၂၀၂၁ ခုနှစ် ရဲ့ ရွှေဘောလုံး ဆုပေးပွဲကြီး ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။
မနှစ် က ကိုဗစ် ကပ်ဘေးဆိုးကြောင့် မကျင်းပ ဖြစ်ခဲ့တဲ့ ဒီဆုပေးပွဲကြီးဟာ ဒီနှစ် မှာတော့ ပရိသတ်တွေ ၊ တက်ရောက်သူတွေ နဲ့ စည်စည်ကားကား ရှိခဲ့ကြ ပါတယ် ။
အဆုံးသတ် မှာတော့ လီယွန်နယ် မက်ဆီ က အောင်ပွဲ ခံသွားခဲ့ပြီး သူ့ အတွက် နံပါတ် ၇ ခုမြောက် ရွှေဘောလုံး ကို ရရှိ သွားခဲ့ ပါတယ် ။
စနေ တနင်္ဂနွေ တုန်းက အင်္ဂလန် မှာ နှင်းတွေ ထူထူ ထဲထဲ ကျနေတာကြောင့် ဘန်လေ – စပါး ပွဲ ပျက်ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ် ။ မန်ချက်စတာ မှာလည်း နှင်း အတော် ထူခဲ့တာပါ ။
ဒါပေမယ့် ပြင်သစ် မှာတော့ ရာသီဥတု က အဆင်ပြေနေ ပုံပါပဲ ။
ပဲရစ် မှာ ကျင်းပခဲ့တဲ့ ဒီ ဆုပေးပွဲ ဟာ ကောဇောနီ လျောက်လမ်းတွေ ၊ ဖက်ရှင် ကျတဲ့ ဝတ်စားဆင်ယင်မှုတွေ နဲ့ လှပတဲ့ ပါတီ ညချမ်း တခု ဖြစ်ခဲ့ ပါတယ် ။
ဆုပေးပွဲ ကို ကမကထ လုပ်တဲ့ L’Equipe ဟာ ဒီနှစ်မှာတော့ အရင်ကထက် ပိုပြီး ထူးခြားအောင် တင်ဆက် နိုင်ဖို့ ပြင်ဆင် ထားခဲ့ ပါတယ် ။
ရွှေဘောလုံးဆု အတွက် စကာတင် ၃၀ ထဲက ပထမ အယောက် ၂၀ ကို အွန်လိုင်း ကနေ စတင် ကြေညာချိန် အထိ အခမ်းအနား ကျင်းပရာကို ပရိသတ်တွေ ၊ ကစားသမားတွေ နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တဖွဲဖွဲ ရောက်လာ နေကြတုန်း ပါပဲ ။
အထူး ဧည့်သည်တော်တွေ လည်းပါခဲ့ ပါတယ် ။
Spider-Man မင်းသားလေး Tom Holland နဲ့ မင်းသမီး Zendaya တို့ ပါပဲ ။
ရွှေဘောလုံး ၂ ဆု ( အမျိုးသားဆု နဲ့ အမျိုးသမီးဆု ) တွေကို L’Equipe ရုံးချုပ် ကနေ ဆုပေးပွဲ အခမ်းအနား ရှိရာကို ပြိုင်ကားထဲ ထည့်ကာ မောင်းနှင် စေခဲ့ပြီး ဒါကိုလည်း ထုတ်လွှင့် ပြသခဲ့ ပါတယ် ။
ပြိုင်ကားမောင်းပေး ခဲ့သူတွေ ကတော့ Alpine F1 အသင်းက နာမည်ကျော် ပြိုင်ကားမောင်း သမားတွေ ဖြစ်ကြတဲ့ ဖာနန်ဒို အလွန်ဆို နဲ့ အက်စတီဘန် အိုကွန် တို့ပဲ ဖြစ်ကြပါတယ် ။
ဆုပေးပွဲ စင်မြင့်ထက်ကို ရွှေဘောလုံးတွေ ထားအပြီးမှာတော့ သူတို့ ၂ ယောက်ကို အစီအစဉ် တင်ဆက်သူတွေ က သူတို့ အမည်တွေ ပါဝင်တဲ့ လက်ရွေးစင် အသင်း ဂျာစီတွေ ( အလွန်ဆို – စပိန် ၊ အိုကွန် – ပြင်သစ် ) လက်ဆောင်ပေးခဲ့ပြီး ပြင်သစ် အတွက် ဘာပေ ၊ စပိန် အတွက် ပက်ဒရီ တို့က ဂျာစီတွေ ပေါ်မှာ အမှတ်တရ လက်မှတ်တွေ ရေးထိုး ပေးခဲ့ ကြပါတယ် ။
ဒီနှစ် ဆုပေးပွဲ ကိုတော့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းကြီး ဒီဒီယာ ဒရော့ဘာ က အခမ်းအနားမှူး အဖြစ် ပါဝင် တင်ဆက် ပေးသွားခဲ့ ပါတယ် ။
ခရစ္စတီယာနို ရိုနယ်ဒို တယောက် ကတော့ ဒီနှစ် ဆုပေးပွဲ ကိုလည်း မတက်ခဲ့ ပြန်ပါဘူး ။ ဒါပေမယ့် အစီအစဉ် တင်ဆက်သူ မမ ရဲ့ လက်ချက် နဲ့ ရိုနယ်ဒို ရဲ့ ရုပ်ပုံ ( ဒရော့ဘာ နဲ့ အတူ တွဲရိုက် ထားတဲ့ Magazine Cover ပုံ ) ကတော့ ဆုပေးပွဲ ညချမ်း ကို ရောက်ရှိလို့ သွားခဲ့ရ ပါတယ် ။
လီယွန်နယ် မက်ဆီ နဲ့ ရောဘတ် လီဝန်ဒေါ့စကီး တို့ဟာ ဒီနှစ် ရွှေဘောလုံးဆု အတွက် ရေပန်း အစားဆုံးတွေ အဖြစ် ရှိနေကြပါတယ် ။
ဒါပေမယ့် လီဝန်ဒေါ့စကီး ကို ဒီနှစ်မှ အသစ် ထည့်သွင်း လိုက်တဲ့ Best Striker Award ဆိုတဲ့ ဆုကို ပေးအပ်လိုက် ချိန်မှာတော့ မက်ဆီ ဟာ ရွှေဘောလုံးဆု ကို ရတော့မယ် ဆိုတာကို ခံစား မိခဲ့ပါတယ် ။
လီဝန်ဒေါ့စကီး ကတော့ မနှစ်က ထိုက်တန်ချိန်မှာ ဆုမရခဲ့သလို ဒီနှစ် မှာလည်း ရွှေဘောလုံး မဟုတ်တဲ့ ဆုတခု နဲ့ နှစ်သိမ့် ခံလိုက်ရတယ်လို့ ပြောရမှာပါပဲ ။
အသက် ၂၁ နှစ်အောက် လူငယ် ကစားသမားတွေ ထဲက အကောင်းဆုံးကို ရွေးချယ် ပေးအပ်တဲ့ Kopa Trophy ကိုတော့ ဘာစီလိုနာ လူငယ်လေး ပက်ဒရီ က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။
ပက်ဒရီ ဟာ မနှစ်က တရာသီလုံးမှာရော ပြိးခဲ့တဲ့ နွေရာသီမှာပါ ကလပ် နဲ့ နိုင်ငံ ပွဲ အားလုံးနီးပါးကို ပါဝင် ကစားခဲ့ပြီး တနှစ်တာ အတွင်း ပွဲ အများဆုံး ကစားတဲ့ ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။
ပက်ဒရီ ဟာ စပိန် အသင်း နဲ့ ယူရိုပြိုင်ပွဲ ၊ ဥရောပ နေးရှင်းလိဂ်တွေ မှာ ဝင်ကစားပြီး ဆီမီး ဖိုင်နယ် နဲ့ ဒုတိယ နေရာတွေ ကို ရခဲ့သလို စပိန် အိုလံပစ် အသင်းနဲ့ လည်း ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိခဲ့ ပါတယ် ။
ဒါကြောင့် ၂၀၂၁ ခုနှစ် ရဲ့ Golden Boy ဆုကိုလည်း ရရှိ ခဲ့ပြီး Kopa Trophy ကိုတော့ ပက်ဒရီ အတွက် နောက်ထပ် ချီးမြှောက်မှု တခု ဖြစ်စေခဲ့ ပါတယ် ။
တနှစ်တာအကောင်းဆုံး ယူ-၂၁ ဆု အတွက် အဆင့်တွေကတော့ –
၁ ။ ပက်ဒရီ ( Winner ) ( ဘာစီလိုနာ )
၂ ။ ဂျုဒ် ဘယ်လင်ဟမ် ( ဒေါ့မွန် )
၃ ။ ဂျာမဲ မူဆီယာလာ ( ဘိုင်ယန် )
၄ ။ နူနို မန်ဒက်စ် ( PSG )
၅ ။ မေဆင် ဂရင်းဝုဒ် ( မန်ယူနိုက်တက် )
၆ ။ ဘူကာယို ဆာကာ ( အာဆင်နယ် )
၇ ။ ဖလော်ရင် ဝက်ဇ် ( လေဗာကူဆင် )
၈ ။ ဂရာဗင် ဘရက်ချ် ( အိုင်ယက်စ် )
၉ ။ ဂျရမီ ဒိုကူ ( ရင်းနစ် )
၉ ။ ဂျီယို ရေနာ ( ဒေါ့မွန် ) တို့ပဲ ဖြစ်ကြပါတယ် ။
ဘာစီလိုနာ လူငယ်လေး ပက်ဒရီ က တနှစ်တာ အကောင်းဆုံး လူငယ်ဆုကို ရသွားခဲ့သလို ဘာဆာ အမျိုးသမီး အသင်းက အဲလက်ဆီယာ ပူတဲလက်စ် က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။
အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ စပိန်သူလေး ပူတဲလက်စ် ဟာ မနှစ်က ဘောလုံး ရာသီမှာ ဘာဆာ အမျိုးသမီး အသင်း အတွက် ဂိုး ၃၀ ကျော် သွင်းပေး ခဲ့ပြီး ၂၇ ဂိုး ဖန်တီးပေး ထားကာ အောင်ပွဲတွေရဲ့ အဓိက သော့ချက် ဖြစ်ခဲ့ပါတယ် ။
အဲလက်ဆီယာ ပူတဲလက်စ် ဟာ ဒီဆု အတွက် ဘာဆာ အသင်းဖော် ဟာမိုဆို နဲ့ လီကီ မာတင် ၊ အာဆင်နယ် တိုက်စစ်မှူး မီဒီမာ ၊ ချဲလ်ဆီး က ဆမ် ခါး တို့ ကို ကျော်ဖြတ်ပြီး ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။
မနှစ်က ချန်ပီယံလိဂ် ကို ရခဲ့တဲ့ ချဲလ်ဆီး ကတော့ တနှစ်တာ အကောင်းဆုံး ကလပ် အသင်းဆု ကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။
သောမတ်စ် တူချယ် နဲ့ အသင်းသားတွေ ကတော့ ဆုပေးပွဲ ကို မတက်ရောက်ခဲ့ ပေမယ့် ဝတ်စုံပြည့် ဝတ်ဆင်ကာ လန်ဒန် ကနေ Video Call ကတဆင့် ကျေးဇူးတင် စကားတွေ ပြောဆို သွားခဲ့ ပါတယ် ။
ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ရွှေဘောလုံး အားပြိုင်မှုမှာ အဆင့် ၃ နေရာသာ ရရှိခဲ့သလို ချဲလ်ဆီး နဲ့ လက်စွမ်းတွေပြ နေတဲ့ ဂိုးသမား မန်ဒီ ကလည်း ယာရှင်ဆု ( တနှစ်တာ အကောင်းဆုံး ဂိုးသမားဆု ) မှာ အီတလီ နဲ့ PSG ဂိုးသမား ဒွန်နာရမ်မာ ရဲ့ နောက် ၊ ဒုတိယ နေရာသာ ရရှိခဲ့ရ ပါတယ် ။
အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဒွန်နာရမ်မာ ကတော့ ဘူဖွန် ရဲ့ နေရာကို ဆက်ခံဖို့ အဆင်သင့် ဖြစ်နေကြောင်း ဒီဆုကို လက်ခံ ရယူပြီး သက်သေပြ သွားခဲ့ ပါတယ် ။
ဒီညချမ်းရဲ့ အဓိက အစိတ်အပိုင်းလည်းဖြစ် ၊ အားလုံးလည်း စိတ်ဝင်စား နေကြတဲ့ ရွှေဘောလုံးဆုကိုတော့ အားလုံး သိထားပြီးတဲ့ အတိုင်းပဲ လီယွန်နယ် မက်ဆီ က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။
ဒီနှစ် ဆုပေးပွဲ ဟာ အကျိတ်အနယ် အရှိဆုံး ဖြစ်မယ်လို့ တွေးထား ကြပေမယ့် ရမှတ်တွေ ထွက်ပေါ်လာချိန် မှာတော့ ၂၀၂၁ ဟာ ၂၀၁၉ တုန်းကလောက် အမှတ်ကပ်ခြင်း မရှိခဲ့တာကိုလည်း တွေ့မြင်ခဲ့ရ ပါတယ် ။
မက်ဆီ ဟာ ဒုတိယ နေရာက လီဝန်ဒေါ့စကီး ထက် ၃၃ မှတ် အသာ ရပြီး ၇ ခုမြောက် ရွှေဘောလုံးကို ထိုက်တန်စွာ ဆွတ်ခူး ရရှိ သွားခဲ့တာပါ ။
ရွှေဘောလုံး Top Ten ရဲ့ ရမှတ်တွေ ကတော့ –
၁ ။ မက်ဆီ ( Winner ) – ၆၁၃ မှတ်
၂ ။ လီဝန်ဒေါ့စကီး – ၅၈၀ မှတ်
၃ ။ ဂျော်ဂျင်ဟို – ၄၆၀ မှတ်
၄ ။ ဘန်ဇီးမား – ၂၃၉ မှတ်
၅ ။ ကန်တီ – ၁၈၆ မှတ်
၆ ။ ရိုနယ်ဒို – ၁၇၈ မှတ်
၇ ။ မိုဟာမက် ဆာလာ – ၁၂၁ မှတ်
၈ ။ ဒီဘရိုင်းနား – ၇၃ မှတ်
၉ ။ အမ်ဘာပေ – ၅၈ မှတ်
၁၀ ။ ဒွန်နာရမ်မာ – ၃၆ မှတ် တို့ပဲ ဖြစ်ကြပါတယ် ။
မက်ဆီ ဟာ PSG အသင်း သမိုင်းတလျောက် ပထမဆုံးသော ရွှေဘောလုံး ဆုရှင် ဖြစ်လာခဲ့ သလို သူ့ရဲ့ ရွှေဘောလုံး ၇ ခု စံချိန်ဟာလည်း ချိုးဖျက်ဖို့ မဖြစ်နိုင်အောင် ခက်ခဲတဲ့ အရာ တခု ဖြစ်လာစေခဲ့ ပါတယ် ။
ပဲရစ် ကတော့ မက်ဆီ အတွက် ဂုဏ်ယူခဲ့ရပြန် ပါပြီ . . .
SPORTS MYANMAR