အိမ်ရှင်တို့ အရှက်ကွဲခဲ့ရတဲ့ မန်ချက်စတာ ဒါဘီမှ နှစ်ဖက် ကစားသမားတွေရဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ည 7 နာရီ အချိန်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 0 – 2 ဆိုတဲ့ ရလဒ််နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။ ဒီရလဒ်ကြောင့် မန်စီးတီး အသင်းဟာ အဆင့် 2 နေရာကို တက်လှမ်း သွားနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ အဆင့် 5 နေရာမှာ ရှိနေဆဲ ပါပဲ ။

အကယ်လို့ ပြိုင်ဖက် အသင်းတွေသာ အကုန် နိုင်အောင် ကစားနိုင်ခဲ့ကြမယ်ဆိုရင် ယူနိုက်တက် အသင်းဟာ အဆင့် 10 နေရာထိ ကျဆင်းသွားနိုင်ခြေ ရှိနေပါပြီ ။ ဒီပွဲမှာ အဖွင့်ဂိုးကို ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်လီ က မန်စီးတီး အသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး ဘာနာဒိုကြောင့် ပထမပိုင်းမှာပဲ 2 ဂိုးပြတ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ နှစ်ဖက်အသင်း ဂိုးမသွင်းယူနိုင်ခဲ့တဲ့အတွက် ဂိုးရလဒ်ဟာ အပြောင်းအလဲ မဖြစ်ခဲ့ရပဲ ယူနိုက်တက်တို့ အများမျှော်လင့်ထားသလို ဒီထက်ပိုပြီး အရှက်မကွဲခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီပွဲစဥ်မှ နှစ်ဖက်အသင််း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက််ပါတယ် ။

ယူနိုက်တက်

ဒီဂီယာ (7)

ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ကြောင့် ကာကွယ်မှုတွေနဲ့ သက်သေပြနိုင်ခဲ့ပါတယ် ။ လင်ဒီလော့ဖ်ရဲ့ ဆေးထိုးမှုကို ဟန့်တားနိုင်ခဲ့ပေမဲ့ ဘိုင်လီ နဲ့ လုခ်ရှော တို့ကိုတော့ လက်မြှောက်် အရှုံးပေးခဲ့လိုက်ရပါတယ် ။

ဘစ်ဆာကာ (2)

အရင်တုန်းက ခံစစ်ပိုင်း အတော်လေး တာဝန်ကျေခဲ့တဲ့ ကစားသမားဟာ ဒီနေ့မှာတော့ ‘ ဘယ်နေရာကိုသွားကွ ‘ ဆိုပြီး အော်ဟစ် ခိုင်းစေမဲ့သူ လိုအပ်နေခဲ့တဲ့ အထိ နေရာယူပုံတွေက စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဘောလုံးပေးပို့မှု အများစု မှန်ကန်ခဲ့တာက လွဲရင် ကျန်တဲ့ အပိုင်းတွေ အားလုံးမှာ အညံ့ဆုံး ဖြစ်ခဲ့ရပါတယ် ။

လင်ဒီလော့ဖ် (5)

ကြံ့ခိုင်မှု အလျင်မီ ပြန်ကောင်းခဲ့ပေမဲ့ own goal တစ်ဂိုး သွင်းလုနီးပါး ဖြစ်ခဲ့ပါသေးတယ် ။ ကစားပုံ အဆင်ပြေတယ်ဆိုရုံလောက်ပဲ ကောင်းခဲ့ပါတယ် ။

ဘိုင်လီ (3)

အတ္တလန္တာနဲ့ ပွဲမှာ အရမ်းကောင်းခဲ့တဲ့ ဘိုင်လီဟာ ပွဲချိန် 7 မိနစ်မှာပဲ own goal သွင်းယူသွားခဲ့ပါတယ် ။ ကစားကွက််အပြောင်းအလဲလုပ်တဲ့ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ် ။

မက်ဂွားယား (5)

ဒီပွဲမှာတော့ အရင်လောက် မညံ့ခဲ့ပါဘူး ။ တိုက်စစ်တက်ပြီး ခေါင်းတိုက် ခြိမ်းခြောက်ခဲ့တာကလွဲရင် သာမန် ခြေစွမ််းသာ ပြသနိုင်ခဲ့ပါတယ် ။

ရှော (4)

ရော်နယ်ဒို အတွက် ဂိုးပေါက်ကန်ဖို့ အခွင့်အရေးကောင်း ရရှိစေခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲစဥ်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ ဒုတိယဂိုးကို ဖြတ်ထုတ်နိုင်ခဲ့သင့်ပေမဲ့ တွေဝေနေခဲ့တဲ့ အတွက် ဘာနာဒို က အခွင့်အရေး ယူသွားခဲ့တာပဲ ဖြစ်ပါတယ် ။

တော်မီနေး (4)

ဘောလုံးကိုင်ဖို့ အချိန်လိုအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ပြိုင်ဖက််ကွင်းလယ်လူတွေ ဘောလုံးကိုင်ခွင့် မပေးခဲ့တဲ့အတွက် စိတ်ပျက်ဖွယ်ပွဲစဥ် ပိုင်ဆိုင်ခဲ့ရပါတယ် ။

ဖရက်ဒ် (4)

တော်မီနေး နည်းတူပါပဲ ။ ပြိုင်ဖက် ကွင်းလယ်လူတွေရဲ့ လွှမ်းမိုး ကစားမှုအောက်ကနေ ရုန်းထွက်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဘရူနို (3)

ပွဲကြီးပွဲကောင်းမှာ အခွင့်အရေးဖန်တီးမှု တစ်ကြိမ်မှ မလုပ်ပြနိုင်ခဲ့တဲ့အပြင် အခြားသော အရည်အသွေးတွေကိုလည်း မပြနိုင်ခဲ့ပြန်ပါဘူး ။

ဂရင်းဝုဒ် (4)

အသင်းရဲ့ ပွဲထွက်ကစားသမား စာရင်းထဲ ပြန်လည် ပါဝင််ခွင့် ရရှိခဲ့ပေမဲ့ ဂိုးပေါက် ကန်သွင်းမှု 2 ကြိမ်သာ လုပ်နိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးနိုင်မှုလည်း မလုပ်နိုင်ခဲ့တဲ့အတွက်် ရပ်ရှ်ဖို့ နဲ့ လူစားလဲခံခဲ့ရပါတယ် ။

ရော်နယ်ဒို (5)

အလန်းစား ဂိုးပေါက် ခြိမ်းခြောက်မှု လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဂိုးကံခေခဲ့ရပါတယ် ။ တာဝန်ကျေရုံသာ ကစားပြနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဆန်ချို – 5
ရပ်ရှ်ဖို့ – 4
တဲလက်စ် – 4
ဗန်ဒီ ဘိခ် – 6

မန်စီးတီး

အီဒါဆင် (7)

ရော်နယ်ဒိုရဲ့ ဂိုးပေါက် ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပြီး အလုပ် သိပ်မများခဲ့ရတဲ့ ပွဲမှာ Clean Sheet ရယူနိုင်ခဲ့ပါတယ် ။

ဝေါ်လ်ကာ (7)

ကြံ့ခိုင်မှု အလျင်မီ ​ကောင်းခဲ့ပြီး ခံစစ်ရော တိုက်စစ်ပါ စည်းကမ်းတကျ ကစားပေးနိုင်ခဲ့ပါတယ် ။

ဂျွန်စတုန်း (7)

ဖိအား မများခဲ့တဲ့ ပွဲမှာ တည်ငြိမ်စွာ ခံစစ် ကစားပေးခဲ့တဲ့ အပြင် ဂိုးပေါက် ခြိမ်းခြောက်မှုပါ လုပ်ပြနိုင်ခဲ့ပါတယ် ။

ဒီယက်စ် (7)

အသင်းဖော်တွေနဲ့ အကောင်းဆုံး ချိတ်ဆက်ကစားပေးနိုင်ခဲ့ပြီး အီဒါဆန် အတွက် လုံခြုံမှု ပေးနိုင်ခဲ့ပါတယ် ။

ကန်ဆယ်လို (9)

သူ့ရဲ့ ဘောလုံး ပေးပိုးမှုကြောင့် own goal ရခဲ့ပြီး ဘာနာဒို အတွက်ပါ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ရိုဒရီ (9)

ကွင်းလယ် ဗိုလ်ချုပ် ဖြစ်နိုင်ဖို့ ဘယ်လို ကစားရမလဲဆိုတာ ဖရက်ဒ် နဲ့ တော်မီနေး တို့ကို ပညာပေး ပြသသွားနိုင်ခဲ့ပါတယ် ။

ဂန်ဒိုဂမ် (8)

အသင်းရဲ့ ချိတ်ဆက် ကစားပုံ ထူးကဲစေခဲ့ပြီး တက်နိုင်သလောက် တိုက်စစ်လိုက်ပါ ဒုက္ခပေးခဲ့ပါတယ် ။

ဒီဘရိုင်း (7)

အကောင်းဆုံး ပုံစံ မပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ 75 % လောက််သာ အစွမ်းပြနိုင်ခဲ့တဲ့ KDB ဟာ ယူနိုက်တက် အတွက် အိပ်မက်ဆိုးတွေကို ပေးသွားနိုင်ခဲ့ပါတယ် ။ ဂိုးကံခေခဲ့ပါတယ် ။

ဂျီးဆပ် (8)

ဒါတိုက်စစ်တလျှောက် မရပ်မနား ကစားခဲ့ပြီး လုခ်ရှောကို အာရုံနောက်စေခဲ့ပါတယ် ။ အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဘာနာဒို (9)

ယူနိုက်တက် ကစားသမားတွေ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမား ဖြစ်သွားခဲ့ပါတယ် ။ ဒုတိယဂိုးကို ပါးနပ်စွာ သွင်းယူသွားနိုင်ခဲ့ပါတယ် ။

ဖိုဒန် (8)

ဘစ်ဆာကာကို အိပ်မက်ဆိုးတွေ ပေးခဲ့ပြီး ကန်ဆယ်လို အတွက် နေရာလွတ်တွေ အများကြီး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမား – မရှိ

#Sports_Myanmar