အာဆင်နယ် အသင်း ကစားသမား တစ်ဦးအပေါ် သူ့ရဲ့ အထင်အမြင် မှားယွင်းခဲ့ကြောင်း ဝန်ခံလိုက်တဲ့ ကာရေဂါ

လီဗာပူး ဂန္တဝင် ကာရေဂါ က သူ့ရဲ့ pundit သက်တမ်း တစ်လျှောက် တခြား ကစားသမားတွေ အားလုံးထက် ရမ်စ်ဒဲလ် အပေါ် ကို အထင်အမြင် အကြီးကြီး လွဲခဲ့မိကြောင်း လီဗာပူး နဲ့ အာဆင်နယ် ပွဲ မတိုင်မှီမှာ ဝန်ခံ သွားခဲ့ပါတယ် ။

လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) မှာ ထိပ်တိုက် တွေ့ဆုံ နေကြပါတယ် ။ လီဗာပူး နဲ့ အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယားတွင် ရမှတ် ၂ မှတ်အကွာ နဲ့ အဆင့် ၄ ၊ အဆင့် ၅ နေရာမှာ ရပ်တည် နေကြတဲ့ အသင်းတွေပါ ။

အာဆင်နယ် အသင်းဟာ ရာသီအစ လိဂ် သုံးပွဲဆက် ရှုံးပွဲ ကြုံတွေ့ သွားပြီးကတည်းက ရလဒ်ကောင်းတွေ ပြန်လည် ရယူ နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိ ကစား ထားနိုင်ပါတယ် ။ လီဗာပူး အသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်း ကို ရှုံးနိမ့်ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ် ။

လီဗာပူး ဂန္တဝင် ကာရေဂါ ကတော့ လက်ရှိ အာဆင်နယ် အသင်းဟာ အရင် ရုန်းကန် ခဲ့ရတဲ့ အာဆင်နယ် အသင်းနဲ့ များစွာ ကွဲပြား ခြားနားပြီး စိတ်လှုပ်ရှား စရာ ကောင်းတဲ့ အသင်း ဖြစ်နေပြီ ဖြစ်ကြောင်း ဆိုပါတယ် ။ဒါ့အပြင် ကာရေဂါ က ရမ်စ်ဒဲလ် နဲ့ ပတ်သက်ပြီး သူ့ရဲ့ အထင်အမြင် မှားယွင်းခဲ့ကြောင်းလည်း ဝန်ခံ သွားခဲ့ပါတယ် ။

ကာရေဂါ က Wright’s House မှာ ” pundit စလုပ်တဲ့ အချိန်ကတည်းက ကျွန်တော် က အာဆင်နယ် ပရိသတ်တွေကြားမှာ ရေပန်းစားသူ တစ်ဦး မဟုတ်ခဲ့ပါဘူး ၊ အာဆင်နယ် ကလည်း အမြဲတမ်း ခြေစွမ်း ဆိုးရွား နေတာကြောင့်လည်း ပါတာပေါ့ဗျာ ။ ”

” အခု အချိန်မှာတော့ အာဆင်နယ် နဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ် စိတ်လှုပ်ရှား မိနေပြီ ဆိုတာ ဝန်ခံရမှာပါပဲ ။ အာဆင်နယ် က ထိပ်သီး အသင်းတွေနဲ့တော့ ယှဉ်ပြိုင် နိုင်ခြင်း မရှိသေးပါဘူး ၊ ဒါပေမယ့် လူငယ် ကစားသမားတွေ ဖွဲ့စည်းထားတဲ့ အများက အားပေး ထောက်ခံကြပါတယ် ။ ”

” ကစားသမားတွေ အရွယ်ကောင်း ရောက်လာချိန်မှာ ကိုယ်လိုချင်တဲ့ ရလဒ် စွမ်းဆောင်ရည် ရလိမ့်မယ်လို့ လက်ခံကြပါတယ် ။ လက်ရှိ အာဆင်နယ် အသင်းက စုစည်းမှု ရှိရှိ နဲ့ အတူတကွ တိုးတက်လာကြမှာပါ ။ ဂိုးသမားလေး နဲ့ ပတ်သက်ပြီးဆို ကျွန်တော် အကြီးအကျယ် အထင်မှား ခဲ့မိပါတယ် ၊ တခြား ဘယ်ကစားသမားကိုမှ သူ့အပေါ်လောက်အထင်အမြင်မမှားမိခဲ့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရောက်ရှိလာတဲ့ အာရွန် ရမ်စ်ဒဲလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရသူပါ ။

ဒါပေမယ့်လည်း ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒဲလ် ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားထားပြီး ၇ ပွဲ နိုင်ကာ ၊ ၂ ပွဲသာ သရေကျထားပါတယ် ။ ဒါ့အပြင် ရမ်စ်ဒဲလ် ဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ Clean-sheet ငါးပွဲ အထိ ရထားပြီး ပေးဂိုးကလည်း ၄ ဂိုးသာ ရှိထားပါတယ် ။

SM