ကိုဗစ်နှိပ်စက်လာတဲ့ EPL ၊ ပန်းပန်လျက်ပဲ ရီးရဲ ၊ ဖော်မြူလာဝမ်း ရဲ့ ဘုရင်သစ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ က ကျင်းပခဲ့တဲ့ အဘူဒါဘီ ဂရင်းပရီ ပြိုင်ကားမောင်းပွဲမှာ ရက်ဘူး အသင်း ကားမောင်းသမား မက် ဗာစတပ်ပန် ဟာ လူးဝစ် ဟာမီလ်တန် ကို နောက်ဆုံး အပတ် မှာ ကျော်ဖြတ်ပြီး အနိုင် ရရှိကာ အမှတ် အများဆုံး နဲ့ ၂၀၂၁ ရဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့ ပါတယ် ။

မာစီးဒီး အသင်းကတော့ ဗာစတပ်ပန် ရဲ့ ချန်ပီယံ ဖြစ်မှု အပေါ် အယူခံ ဝင်ခဲ့ပေမယ့် ဖော်မြူလာဝမ်း ပြိုင်ကား အဖွဲ့ က ပယ်ချ သွားခဲ့ပြီး ဗာစတပ်ပန် ဟာ သူ့ဘ၀ ရဲ့ ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဆုကို ရရှိ သွားခဲ့ တယ်လို့ သတင်း ရရှိ ပါတယ် ။

 

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ မြို့ခံ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ် ကို ၂ – ၀ နဲ့ အနိုင် ကစားပြီး လာလီဂါ အမှတ်ပေး ဇယား မှာ ဒုတိယ နေရာက အသင်းကို ၈ မှတ် ဖြတ်ပြီး ဆက်လက် ဦးဆောင် နေခဲ့ ပါတယ် ။

ဘာစီလိုနာ ကတော့ အဝေးကွင်းမှာ အိုဆာဆူနာ နဲ့ ၂ ဂိုးစီ သရေကျပြီး အဆင့် ၈ မှာသာ ဆက်လက် ရှိနေခဲ့ ပါတယ် ။

ပြင်သစ် လီဂူး မှာတော့ PSG ဟာ မိုနာကို အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး အမ်ဘာပေ က အသင်းဟောင်း မိုနာကို ဘက်ကို ၂ ဂိုး သွင်းယူခဲ့ ပါတယ် ။

ဒီဂိုးတွေကြောင့် ဘာပေ ဟာ PSG အတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက် သွားခဲ့ပြီး ဒီမှတ်တမ်း ကို အသက်အငယ်ဆုံး ရယူ နိုင်သူ ဖြစ်လာခဲ့ ပါတယ် ။

PSG ဟာ ယမန်နေ့ကပွဲ မှာ ရွှေဘောလုံး ဆုရှင် မက်ဆီ ကို ဂုဏ်ပြု တဲ့ အနေနဲ့ ရွှေရောင် စာလုံးတွေ ရိုက်နှိပ် ထားတဲ့ ဂျာစီ တွေကို ဝတ်ဆင် ကစား သွားခဲ့ ကြပါတယ် ။

အီတလီ စီးရီးအေ မှာတော့ နာပိုလီ တို့ ရှုံးပွဲတွေ့ သွားခဲ့ပြီး အင်တာမီလန် ကတော့ အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင် ကစားကာ အဆင့် ၁ နေရာကို ရယူထားနိုင်ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ အင်တာ ဟာ ရမှတ် ၄၀ ရရှိ ထားပြီး အေစီမီလန် က ၃၉ မှတ်နဲ့ ဒုတိယ နေရာမှာ ရှိနေခဲ့ ပါတယ် ။

ဘရာဇီး ကလပ် ကိုရင်သီယန် နဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ တို့ အကြား ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေဟာ မမှန်ကန် ဘူးလို့ သိရ ပါတယ် ။ ကာဗာနီ ဟာ ဇန်နဝါရီ မှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ အစီအစဉ်လည်း မရှိဘူးလို့ သိရ ပါတယ် ။

ကိုဗစ် ကူးစက်မှုဟာ ပရီးမီးယားလိဂ် ကလပ်တွေ ထံ ရောက်ရှိ လာခဲ့ပါပြီ ။ တော့တင်ဟမ် ဟော့စပါး ၊ လက်စတာ စီးတီး တို့မှာ ကိုဗစ် ပိုးတွေ တွေ့ရှိခဲ့ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ အက်စတွန် ဗီလာ အသင်းတွေ မှာ ကိုဗစ် ကူးစက်မှုတွေ ရှိလာခဲ့ ပြန်ပါတယ် ။

 

ဒါပေမယ့် မနက်ဖြန် မှာ ပြန်လည် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ က ယူနိုက်တက် နဲ့ ဗီလာ တို့ရဲ့ ပွဲစဉ်တွေ ကိုတော့ ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

 

ရီးရဲဘက်တစ် ပရိသတ်တွေ ဟာ မနေ့ညက ကစားမယ့် ဆိုဆီဒက် နဲ့ပွဲမစတင်မီမှာ ကွင်းအတွင်းကို အရုပ်တွေ ပစ်ချ ခဲ့ကြပါတယ် ။ ဒါဟာ ဘက်တစ် ရဲ့ အစဉ်အလာ တခု ဖြစ်ပြီး ကွင်းဝန်ထမ်းတွေဟာ အရုပ်တွေကို လိုက်ကောက်ကာ ကလေးငယ်တွေကို ခရစ္စမတ် လက်ဆောင် အဖြစ် ပြန်လည် ပေးဝေမှာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

ပြင်သစ် ကလပ် မာဆေး မှာ အငှားချ ထားတဲ့ ဝီလ်ယမ် ဆလီဘာ ဟာ သူ့ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး အာဆင်နယ် ကို ပြန်သွားမလား ၊ အခြား အသင်း တသင်းဆီ ရောက်ရှိ မလားဆိုတာ မသိနိုင်သေးဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးရှား ဟာ အိုးထရက်ဖိုဒ့် က ဝန်ထမ်းတွေ အတွက် ခရစ္စမတ် လက်ဆောင်တွေ လှမ်းပို့ ပေးခဲ့တယ်လို့ သိရှိရ ပါတယ် ။

မနေ့ည နှောင်းပိုင်းမှာ ကစားခဲ့တဲ့ ပဲလေ့စ် – အဲဗာတန် ပွဲမှာတော့ အိမ်ရှင် ပဲလေ့စ် က ၃-၁ နဲ့ အနိုင် ရရှိပြီး နောက်ပိုင်းမှာ ခြေစွမ်းပြ နေတဲ့ ကော်နာ ဂယ်လာဟာ က ပဲလေ့စ် အတွက် ၂ ဂိုး သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဒီ ပွဲ အပြီးမှာတော့ အဲဗာတန် နည်းပြ ဘင်နီတက် ရဲ့ အနာဂါတ် ဟာ ပိုမို မှုန်ဝါး လာခဲ့ပြီလို့ သတင်းတွေက ဖော်ပြ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR