#Breaking_News: အကောင်းဆုံးဆုတွေ အားလုံး ကို တယောက်ထဲ အကုန် သိမ်းပိုက်သွားတဲ့ မို ဆာလာ

လီဗာပူး အသင်းရဲ့ တိုက်စစ် ကစားသမားကြီး မို ဆာလာ ဟာ အောက်တိုဘာလ အတွက် ချီးမြင့်တဲ့ တဦးချင်း အကောင်းဆုံးဆုတွေ အားလုံးကို တဦးတည်း သိမ်းပိုက်သွားခဲ့ ပါတယ်။

PFA ကနေ ချီးမြင့်တဲ့ အောက်တိုဘာလ အတွက် အကောင်းဆုံး ကစားသမား ဆု မနေ့ကပဲ ဆွတ်ခူူးထားခဲ့ပြီး ၊ ဒီညနေပိုင်း မှာတော့ ပရီးမီးယားလိဂ် ကနေ ချီးမြှင့်တဲ့ တလတာ အကောင်းဆုံး ကစားသမားဆု ဆု နဲ့ တလတာ အကောင်းဆုံး သွင်းဂိုး ဆုတွေကို ထပ်မံ သိမ်းပိုက်သွားခဲ့ ပါတယ်။

သူဟာ PFA ကနေ ပေးအပ်တဲ့ တလတာ အကောင်းဆုံး ကစားသမားဆု ကို 2 လ ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ နဲ့ အောက်တိုဘာလ တွေမှာ အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

EA Sports ကနေ စပွန်ဆာ ပေးထားတဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆု ကိုတော့ မန်စီးတီး လူငယ် ကစားသမား ဖိုဒန် ၊ အာဆင်နယ် ဂိုးသမား ရမ်းစ်ဒေးလ် ၊ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ် တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အကောင်းဆုံး သွင်းဂိုး ဆု အတွက် ဆန်ကာတင် စာရင်းမှာတော့ ဆာလာ ရဲ့ ဝက်ဖို့ဒ် အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးနဲ့ မန်စီးတီး အသင်းဘက်ကို သွင်းယူခဲ့တဲ့ Solo Goal 2 ဂိုး စလုံး ပါဝင်ခဲ့ပြီး ၊ မန်စီးတီး ဘက်ကို သွင်းခဲ့တဲ့ ဂိုး နဲ့ အကောင်းဆုံးဆု ဆွတ်ခူး ခဲ့တာ ဖြစ်ပါတယ်။

ဆာလာ ဟာ အောက်တိုဘာလ အတွင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာ စုစုပေါင်း သွင်းဂိုး 5 ဂိုး အထိ သွင်းယူခဲ့ပြီး ၊ ဟတ်ထရစ် တကြိမ် ပါဝင်ခဲ့ကာ ၊ ဂိုးဖန်တီးမှု 4 ကြိမ်လဲ လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ သူ့ရဲ့ အဲဒီ စွမ်းဆောင်ရည်ဟာ ပြိုင်ဘက် ကစားသမားတွေ အားလုံး အဆပေါင်းများစွာ သာလွန်နေတာကြောင့် အခုလို အကောင်းဆုံးဆုတွေကို တစ်ဦးတည်း သိမ်းပိုက် ပြသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကနေ ချီးမြှင့်တဲ့ တလတာ အကောင်းဆုံး ကစားသမားဆု နဲ့ အကောင်းဆုံး သွင်းဂိုးဆု ကို တပြိုင်နက် ဆွတ်ခူးခဲ့တဲ့ ကစားသမား က 2021 ခုနှစ် ဧပြီလ အတွင်းမှာ ဝက်စ်ဟမ်း အသင်းဆီ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ ဂျက်ဆီ လင်ဂတ် ဖြစ်ပါတယ်။ မို ဆာလာ ကတော့ လင်ဂတ် နောက်ပိုင်း ပထမဆုံး အကြိမ် တပြိုင်နက် ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ်။

ပရီးမီးယားလိဂ် တလတာ ကာလ အတွင်း ဂိုးဖန်တီးမှု + သွင်းဂိုး အရေအတွက် 9 ကြိမ် နဲ့ နဲ့ အထက် စွမ်းဆောင်ပြခဲ့တဲ့တဲ့ ကစားသမားဆိုလို့ တစ်ကြိမ်သာ ထွက်ပေါ်ခဲ့ဖူးပြီး ၊ အဲဒီ ကစားသမား ကလဲ မို ဆာလာ ကိုယ်တိုင်ပဲ ဖြစ်ကာ 2018 ခုနှစ် ဒီဇင်ဘာ လ အတွင်းမှာ 10 ကြိမ် အထိ စွမ်းဆောင်ပြခဲ့ ပါတယ်။

ဆာလာ ရဲ့ အောက်တိုဘာလ စွမ်းဆောင်ရည် မှတ်တမ်း

vs မန်စီးတီး (1 ဂိုး ၊ ဂိုးဖန်တီးမှု 1 ကြိမ်)
vs ဝက်ဖို့ဒ် (1 ဂိုး ၊ ဂိုးဖန်တီးမှု 1 ကြိမ်)
vs ယူနိုက်တက် (3 ဂိုး ၊ ဂိုးဖန်တီးမှု 1 ကြိမ်)
vs ဘရိုတ်တန် (ဂိုးဖန်တီးမှု 1 ကြိမ်)

SM