Nuno-124 နဲ့ ပရီးမီးယားလိဂ် သမိုင်းတလျောက် သက်တမ်းအတိုဆုံး နည်းပြများ

 

အမှတ်ပေး ပြိုင်ပွဲရဲ့ တလတာ အကောင်းဆုံး နည်းပြဆု ကို ရအပြီး ၃ လ အကြာမှာ အထုတ်ခံရတဲ့ နည်းပြမျိုး ကို မြင်ဖူးကြလား ၊ ဟုတ်ကဲ့ . . . ဒါမျိုး အရင်က မရှိခဲ့ဖူးပေမယ့် အခု ရှိလာပါပြီ ။ သူကတော့ နူနို ဆန်းတိုစ့် ပါပဲ ။

ဝုဗာဟမ်တန် နေ လန်ဒန် ကို ပြောင်းရွှေ့ လာပြီး တော့တင်ဟမ် ဟော့စပါး ကို ကိုင်တွယ် ခဲ့တဲ့ ပေါ်တူဂီသားကြီး နူနို ဆန်းတိုစ့် ဟာ မနေ့က နံနက်ပိုင်း မှာတော့ စပါး အသင်းရဲ့ နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံခဲ့ရပြီ ဖြစ်ပါတယ် ။

နူနို ဟာ စပါး ကို ၁၀ ပွဲ ၊ အချိန်ကာလ အားဖြင့် ၁၂၄ ရက်သာ ကိုင်တွယ်ခွင့် ရခဲ့ပါတယ် ။ စတင် စာချုပ်တဲ့ အချိန်ကနေ စပြီး ရေတွက်ရင်တော့

ရာသီ အစမှာ နိုင်ပွဲတွေ ဆက်ပြီး တလတာ အကောင်းဆုံး နည်းပြဆုကို ရတဲ့အထိ အဆင်ချောခဲ့ ပေမယ့် နောက်ပိုင်းမှာတော့ ရလဒ်တွေ ဆက်တိုက် ဆိုးရွား လာခဲ့ကာ နောက်ဆုံးမှာတော့ ထုတ်ပယ်ခံ ရတဲ့ ဇာတ်သိမ်းခန်း ကို ရောက်ရှိ လာခဲ့ ပါတော့တယ် ။

ဒီလိုမျိုး စပါး နဲ့ ခပ်မြန်မြန် ဇာတ်သိမ်း ခဲ့ပေမယ့် နူနို ဆန်းတိုစ့် ရဲ့ ထုတ်ခံရမှု ဟာ မှတ်ကျောက်တင် ခံရလောက်အောင် ဆိုးရွား မနေခဲ့ပါဘူး ။

ဘာကြောင့်လည်း ဆိုတော့ ပရီးမီးယားလိဂ် သမိုင်းမှာ ပေါ်တူဂီသားကြီးထက် ပိုပြီး သက်တမ်းတိုတဲ့ နည်းပြ ၁၀ ယောက် ရှိနှင့်ပြီး ဖြစ်နေလို့ ပါပဲ ။

အဲ့ဒိ လူတွေ ကတော့ . . .

၁၀ ။ စတိဗ် ဝစ်ဂ်လီ ( ဆောက်သမ်တန် ) – ၁၀၇ ရက်

၈ ။ ကလော်ဒီယို ရာနီရေးနီ ( ဖူလ်ဟမ် ) – ၁၀၆ ရက်

၈ ။ တိုနီ အဒမ် ( ပိုစ့်မောက်သ် ) – ၁၀၆ ရက်

၇ ။ ကိုလင်း တုတ်ဒ် ( ဒါဘီကောင်တီ ) – ၉၈ ရက်

၅။ တယ်ရီ ကော်နာ ( ဝုဗ် ) – ၉၁ ရက်

၅ ။ ကွီကေး ဆန်ချက် ဖလော်ရက်စ် ( ဝက်ဖိုဒ့် ) – ၉၁ ရက်

၄ ။ ဘော့ ဘရက်ဒလေ ( ဆွမ်းဆိ စီးတီး ) – ၈၄ ရက်

၃ ။ ဖရန့် ဒီဘိုးဝါး ( ခရစ္စတယ် ပဲလေ့စ် ) – ၇၇ ရက်

၂ ။ ရိန်း မြူလန်စတင်း ( ဖူလ်ဟမ် ) – ၇၅ ရက်

၁ ။ လက်စ် ရိဒ် ( ချာတန် အက်သလစ် ) – ၄၁ ရက်

ဒီလို ကာလတို ထုတ်ပယ်ခံရတာဟာ ဒီနည်းပြတွေ ရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ ချည်းလို့ ပြောလို့တော့ မရနိုင်ခဲ့ ပါဘူး ။

ရာနီရေးနီ ဟာ ဖူလ်ဟမ် ကနေ ၁၀၆ ရက်နဲ့ ထုတ်ပယ် မခံရခင် ၂ နှစ် တုန်းက လက်စတာ စီးတီး နဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူထားခဲ့သူပါ ။

နူှနို ဆန်းတိုစ့် ဆိုရင်လည်း ဝုဗ် ကို ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်း အသင်းတသင်း ဖြစ်လာအောင် ၊ ဥရောပ ဝင်ခွင့်ရအောင်ထိ စွမ်းဆောင်ပေး နိုင်ခဲ့ဖူးပါတယ် ။

အားလုံးထဲက အထူးဆန်းဆုံး ကတော့ ၄၁ ရက်တည်းနဲ့ အထုတ်ခံ ခဲ့ရတဲ့ လက်စ် ရိဒ် ဟာ “The Official FA Guide to Basic Team Coaching” ဆိုတဲ့ နည်းပြတယောက် ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်နေတာပါပဲ ။

 

SPORTS MYANMAR