အာဆင်နယ် သတင်းတိုများ

 

၁ ။ Injury Analyst တစ်ဦး ဖြစ်တဲ့ Ben Dinnery က အာဆင်နယ် အသင်း ဘယ်နောက်ခံလူ ကီရန် တီယာနေး ဟာ ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန် နေရပြီး အသင်း နဲ့ အတူ ခုထက်ထိ လေ့ကျင့်ခန်း အပြည့်အဝ မဆင်းနိုင်သေးဘူးလို့ ရေးသား ဖော်ပြ လိုက်ပါတယ် ။

၂ ။ Football London ရဲ့ဖော်ပြချက် အရ သောမက်စ် ပါတေး ဟာ လေ့ကျင့်ရေးကွင်းမှာ လူငယ် ကစားသမား တင်အကီနိုလာ ရဲ့ ဖျက်ထုတ်မှုကြောင့် စိတ်ဆိုး ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ ပါတေး က အကီနိုလာ ဟာ သူရင်ဆိုင်ဖူးသမျှ ကစားသမားတွေထဲမှာ အသန်မာဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ် ။ အကီနိုလာ ဟာ ယူ၂၃ အသင်းရဲ့ အမြန်ဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။

၃ ။ အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဂျက်ဝဲလ်ရှား က ကာဇိုလာ နဲ့ အိုဇေးလ် ဆို ကာဇိုလာ ကို ရွေးချယ်မှာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။ ” အိုဇေးလ် နဲ့ ကာဇိုလာ ၊ ကျွန်တော်ကတော့ ကာဇိုလာ ပိုကောင်းတယ်လို့ ထင်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကာဇိုလာ က ပြိုင်ဘက် ကစားသမားကို အရှက်ကွဲအောင် လုပ်နိုင်ပါတယ် ၊ ထောင့်နားတစ်ခုမှာ အက်ဆီယန် ရဲ့ခြေထောက်ကြားကနေ ဘောလုံးထုတ်ပြသွားတာက ကျွန်တော် ကိုယ်တွေ့ မြင်ခဲ့ဖူးပါတယ် ။ ” လို့ ဆိုပါတယ် ။

၄ ။ အာဆင်နယ် အသင်း ကနေ မာဆေးလ် အသင်းကို အငှား သွားရောက် ကစားနေတဲ့ ဆာလီဘာ နဲ့ ဂွမ်ဒူဇီ တို့ဟာ ပြင်သစ် လီဂူး ၁ ရဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ၃ ပတ် ဆက်တိုက် ပါဝင် လာခဲ့ပါတယ် ။

၅ ။ Who Scored ရဲ့ အောက်တိုဘာလ အတွက် ဥရောပ ထိပ်တန်း လိဂ်ငါးခုရဲ့ အသက် ၂၁ နှစ်အောက် တစ်လတာ အကောင်းဆုံး အသင်းမှာ အာဆင်နယ် အသင်းမှ ဂိုးသမား အာရွန် ရမ်စ်ဒဲလ်(*ယူ၂၃) နဲ့ လူငယ် ကွင်းလယ်လူ စမစ်ရို တို့ ပါဝင် လာပါတယ် ။

၆ ။ ဆာလီဘာ ဟာ မာဆေးလ် အသင်း နဲ့ အငှား စာချုပ်ပြည့်ရင် အာဆင်နယ် ကို ပြန်လာဖို့ ဆန္ဒ ရှိနေပြီး အာဆင်နယ် မှာ ကစားခွင့်ရဖို့ ထိုက်တန်ကြောင်း သက်သေပြရန် စိတ်အား ထက်သန် နေပါတယ် ။ ဒါကြောင့် ဆာလီဘာ ဟာ အင်္ဂလိပ် ဘာသာစကား စွမ်းရည် တိုးတက်ဖို့ အတန်းသစ်တွေ တက်နေတယ်လို့ သိရပါတယ် ။

၇ ။ ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် က လက်တစ်လော ရလဒ်ကောင်းတွေကြောင့် အာဆင်နယ် အသင်း ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက်နိုင်ဖို့ အခွင့်အရေးရှိကြောင်း သုံးသပ်လိုက်ပြီး ဒီရာသီ အဆင့် ၄ သို့မဟုတ် ၅ ဖို့ကို အဓိက ပစ်မှတ်ထားသင့်တယ်လို့ ဆိုပါတယ် ။

၈ ။ အာဆင်နယ် အမျိုးသား အသင်းရဲ့အောက်တိုဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ ရမ်စ်ဒဲလ် ၊ အူဘာမီယန်း ၊ စမစ်ရို ၊ ဂါဘရီယဲလ် တို့ ပါဝင်နေပါတယ် ။အခု လက်ရှိ အချိန်ထိတော့ ဂိုးသမား ရမ်စ်ဒဲလ် က မဲ ၅၀ % ကျော်နဲ့ ဦးဆောင် နေပါတယ် ။

SM