Paul Merson လာပါပြီ . . . ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အတွက် ခန့်မှန်းချက်များ

ဒီတပတ် ပွဲတွေ ကတော့ ကြည့်ချင်စရာတွေ များလှ ပါတယ် ။

မန်ချက်စတာ ဒါဘီ ၊ စပါး နည်းပြသစ် ကွန်တီ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် အဖွင့်က အဲဗာတန် နဲ့ ၊ ခြေစွမ်းတွေ တောက်လျောက် ပြနေတဲ့ ဒေးဗစ် မိုရက်စ် ရဲ့ ဝက်စ်ဟမ်း က လီဗာပူး နဲ့ စတဲ့ ပွဲတွေဟာ ပရိသတ်တွေ ရဲ့ စနေ ၊ တနင်္ဂနွေ ညချမ်းကို ကုန်ဆုံး စေမှာပါ ။

ဒါပြီးရင် နိုင်ငံ တကာ ပွဲစဉ်တွေ ပြန်ရောက် လာကြမှာ ဖြစ်လို့ ၂ ပတ်လောက် အဆက်ပြတ် ကြရဦးမှာပါ ။

ဘယ်သူတွေ က နိုင်ငံတကာပွဲမတိုင်ခင် ရက်သတ္တပတ် ကို အကောင်းဆုံး ပိတ်သိမ်း နိုင်မလဲ ဆိုတာ ကြည့်လိုက် ကြရအောင်ဗျာ . . .

၁ ။ မန်ချက်စတာ ယူနိုက်တက် – မန်ချက်စတာ စီးတီး

ဒီပွဲကို မန်ချက်စတာ ယူနိုက်တက် တို့ အနိုင်ရသွားမယ့် အကြောင်းအရင်း ကျွန်တော် မမြင်မိ ပါဘူး ။

အထူးသဖြင့် စီးတီး လို မြန်နှုန်းမြင့် ကစားကွက် ရှိတဲ့ အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရပြီ ဆိုရင် ယူနိုက်တက် ခံစစ်က အတော်လေးကို ဖရိုဖရဲ ဆန်လှပါတယ် ။

စီးတီး ဘက်ကလည်း ကာဗာနီ နဲ့ ရိုနယ်ဒို တို့ကို ခက်ခက် ခဲခဲ ထိန်းချုပ် ရမှာပါ ။

ယူနိုက်တက် မှာ ပြဿနာ ဖြစ်နေတာက ရိုနယ်ဒို ဂိုးမသွင်း နိုင်ရင် အခြေအနေ မကောင်း နိုင်တာ ပါပဲ ။ ရိုနယ်ဒို ကလည်း ပွဲတိုင်း ၂ ဂိုး ၃ ဂိုး မသွင်းပေး နိုင်ပါဘူး ။ ခုပွဲမှာလည်း သူ့ဆီက ၁ ဂိုးထက် ပိုရဖို့ ခက်ပါတယ် ။

ဒါကြောင့် အခြား ကစားသမားတွေ ဂိုးသွင်း နိုင်မှသာ ယူနိုက်တက် တို့ မျက်နှာပန်း လှမှာပါ ။

စီးတီး ဘက်မှာတော့ ဂိုးသွင်း နိုင်သူတွေ ပေါပါတယ် ။ ဂိုးစောစော ရသွားမယ် ဆိုရင် အခြေအနေ ကောင်းမှာပါ ။

လာပေါ့တ် မကစားနိုင် ပေမယ့် စတုန်း နဲ့ ဒီယာ့စ် အတွဲက ရိုနယ်ဒို နဲ့ ကာဗာနီ တို့ကို ထိန်းချုပ် နိုင်မှာပါ ။ ကွင်းလယ်လည်း စီးတီးပဲ သာနိုင်ပါတယ် ။ ဒါကြောင့် ခြုံပြောရရင် မန်စီးတီး နိုင်မယ့် ပွဲမျိုးပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ မန်ယူနိုက်တက် ၀ – ၂ မန်စီးတီး ဖြစ်ပါတယ် ။

၂ ။ ချဲလ်ဆီး – ဘန်လေ

မန်ချက်စတာ ၂ သင်း တွေ့တယ် ၊ လီဗာပူး က ဝက်စ်ဟမ်း ရဲ့ အိမ်ကွင်းကို သွားကစားရမယ် ၊ ချဲလ်ဆီး အတွက် အမှတ်ပြည့် ရယူဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ပါပဲ ။

ဘန်လေ ဟာ သူတို့ အိမ်ကွင်းမှာ မာကျောပေမယ့် အဝေးကွင်း ခြေကတော့ သိပ်မကောင်းလှ ပါဘူး ။

ဒီပွဲမှာ ဧည့်သည် အသင်းက ခံစစ်ကိုပဲ အဓိက အားပြု သွားမှာပါ ။

ချဲလ်ဆီး ဘက်မှာတော့ အဓိက တိုက်စစ်မှူးတွေ မပါသေးရင်တောင်မှ နေရာပေါင်းစုံက ဂိုးသွင်း နိုင်သူတွေကြောင့် စိတ်အေးနေရ ပါတယ် ။

အခုပွဲလည်း ဒီလိုပဲ ဖြစ်သွားဦးမှာပါ ။ သေချာပေါက် အနိုင်ယူရမယ့် ပွဲမျိုးကို ချဲလ်ဆီးတို့ အမှားခံ မှာ မဟုတ်ပါဘူး ။

ပေါလ်မာဆင် ကတော့ ချဲလ်ဆီး ၃ – ၀ ဘန်လေ လို့ ခန့်မှန်း ပေးသွားခဲ့ ပါတယ် ။

၃ ။ အဲဗာတန် – တော့တင်ဟမ် ဟော့စပါး

ပွဲကြီး ပွဲကောင်း ပါပဲ ။ အဲဗာတန် ကလည်း ရှေ့အပတ် က ရှုံးနိမ့်မှုကို ဖာထေး နိုင်ဖို့ လိုအပ်နေသလို စပါး ကလည်း နည်းပြသစ် ရဲ့ ပထမဆုံး လိဂ်ပွဲမှာ မျက်နှာလှဖို့ အတွက် အနိုင်လိုချင် နေပါတယ် ။

အန်တိုနီယို ကွန်တီ ဟာ စပါး ကို ပြောင်းလဲပေးနိုင်မယ့် နည်းပြမျိုးပါ ။ ဒါပေမယ့် သူ ရောက်လာတာ တပတ်တောင် မပြည့်သေး ပါဘူး ။ အသင်းသစ် ကို စိတ်ဓါတ် တက်ကြွစေတာ ၊ ကစားကွက် အပြောင်းအလဲ လုပ်ပေးနိုင်တာ က လွဲရင် အများကြီး လုပ်နိုင်ဖို့ မရှိပါဘူး ။

အဲဗာတန် ကတော့ ဖိအားတွေ ဝင်နေပြီး ဒီပွဲကို ထပ်ရှုံးခဲ့ရင် နည်းပြ ဘင်နီတက် တယောက် အကြီးအကျယ် ဝေဖန် ခံရနိုင်ပါတယ် ။

ရှုံးလို့ မဖြစ်တဲ့ အဲဗာတန် ၊ အရှုံးကို မလိုချင်တဲ့ စပါး တို့ကြောင့် သရေ ဆိုတဲ့ ရလဒ်ဟာ အဖြစ်သင့်ဆုံးပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် – အဲဗာတန် ၁ – ၁ စပါး

၄ ။ အာဆင်နယ် – ဝက်ဖိုဒ့်

အာဆင်နယ် တို့ ပရီးမီးယားလိဂ် မှာ အရှိန်နဲ့ ပျံသန်းနေ ပါပြီ ။ သူတို့ ကစားပုံ တကယ်ကောင်းလာ ပါတယ် ။ ဒါပေမယ့် ဝက်ဖိုဒ့် ကိုတော့ သူတို့ သတိထားရ မှာပါ ။ ဗီလာ ၊ လက်စတာ တို့နဲ့ ပွဲတွေမှာ အာဆင်နယ် တို့ မြန်နှုန်းမြင့် ၊ စွမ်းအင်အပြည့် နဲ့ ကစားနိုင်ခဲ့ ပါတယ် ။ ဝက်ဖိုဒ့် ကတော့ အဲဗာတန် ကို တန်ပြန် တိုက်စစ်တွေနဲ့ ဒုက္ခပေး သွားခဲ့တာပါ ။ ဒီ တန်ပြန် တိုက်စစ်တွေကိုသာ ထိန်းချုပ် နိုင်မယ်ဆိုရင် အာဆင်နယ် အတွက် အနိုင်ရဖို့ မခက် နိုင်ပါဘူး ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ အာဆင်နယ် ၃-၁ ဝက်ဖိုဒ့် ပဲ ဖြစ် ပါတယ် ။

၅ ။ ဝက်စ်ဟမ်း – လီဗာပူး

ဝက်စ်ဟမ်း ကို ဒီလို အဆင့်ထိ ရောက်အောင် ဆွဲတင် လာနိုင်တဲ့ အတွက် ဒေးဗစ် မိုရက်စ်ကို ကျွန်တော် ချီးကျုး ရမှာပါ ။

ဒါပေမယ့် ဒီတပွဲတော့ သူတို့ ဘက်မှာ ကျွန်တော် မနေချင်ပါဘူး ။

လီဗာပူး က ချန်ပီယံလိဂ် မှာ ရာနှုန်းပြည့် အနိုင်ယူပြီး နောက်တဆင့် တက်သွားပါပြီ ၊ ဒါကြောင့် ဥရောပ ဘက်ကို တွေးပူစရာ မလိုတော့ ပါဘူး ။

ဒီပွဲမှာ လီဗာပူးသာ ခြေတွေ့မယ် ဆိုရင် ဝက်စ်ဟမ်း တို့ ယှဉ် ကစားနိုင်ဖို့ ခက်မှာပါ ။

ဝက်စ်ဟမ်း အရမ်း ကောင်းလာပြီး သိသိ သာသာ တိုးတက် လာပါတယ် ။ ဒါပေမယ့် လီဗာပူး လို အသင်းမျိုးကို ယှဉ်နိုင်တဲ့ အထိတော့ မဟုတ်သေးပါဘူး ။ ချဲလ်ဆီး က အမှတ်ပြည့် ရဖို့ ကျိန်းသေတဲ့ ရက်သတ္တပတ်မျိုးမှာ လီဗာပူး ကလည်း အမှတ်ထပ် အပြတ်ခံ မှာမဟုတ်တာကြောင့် ဒီပွဲကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစား သွားမှာပါ ။

ပေါလ် မာဆင် ကတော့ ဝက်စ်ဟမ်း ၁-၂ လီဗာပူး လို့ ခန့်မှန်း ပေးသွားခဲ့ ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ခရစ္စတယ်ပဲလေ့စ် ၃-၁ ဝုဗ်

 

၇ ။ ဘရန့်ဖိုဒ့် ၂-၀ နောဝှစ်ချ် စီးတီး

 

၈ ။ ဘရိုက်တန် ၃-၀ နယူးကာဆယ်

 

၉ ။ လိဒ် ယူနိုက်တက် ၂ – ၂ လက်စတာ စီးတီး

 

SPORTS MYANMAR