အာဆင်နယ် အသင်းကနေ ထွက်ခွာ ဖြစ်ပါက ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်မလဲ ဆိုတာ ထုတ်ဖော် ပြောကြားလာတဲ့ ရှာကာ

ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က အာဆင်နယ် အသင်းကနေ ထွက်ခွာ ဖြစ်ပါက အသင်းဟောင်း မိုချန်ဂလာဘတ် အသင်းမှာ ပြန်လည် ကစားချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ဂရန်းနစ် ရှာကာဟာ ဒီနွေရာသီ အစောပိုင်း ကာလမှာ ရိုးမား အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် စီရီးအေ အသင်းဟာ အာဆင်နယ် အသင်း လိုချင်တဲ့ ပြောင်းရွေ့ကြေးကို ကမ်းလှမ်း နိုင်ခဲ့ခြင်း မရှိပါဘူး ။


နောက်ပိုင်းမှာတော့ ဂရန်းနစ် ရှာကာ ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် ကို လက်မှတ် ရေးထိုးခဲ့ပါတယ် ။ အာဆင်နယ် နည်းပြ အာတီတာ က ရှာကာဟာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ လူငယ် ကြယ်ပွင့်တွေကို အကူအညီ ပေးနိုင်မယ်လို့ ယူဆ ထားတာကြောင့် သက်တမ်း တိုးခဲ့တာပါ ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ဘရန့်ဖိုဒ့် အသင်း ၊ ချဲလ်ဆီး နဲ့ ပွဲမှာ အူဘာမီယန်း ၊ လာကာဇက် တို့ မပါနိုင်တာကြောင့် ကွင်းလယ်လူ ရှာကာ ကို အသင်း ခေါင်းဆောင် အဖြစ် ကစား စေခဲ့ပါတယ် ။

ရှာကာ ဟာ မန်စီးတီး နဲ့ပွဲမှာတော့ ကန်ဆယ်လို ကို ကစားပုံ ကြမ်းတမ်း ခဲ့တာကြောင့် တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်ပိုင်း ပြန်ကစားတဲ့ တော့တင်ဟမ် နဲ့ ပွဲမှာ ရှာကာ ဟာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး ခုချိန်အထိ အာဆင်နယ် အတွက် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး ။

 

ရှာကာ ဟာ အခုအချိန်မှာ အာဆင်နယ် အသင်းနဲ့ အပေါ့စား လေ့ကျင့်ခန်းတွေ ဆင်းနေပြီ ဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်ဝလာဖို့ လုပ်ဆောင်နေပါတယ် ။ ပွဲမကစားနိုင်ချိန်မှာ ရှာကာ ဟာ Mit Geredet podcast မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ အနာဂတ် အစီအစဉ်ကို ပြောပြ သွားခဲ့ပါတယ် ။

” ပိုက်ဆံကြောင့် မိုချန်ဂလာဘတ် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းလာခဲ့တာ မဟုတ်ပါဘူး ၊ အင်္ဂလန် မှာ ကစားရဖို့က ကျွန်တော့်ရဲ့အမြဲတမ်း အိပ်မက်ပါပဲ ။ ”

” ကျွန်တော် အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့ပါတယ် ၊ နှစ်နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ် တစ်ခုပေါ့ဗျာ ၊ စာချုပ်ပြည့်တဲ့ အချိန်ကျကျွန်တော် အသက် ၃၂ နှစ် ရှိနေပါပြီ ၊ ကျွန်တော် အသက် ၃၂ နှစ် ရှိနေတာတောင် Max Eberl (မိုချန်ဂလာဘတ် ဒါရိုက်တာ) က အလိုရှိနေသေးတယ်ဆိုရင်တော့ ကျွန်တော့်ဘက်က အမြဲတံခါးဖွင့်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM