ပြည်တွင်း ကလပ် အိုလံပီယာကော့စ် အသင်းထံ ယူရို ၂ သန်း နဲ့ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

ယမန်နေ့က ပြုလုပ် ခဲ့တဲ့ တတိယ အကြိမ်မြောက် ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့် မဲခွဲပွဲမှာတော့ အင်္ဂလန် ဟာ ဂျာမနီ ၊ အီတလီ ၊ ဟန်ဂေရီ တို့နဲ့ အတူ အုပ်စုကြပ် ထဲမှာ ကျရောက်ခဲ့ ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကတော့ ဒါဟာ သူတို့ အသင်းအတွက် အကောင်းဆုံး စမ်းသပ်မှု ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

နေးရှင်းလိဂ် League A ရဲ့ အုပ်စု ၄ ခု မဲခွဲရလဒ်တွေကတော့ –

League A, Group 1 – ပြင်သစ် ၊ ဒိန်းမတ် ၊ ခရိုအေးရှား ၊ သြစတြီးယား

League A, Group 2 – စပိန် ၊ ပေါ်တူဂီ ၊ ဆွစ်ဇာလန် ၊ ချက်

League A, Group 3 – အီတလီ ၊ ဂျာမနီ ၊ အင်္ဂလန် ၊ ဟန်ဂေရီ

League A, Group 4 – ဘယ်လ်ဂျီယံ ၊ နယ်သာလန် ၊ ပိုလန် ၊ ဝေးလ် တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR