၂၀၂၁ ခုနှစ် အတွက် ဖီဖာမှ ချီးမြှင့်မယ့် အကောင်းဆုံးဆု ၆ဆုလုံးရဲ့ ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ကြတဲ့ ချဲလ်ဆီး နည်းပြ ၂ဦးနဲ့ ကစားသမားများ

မနေ့ကပဲ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံးဆု ၆ဆု အတွက် ဆန်ခါတင် စာရင်းကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ရာ ၊ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ဆု၆ဆုလုံးမှာ ဆန်ခါတင် ပါဝင်နိုင်ခဲ့တာကို တွေ့ရပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး ဟာ ထိုဆု၆ဆုရဲ့ ဆန်ခါတင် စာရင်းမှာ ၁၀ဦးနဲ့ အယောက်ရေ အများဆုံး ပါဝင် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ် ။

အကောင်းဆုံး အမျိုးသား နည်းပြဆုမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ အခြား နည်းပြ ၆ဦး ဖြစ်တဲ့ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ၊ အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီ ၊ တော့တင်ဟမ် နည်းပြ အန်တိုနီယို ကွန်တီ ၊ အီတလီ လက်ရွေးစင် နည်းပြ ရော်ဘတ်တို မန်ချီနီ ၊ အာဂျင်တီးနား လက်ရွေးစင် နည်းပြ လီယွန်နယ် စကယ်လိုနီ ၊ ဂျာမနီ လက်ရွေးစင် နည်းပြ ဟန်ဆီ ဖလစ်တို့နဲ့ အတူ ဆန်ခါတင် အရွေးခံခဲ့ရပါတယ် ။

အလားတူ အကောင်းဆုံး အမျိုးသား ကစားသမားဆုမှာလည်း ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ ဂျော်ဂျင်ဟို တို့ဟာ အခြား စတား ၉ဦး ဖြစ်ကြတဲ့ ရော်နယ်ဒို ၊ မက်ဆီ ၊ ဆာလာ ၊ အမ်ဘတ်ပေ ၊ နေမာ ၊ ဟာလန်း ၊ ဘန်ဇီမာ ၊ လီဝမ်ဒေါစကီး ၊ ဒီဘရိုင်းတို့နဲ့ အတူ ဆန်ခါတင် ပါဝင်ခဲ့ပြန်ပါတယ် ။

အကောင်းဆုံး အမျိုးသား ဂိုးသမားဆုမှာတော့ ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာ အခြား ဂိုးသမား ၄ဦး ဖြစ်တဲ့ လီဗာပူး ဂိုးသမား အလီဆင် ၊ ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နူရယ် နူအာ ၊ လက်စတာ ဂိုးသမား ကတ်စ်ပါ ရှမိုက်ကယ် ၊ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာတို့နဲ့ အတူ ဆန်ခါတင် စာရင်းဝင်ခဲ့ပြန်ပါတယ် ။

အမျိုးသမီး အကောင်းဆုံးဆုတွေမှာတော့ ချဲလ်ဆီး အမျိုးသမီး အသင်း နည်းပြ အမ်မာဟေးစ် ၊ ဂိုးသမား အန်ကတ်တရင် ဘာဂါ ၊ နောက်ခံလူ မဂ်ဒယ်လန်နာ အဲရစ်ဆင် ၊ ကွင်းလယ်လူ ဂျီဆိုယွန်း ၊ တိုက်စစ်မှူး ဆမ်ကား ၊ ပင်နီလာ ဟာဒါ တို့ အသီးသီး ဆန်ခါတင် ရွေးချယ်ခံခဲ့ရပါတယ် ။

ဖီဖာ ဟာ ၂၀၂၁ ခုနှစ် အတွက် အကောင်းဆုံး ဆု၆ဆုလုံးကို လာမယ့် ဇန်နဝါရီ ၁၇ရက်နေ့မှာ အွန်လိုင်း ဆုပေးပွဲ ပုံစံမျိုး ကျင်းပကာ တရားဝင် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ် ။ ယင်းဆု ၆ဆု အတွက် ဆန်ခါတင်စာရင်း အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ။

ဖီဖာ အမျိုးသမီး အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင်စာရင်း

Stina Blackstenius (Sweden / BK Häcken)
Aitana Bonmatí (Spain / FC Barcelona)
Lucy Bronze (England / Manchester City WFC)
Magdalena Eriksson (Sweden / Chelsea FC Women)
Caroline Graham Hansen (Norway / FC Barcelona)
Pernille Harder (Denmark / Chelsea FC Women)
Jennifer Hermoso (Spain / FC Barcelona)
Ji Soyun (Korea Republic / Chelsea FC Women)
Sam Kerr (Australia / Chelsea FC Women)
Vivianne Miedema (Netherlands / Arsenal WFC)
Alexia Putellas (Spain / FC Barcelona)
Christine Sinclair (Canada / Portland Thorns FC)
Ellen White (England / Manchester City WFC)

ဖီဖာ အမျိုးသား အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင်စာရင်း

Karim Benzema (France / Real Madrid CF)
Kevin De Bruyne (Belgium / Manchester City FC)
Cristiano Ronaldo (Portugal / Juventus FC / Manchester United FC)
Erling Haaland (Norway / BV Borussia 09 Dortmund)
Jorginho (Italy / Chelsea FC)
N’Golo Kanté (France / Chelsea FC)
Robert Lewandowski (Poland / FC Bayern München)
Kylian Mbappé (France / Paris Saint-Germain)
Lionel Messi (Argentina / FC Barcelona / Paris Saint-Germain)
Neymar (Brazil / Paris Saint-Germain)
Mohamed Salah (Egypt / Liverpool FC)

ဖီဖာ အမျိုးသမီး အကောင်းဆုံး နည်းပြဆု အတွက် ဆန်ခါတင်စာရင်း

Lluís Cortés (Spain / FC Barcelona)
Peter Gerhardsson (Sweden / Swedish national team)
Emma Hayes (England / Chelsea FC Women)
Beverly Priestman (England / Canadian national team)
Sarina Wiegman (Netherlands / Dutch national team / English national team)

ဖီဖာ အမျိုးသား အကောင်းဆုံး နည်းပြဆု အတွက် ဆန်ခါတင်စာရင်း

Antonio Conte (Italy / FC Internazionale Milano / Tottenham Hotspur FC)
Hansi Flick (Germany / FC Bayern München / German national team)
Pep Guardiola (Spain / Manchester City FC)
Roberto Mancini (Italy / Italian national team)
Lionel Sebastián Scaloni (Argentina / Argentinian national team)
Diego Simeone (Argentina / Atlético de Madrid)
Thomas Tuchel (Germany / Chelsea FC)

ဖီဖာ အမျိုးသမီး အကောင်းဆုံး ဂိုးသမားဆု အတွက် ဆန်ခါတင်စာရင်း

Ann-Katrin Berger (Germany / Chelsea FC Women)
Christiane Endler (Chile / Paris Saint-Germain / Olympique Lyonnais)
Stephanie Lynn Marie Labbé (Canada / FC Rosengård / Paris Saint-Germain)
Hedvig Lindahl (Sweden / Atlético de Madrid Femenino)
Alyssa Naeher (USA / Chicago Red Stars)

ဖီဖာ အမျိုးသား အကောင်းဆုံး ဂိုးသမားဆု အတွက် ဆန်ခါတင်စာရင်း

Alisson Becker (Brazil / Liverpool FC)
Gianluigi Donnarumma (Italy / AC Milan / Paris Saint-Germain)
Édouard Mendy (Senegal / Chelsea FC)
Manuel Neuer (Germany / FC Bayern München)
Kasper Schmeichel (Denmark / Leicester City FC)

SPORTS MYANMAR