48 နာရီ အတွင်း နော့ဝှစ်ချ် နည်းပြ ဖြစ်လာတော့မယ့် ဒင်းန် စမစ်

နော့ဝှစ်ချ် ဟာ မနေ့ညက ပဲ နည်းပြချုပ် ရာထူး အတွက် ဒင်းန် စမစ် ကို တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လိုက်ပါတယ်။

လက်ရှိ အနေအထား အရ လက်စတာ နဲ့ အက်စ်တွန် ဗီလာ အသင်းတွေမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ခရိတ် ရှိတ်စပီးယား က သူ့ရဲ့ လက်ထောက်နည်းပြ အဖြစ် တပါတည်း ပါဝင်လာမယ်လို့ သိရပါတယ်။

ဒင်းန် စမစ် ဟာ လက်ရှိ နော့ဝှစ်ချ် က ပိုင်ဆိုင်ထားတဲ့ အခြေခံ အဆောက်အဦး ပုံစံမျိုးတွေ ကို အသုံးပြုရင်း အသင်းရဲ့ ရလာဒ်ကောင်းတွေ ရယူရာမှာ နာမည်ကောင်း နဲ့ ပိုင်ဆိုင်ထားသူ ဖြစ်တဲ့ အပြင် ၊ ဝါဆော ၊ ဘရန်းဖို့ဒ် အသင်းတွေကို စီမံခန့်ခွဲရင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါကြောင့် နော့ဝှစ်ချ် ဟာ ဖရန့် လမ်းပတ် နောက်ဆုတ်သွားခဲ့ပြီး နောက်ပိုင်း စမစ်ထံ ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

ကလပ် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ နောက် 48 နာရီ အတွင်းမှာ တရားဝင် ခန့်အပ်မှုတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

နော့ဝှစ်ချ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပြီးနောက် နည်းပြ ဒန်နီရယ် ဖာကီ ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ် ။ တကယ်တော့ ဖာကီ ဟာ နော့ဝှစ်ချ် ပရိသတ်တွေ အကြား ပုံရိပ်ကြီးမားသူ ဖြစ်သလို ၊ ချန်ပီယံရှစ် အောင်မြင်မှုတွေလဲ ရယူပေးနိုင်ခဲ့သူပါ။

သို့သော် သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ကျန်တဲ့ အသင်းတွေ နဲ့ ပုခုံးချင်း ယှဉ်ဖို့ လုံလောက်မှု မရှိဘူးလို့ ယူဆလာခဲ့ပြီးနောက် ရာထူးကနေ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။

ဒင်းန် စမစ် အတွက်တော့ ရာသီဝက် အနေအထားမှာ တန်းဆင်းဇုံ အတွင်း ရုန်းကန်နေရတဲ့ အသင်းကို လွှဲပြောင်း ရယူလိုက်ရတာ ဖြစ်လို့ ၊ လမ်းကြောင့်မှန်ပေါ် ပြန်လည် တည့်မတ်နိုင်ဖို့ ရုန်ကန်ရဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေတဲ့ ဘီလီ ဂီလ်မာ ၊ တော့ဒ် ကန့်ဝဲ တု့ိ နှစ်ယောက် စလုံးကို အသင်းကြီးနဲ့ အတူ ပြန်လည်ပူးပေါင်းကာ လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်ထားပြီးပြီ ဖြစ်ပါတယ်။

ဒင်းန် စမစ်ဟာ နော့ဝှစ် နည်းပြဘ၀ ပထမဆုံး ပွဲစဉ် အဖြစ် လာမယ့် စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန် နဲ့ ပွဲကို စတင် တာဝန်ယူဖွယ် ရှိနေပါတယ်။ ဒီပွဲဟာ ဘရန့်ဖိုဒ်ကို အနိုင်ယူပြီး နောက်ပိုင်း ပထဆုံး ပြန်လည် ကစားတဲ့ ပွဲစဉ်မျိုး ဖြစ်လို့ ရလာဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ဖို့ အရမ်းကို အရေးပါနေတဲ့ ပွဲစဉ်မျိုးလဲ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု အနေအထား အရ အဆင့် 20 နဲ့ အဆင့် 15 အကြား အမှတ်ကွာဟချက် က 6 မှတ်သာ ရှိသေးတာ ဖြစ်လို့ ၊ တန်းမဆင်း ရဖို့ ရုန်းကြမယ့် အသင်းတိုင်း အနေနဲ့ မျှော်လင့်ချက်တွေက အများကြီး ကျန်ရှိနေဆဲလို့ မှတ်ချက် ပေးရမှာပါ။

နည်းပြ အပြောင်းအလဲတွေ နဲ့ အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ချန်ပီယံ တိုက်ပွဲအပြင် ၊ တန်းဆင်းဇုံ တိုက်ပွဲတွေ အထိပါ အကြိတ်အနယ် နဲ့ ပြင်းထန်လာဖွယ် ရှိနေပါတယ်။

SM