“ အိုးထရက်ဖို့ဒ် ဆီ ရန်နစ် ရောက်တော့မယ့် သတင်းက အခြားအသင်းတွေ အတွက် ဘယ်နည်းနဲ့မှ သတင်းကောင်း မဖြစ်နိုင်ပါဘူး” ကလော့ပ်

ယူနိုက်တက် ဟာ ဆိုးရှား ကို ရာထူးကနေ ထုတ်ပယ်ပြီး နောက်ပိုင်း ဘောလုံး လောကမှာ ပုံရိပ် တစ်ခုနဲ့ ရပ်တည်နေတဲ့ ဂျာမာန်သားကြီး ရန်နစ် ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်တော့မှာ ဖြစ်ပါတယ်။

ကလော့ပ် ဟာ ရန်နစ် အကြောင်းကို ကောင်းကောင်း သိထားသူ ဖြစ်ပြီး ၊ ဂျာမန် ဒုတိယတန်း မှာ ကတည်းက ပြိုင်ဆိုင်လာသူတွေ ဖြစ်လို့ ၊ ဒီသတင်းဟာ အခြားပြိုင်ဘက်တွေ အတွက် သတင်းကောင်းတော့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

“ ပုံမှန် အားဖြင့်ဆိုရင်တော့ တရားဝင် အတည်ပြု ကြေငြာခြင်း မရှိပဲနဲ့ ဒီလို အကြောင်းအရာမျိုးတွေကို ထုတ်ဖော် ပြောဆိုလေ့ မရှိပါဘူး။ အခု ခင်ဗျားတို့ ကိုယ်တိုင်က တရားဝင် ပေါ်ပေါက်တော့မယ်လို့ ပြောနေကြတော့ ၊ ကျနော်ကလဲ ခင်ဗျား တို့ စကားကို ယုံပေးလိုက်ပါမယ်။

ကံမကောင်းစွာနဲ့ပဲ နည်းပြကောင်း တစ်ယောက်ဟာ အင်္ဂလန် က မန်ချက်စတာ ဆီကို ရောက်ရှိလာတော့မှာပါ။ အတွေ့အကြုံတွေ အများကြီး ပိုင်ဆိုင်ထားသလို ၊ ဘာမှ နာမည်မရှိတဲ့ ကလပ်အသင်း နှစ်ခုကို ဟောဖန်ဟိန်းနဲ့ လိုက်ပ်ဇစ် ဆိုပြီး လူသိများတဲ့ အသင်းတွေ ဖြစ်အောင် တည်ဆောက်ပြခဲ့သူပါ။

 

သူဟာ ဘောလုံး လောကမှာ ရာထူးမျိုးစုံ နဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်က မန်နေဂျာ ရာထူးမှာ တွေ့ရတာကို အစိုးရိမ်ဆုံး ဖြစ်မိတာပါ။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အကောင်းဆုံး အရည်သွေးတွေဟာ အဲဒီ နေရာမျိုးမှာ ပိုပြီး လိုက်ဖက်တယ် ထင်ပါတယ်။

မြက်ခင်းစိမ်းပေါ်မှာတော့ စုစည်းမှု အပြည့်ရှိတဲ့ ယူနိုက်တက် ကို ပြန်လည် မြင်တွေ့ခွင့်ရမှာ သေချာပါတယ်။ ဒါက ပြိုင်ဘက်တွေ အားလုံး အတွက် သတင်းကောင်း မဟုတ်ဘူး ဆိုတာ သဘောပေါက်နေကြမယ် ထင်ပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်က ဘယ်နည်းပြ မဆို ကိုယ့် စိတ်ကူးထဲက အတိုင်း အကောင်ထည်ဖော် ကစားနိုင်ဖို့ အတွက်တော့ လေ့ကျင့် ပြင်ဆင်ဖို့ အချိန်ယူရတာ ချည်းပဲလေ။ ရန်နစ် ဟာ သူ့အတွက် အချိန်တွေ အလုံအလောက် ရှိမထားဘူး ဆိုတာ ချက်ခြင်း သဘောပေါက်လာမှာပါ ဘာလို့လဲ ဆိုတော့ ယူနိုက်တက် ကလဲ အချိန်တိုင်း ပွဲတွေ ကစားနေရလို့ပါပဲ။

ဒါက သူ့အတွက် စိန်ခေါ်မှုပေါ့။ ဘာပဲ ဖြစ်ဖြစ် သူဟာ ထူးချွှန်တဲ့ နည်းပြ တစ်ယောက် ဆိုတာတော့ သေချာပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

 

ကလော့ပ်ဟာ နည်းပြဘ၀ ကို မိန့်ဇ် အသင်းနဲ့ အတူ စတင်ခဲ့ချိန် ကတည်းက ရန်နစ် ရဲ့ အသင်းတွေ နဲ့ ရင်ဆိုင် ကစားခဲ့ရတာပြီး ၊ စုစုပေါင်း 13 ကြိမ် ထိပ်တိုက်တွေ့ဆုံ ထားရာ 2 ပွဲသာ အနိုင်ရပြီး 6 ပွဲ အထိ ရှုံးနိမ့်ထားခဲ့ဖူးပါတယ်။

ဆက်လက်ပြီး လီဗာပူး နည်းပြကြီး က “ ကျနော်တို့ နည်းပြ လောကမှာတော့ သူ့ကို အထင်ကြီး လေးစားကြပါတယ်။ မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ စွမ်းဆောင်ရည်တွေလဲ ပြသခဲ့သူပါ။ ဒါတွေ အားလုံးဟာ စတုဂတ် လူငယ် အသင်းကို စတင် ကိုင်တွယ်ရာကနေ စတင်ခဲ့တာလေ။

သေချာပေါက် ပြောလို့ ရတာ တစ်ခုက ကျနော်တို့ဟာ အသင်းငယ်လေးတွေကို ကိုင်တွယ်ရင်း ဘွန်ဒက်လီဂါ ပြိုင်ပွဲကြီးဆီ ပို့ဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီ အချိန်ကတော့ လုံးဝကို မဖြစ်နိုင်တဲ့ အရာတွေကို စွမ်းဆောင်ပြခဲ့ကြသလိုပါ။

 

ကျနော်တို့ နှစ်ယောက် ပထမဆုံး ရင်ဆိုင်ကြတော့ သူ က ဟန်နိုဗာ အသင်းမှာပါ။ ဒါတွေ သူ့ဘက်က မေ့နေလောက်ပါပြီ။ အဲဒီ အချိန်က သူ့က ကျနော့်ကို မိန့်ဇ် အသင်းက မန်နေဂျာ ပေါက်စလေး ဆိုပြီး သုံးနှုန်းခဲ့တာလေ။ ဒါပေမယ့် ရာသီ အကုန်မှာတော့ သူတို့က တန်းတက်သွားပြီး ၊ ကျနော်တို့ က ကျန်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR