အာဆင်နယ် သတင်းတိုများ

၁ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၃) အဖြစ် FC Koge အသင်း နဲ့ ကစားခဲ့ရပြီး ၁-၅ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ ဂိုးတွေကိုတော့ ကတ်တလေ ၊ ပဲရစ် ၊ ဖုဒ် ၊ ပတ်တန် နဲ့ နောဘ့်တို့က သွင်းယူ ပေးခဲ့တာပါ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ဒီနေ့ နိုင်ပွဲကြောင့် ၃ ပွဲကစား ၊ ၂ ပွဲနိုင် ၊ ၁ ပွဲ ရှုံး ရလဒ် နဲ့ အုပ်စု ဒုတိယနေရာမှာ ဆက်လက် ရပ်တည် နေပါတယ် ။

၂ ။ အာဆင်နယ် အသင်းဟာ လိုက်ဇစ် အသင်း ရဲ့ ကြယ်ပွင့် တိုင်လာအဒမ်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အမေရိကန် ကြယ်ပွင့် အဒမ်စ် ဟာ ကွင်းလယ်မှာသာမက ညာနောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပေါင် ၃၄.၂ သန်း ရှိနေပါတယ် ။

၃ ။ အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူနိုင်ဖို့ရာ ဆက်သွယ် ကြိုးပမ်း နေပမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေဘက်က တစ်စုံတစ်ရာ အကြောင်းမပြန်သေးဘူးလို့ Dimarzio ကဆိုပါတယ် ။ ဗလာဟိုဗစ် ဟာ ဒီရာသီမှာ စီရီးအေအသင်းအတွက် ၁၃ ပွဲကစား ၁၀ ဂိုးသွင်းယူ ပေးထားပါတယ် ။

၄ ။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ် ကနေ ထွက်ခွာဖွယ် ရှိတဲ့ ကစားသမား ၆ ဦး အထိ ရှိကြောင်း Express Sport က ဖော်ပြလိုက်ပါတယ် ။ သူတို့ကတော့ လီနို ၊ ချိန်ဘာ ၊ ကိုလာစီနက် ၊ မိတ်လန်နိုင်းလ်စ် ၊ နကီးတီးယား နဲ့ ဘာလိုဂန် တို့ ဖြစ်ပါတယ် ။

၅ ။ ခရစ္စတယ်ပဲလေစ့် နည်းပြဟောင်း နေးလ်ဝါးနော့ ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ထိပ်တန်းနည်းပြ ငါးဦး ကို ရွေးချယ် ပေးလိုက်ပြီး နံပါတ်တစ်နေရာမှာ အာဆင်နယ် ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ကို ထားရှိ ခဲ့ပါတယ် ။

၆ ။ အာဆင်နယ် အသင်းရဲ့ အောက်တိုဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဂိုးသမား အာရွန် ရမ်စ်ဒဲလ် က ပရိသတ် မဲပေး ရွေးချယ်မှု ၆၀% နဲ့ ရရှိ သွားခဲ့ပါတယ် ။ ရမ်စ်ဒဲလ် ဟာ အောက်တိုဘာလ အတွင်း ၄ ပွဲ ကစားရာမှာ Clean-Sheet ၂ ပွဲ ၊ MOTM တစ်ပွဲ ရယူ နိုင်ခဲ့ပါတယ် ။

ရမ်စ်ဒဲလ် ဟာ ဒီရာသီ အင်္ဂလန် ထိပ်သီး လေးခုက ဂိုးသမားတွေထဲမှာ ဂိုးပေါက်ကာကွယ်နိုင်မှု ၈၄.၄ % နဲ့ ဂိုးပေါက်ကာကွယ်မှု အကောင်းဆုံး ဂိုးသမား အဖြစ်လည်း ရပ်တည် နေပါတယ် ။

၇ ။ ပရီးမီးယားလိဂ် ထိပ်သီး ခြောက်သင်းထဲမှာ အာဆင်နယ် အသင်းဟာ ပျှမ်းမျှ အသက် ၂၄.၉ နှစ် နဲ့ အသက် အငယ်ဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။ အာဆင်နယ် ရဲ့နောက်မှာ တော့တင်ဟမ်(၂၆.၆နှစ်)၊ မန်စီးတီး(၂၇.၁နှစ်)၊ မန်ယူနိုက်တက်(၂၇.၅နှစ်) ၊ ချဲလ်ဆီး(၂၇.၆နှစ်) ၊ လီဗာပူး(၂၈နှစ်) တို့ ရှိနေပါတယ် ။

၈ ။ အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် စမစ်ရို က အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရကြောင်း သိလိုက်ရချိန်မှာ လှေကားကနေ ပြေးဆင်းပြီး မိခင် ဖြစ်သူကို ပြောပြ ဖြစ်ခဲ့ကြောင်း ပြောကြား လိုက်ပြီး သူ့အတွက် စိတ်လှုပ်ရှား ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ် ။

၉ ။ Who scored ရဲ့ မှတ်တမ်းတွေအရ စမစ်ရို ဟာ rating 7.78 နဲ့ ဒီရာသီ ဥရောပ ထိပ်သီး လိဂ် ငါးခုထဲက အင်္ဂလန် ကစားသမားတွေထဲမှာ rating အကောင်းဆုံး အဖြစ် ရပ်တည်နေပြီး နိုင်ငံ အစုံ ကစားသမားတွေထဲမှာတော့ နံပါတ် ၉ နေရာမှာ ရှိနေပါတယ် ။

၁၀ ။ ဘူကာရို ဆာကာ ဟာ အင်္ဂလန် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်မှာ မန်ချက်စတာ စီးတီး နောက်ခံလူ ဝေါလ်ကာ နဲ့ အပြေးပြိုင် ခဲ့ပြီး အနိုင် ရသွားခဲ့ပါတယ် ။ ဝေါလ်ကာ ဟာ ပရီးမီးယားလိဂ် ရဲ့အမြန်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ ။

SM