ကာဗာနီရဲ့နေရာကို အရံသင့် အစားထိုး ဝင်ရောက်နိုင်မယ့် ကစားသမားအမည်ကို ထုတ်ပြောလိုက်တဲ့ ကမ့်ဘဲလ်

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ကီဗင် ကမ့်ဘဲလ် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ မေဆွန် ဂရင်းဝုဒ် အတွက် နေရာ တစ်ခုကို ရရှိစေနိုင်ဖို့ တိုက်စစ်မှူး ကာဗာနီ ကို ထွက်ခွာခွင့်ပေးလိုက်သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အီဒင်ဆန် ကာဗာနီဟာ လက်ရှိ ဘောလုံး ရာသီ အတွင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာမှု ၊ ဒဏ်ရာပြသနာ ကြုံတွေ့မှုတွေကြောင့် ပွဲကစားခွင့် အကန့်အသတ် ဖြစ်သွားခဲ့ရပါတယ် ။

ကာဗာနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းအတွက် အဖိုးတန်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့သလို ဒီနှစ်ရာသီမှာလည်း အသက်အရွယ်ရနေပြီ ဖြစ်ပေမဲ့ အမြဲလို ဖိအားပေး ကစားထားနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရယူထားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ကီဗင် ကမ့်ဘဲလ်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အသင့်ဝင် ကစားပေးနိုင်မယ့် မေဆွန် ဂရင်းဝုဒ် လို ကစားသမားမျိုး ရှိနေတဲ့အတွက် ကာဗာနီ ကို လက်လွှတ် ဖြစ်ခဲ့ရင်လည်း စိုးရိမ်ရမှာတော့ မဟုတ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မေဆွန် ဂရင်းဝုဒ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ အနက် မားကပ်စ် ရပ်ရှ်ဖို့ရဲ့နောက် ထွန်းတောက်လာနိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ခံနေရပြီး ကမ့်ဘဲလ် ကတော့ သူ့ကို ပွဲကစားခွင့်တွေ အခုထက်ပိုပြီး ရစေချင်နေပါတယ် ။

ဒါ့အပြင် ပွဲထွက်ကစားခွင့်တွေ အကန့်အသတ် ဖြစ်သွားဖို့ ရှိနေတဲ့ ယူနိုက်တက် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီအတွက် ဒါဟာ အသင်း ပြောင်းရွှေ့ဖို့ အကောင်းဆုံး အခွင့်အလမ်း တစ်ခုသာ ဖြစ်ကြောင်း ကမ့်ဘဲလ် က တိုက်တွန်းနှိုးဆော်မှုလည်း ပြုလုပ်သွားခဲ့လိုက် ပါတယ် ။

” ရဲ့လ်ဖ် ရန်းဂနစ် ဟာ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ အနေနဲ့ ဒီရာသီမှာ ပွဲထွက် ကစားခွင့်တွေ သိပ်ရမှာ မဟုတ်ဘူးလို့ ပြောကောင်း ပြောခဲ့မှာပါ ။ အကယ်လို့ အဲ့ဒီလို ကိစ္စမျိုးသာ ရှိနေခဲ့မယ်ဆိုရင် ကာဗာနီ အသင်းမှ ထွက်ခွာမယ်ဆိုတာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်သွားမှာပါ ”

” လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှာ ရော်နယ်ဒို ကပဲ ဦးစားပေး ကစားသမား ဖြစ်နေခဲ့ပါတယ် ။ အဲ့ဒီလို အခိုင်အတန့်မျိုးမှာ သူတို့တွေ ကာဗာနီကို တကယ်ရော လိုအပ်ကြရဲ့လား ? ရန်းဂနစ်က အပြောင်းအလဲ အနည်းငယ်တော့ လုပ်ချင်မှာပါ ”

” ဂရင်းဝုဒ် လို ကစားသမား ပွဲကစားခွင့် သိပ်မရ ဖြစ်နေတာမျိုး ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ် ။ သူမဟုတ်တာ ဘာမှ မလုပ်ခဲ့ဖူးပါဘူး ။ သူဟာ လူစားဝင် ကစားခွင့်သာ များခဲ့ရပါတယ် ။ သူက ကာဗာနီရဲ့ နေရာကို သေချာပေါက် ဖြည့်စွက်ပေးနိုင်မှာပါ ” လို့ ကမ့်ဘဲလ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar