အာဆင်နယ် သတင်းတိုများ

 

၁ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်မှာ ဘရိုက်တန် အမျိုးသမီး အသင်းကို သုံးဂိုးပြတ် အနိုင်ရပြီး ဗိုလ်လုပွဲ တက်လှမ်း သွားခဲ့ပါတယ် ။ အာဆင်နယ် အမျိုးသမီး အတွက် ဂိုးတွေကိုတော့ အသင်းခေါင်းဆောင် ကင်လစ်တယ် ၊ မိဒ် နဲ့ ဝီလီယမ်ဆန် တို့က သွင်းယူ ပေးခဲ့တာပါ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အမျိုးသမီး အသင်း နဲ့ ကစားရပါမယ် ။

၂ ။ ဆာလီဘာ ဟာ မနေ့ညက လီဂူး ၁ ပွဲမှာ မာဆေးလ် အသင်း clean-sheet ရရှိအောင် စွမ်းဆောင် ပေးခဲ့ပြီး ဒီရာသီ သူပါဝင်ကစားတဲ့ပွဲတွေမှာ Clean-sheet ၉ ပွဲ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ မနေ့က ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့နောက်ထပ် အငှား ကစားသမား ဂွမ်ဒူဇီ ဟာလည်း တစ်ဂိုးဖန်တီးပေးပြီး man of the match ဖြစ်ခဲ့ပါတယ် ။

၃ ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ထောင့်ကန်ဘော ကနေ သွင်းဂိုး ၅ ဂိုး အထိ ရထားပါတယ် ။ ဒါ့အပြင် မှတ်တမ်းတွေ ရှိသလောက် အာဆင်နယ် အသင်းဟာ ၄ ပွဲဆက် ထောင့်ကန်ဘောကနေ သွင်းဂိုးရယူနိုင်ခဲ့တာ ပထမဆုံး အကြိမ် ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ တည်ကန်ဘော မှတ်တမ်းကောင်းတွေအတွက် စမစ်ရို နဲ့ ဆာကာ ကို ချီးကျူး ရမယ့်အပြင် set-piece coach Nicolas Jover ကို ချီးကျူး ဂုဏ်ပြုရမှာပါ ။

၄ ။ ပြီးခဲ့တဲ့ ငါးနှစ် ဒီနေ့လို နေ့မျိုးမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လူဒိုဂိုရက်စ် အသင်းဘက်ကို သိပ်ကို လှပ သေသပ်တဲ့ solo သွင်းဂိုး တစ်ဂိုး သွင်းယူ ခဲ့ပါတယ် ။ အိုဇေးလ် ဟာ ပြိုင်ဘက် ဂိုးသမား အပါအဝင် ကစားသမား ၃ ဦးကို ကျော်ဖြတ်ပီး သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

၅ ။ ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် ဂိုးသမားဟောင်း ဘောစနစ်ချ် က လက်စတာ နဲ့ ပွဲမှာ ရမ်စ်ဒဲလ် ရဲ့ လက်စွမ်းကို မြင်လိုက်ရချိန် သူဟာ အသင်းကို နိုင်ပွဲတွေ ရရှိအောင် စွမ်းဆောင် ကူညီ ပေးနိုင်သူ ၊ အင်္ဂလန် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာ နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ချီးကျူး လိုက်ပါတယ် ။

၆ ။ စမစ်ရို ဂိုးသွင်းနိုင်တဲ့ ၁၁ ပွဲမှာ အာဆင်နယ် အသင်းဟာ ၁၁ ပွဲစလုံး နိုင်ပွဲ ရခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး မှတ်တမ်း တစ်ခု ဖြစ်လာပါတယ် ။ အရင်က ဆောင်း နဲ့ အလက်ဇန္ဒားဟှက်ဘ် တို့ ဂိုးသွင်းနိုင်တဲ့ ၁၀ ပွဲမှာ အာဆင်နယ် အသင်း ၁၀ ပွဲစလုံး နိုင်ပွဲ ရထားတာ ဖြစ်ပြီး စမစ်ရို က ကျော်ဖြတ် သွားခဲ့တာပါ ။

၇ ။ စတုဂတ် အသင်းမှာ ပုံစံကောင်းတွေ ပြသနေတဲ့ ဂရိနောက်ခံလူ မာဗရိုပါနိုစ့်ကို ပေါင် ၄ သန်းထဲနဲ့ အပြီးသတ် ရောင်းချမယ့် အစီအစဉ် ဟာ ဂနာဘရီ ကို ရောင်းချ ပြီး နောက်ပိုင်း အာဆင်နယ် အသင်း အကြီးအကျယ် နောင်တ ရရနိုင်တဲ့ အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့ Forbes က သုံးသပ် ရေးသား လိုက်ပါတယ် ။

၈ ။ဒီတစ်ပတ် အာဆင်နယ် အသင်း အငှားချထားတဲ့ ကစားသမားများရဲ့ စွမ်းဆောင်ရည်များ

ဂွမ်ဒူဇီ(မာဆေးလ်)(ပွဲချိန်ပြည့်ကစား ၊ဂိုးဖန်တီးမှုတစ်ကြိမ်၊အဝါကဒ်ထိ)
ဆာဘီဘာ(မာဆေးလ်)(ပွဲချိန်ပြည့်ကစား၊အဝါကဒ်ထိ)
တော်ရီးယား(ဖီအိုရင်တီးနား)(ပွဲချိန် ၇၅ မိနစ်အထိကစား)
ဘားလတ်(မီဝေါလ်)(ပွဲချိန်၈၃ မိနစ်အထိ ကစား)
မတ်စမစ်(ဒွန်ကတ်စတာရိုဗာ)(ပွဲချိန်ပြည့်ကစား)
နယ်လ်ဆင်(ဖီရင်နောဒ့်)(ပွဲချိန် ၈၃ မိနစ်မှာ လူစားဝင် ကစား)
အဇီးဇ်(ပိုစ့်မောက်) ၊ မိုလာ(ဗစ်တိုးရီးယားကိုအင်)၊ရူနာဆန်(OH-Leuven) – လူစားဝင်ကစားခွင့်မရ
ဘယ်လာရင်(ဘက်တစ်) ၊ ဂျွန်ဂျူးစ်(ဘလက်ပူးလ်) ၊အိုဆိုင်းတူတူ(နော်တင်ဟမ်ဖောရက်စ်) – ဒဏ်ရာကြောင့် ကစားခွင့်မရ
မာဗရိုပါနိုစ့်(စတုဂတ်) ၊ ဒင်ဇယ်ရီ(ချာလစ်ဆယ်ယူနိုက်တက်) ၊ အီလီယက်ဗ်(ဆီရက်) ၊ တွန်စမစ်(ဝဲလ်လင်း) ၊ ဟယ်ရီကလက်ခ်(ရော့စ့်ကန်းထရီး) – လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိ ။

SM