အာဆင်နယ် သတင်းတိုများ

၁ ။ အာဆင်နယ် အသင်း နောက်ခံလူ တိုမီယာစု ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂျပန် အသင်း အတွက် ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပြီး ဗီယက်နမ် အသင်းကို ၁-၀ နဲ့ အနိုင် ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ တိုမီယာစု ဟာ ဂျပန် အသင်းမှာ left-centre-back အဖြစ် ကစားခဲ့တာ ဖြစ်ပါတယ် ။

၂ ။ အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး ဘာလိုဂန် ဟာလည်း အင်္ဂလန် ယူ၂၁ အတွက် ပွဲထွက် ကစားပြီး သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။ အင်္ဂလန် ယူ၂၁ နည်းပြ လီကာစလေ ကတော့ ဘာလိုဂန် ဟာ လူငယ် အဆင့်မှာ အရမ်းကောင်းနေတာကြောင့် အသင်း တစ်သင်းထံ အငှားချသင့်ပြီလို့ အာဆင်နယ် အသင်းကို အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

၃ ။ အာဆင်နယ် အသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့ အတွက် စီရီးအေ က ကစားသမားတွေကို ပစ်မှတ်ထားနေပြီး ဂျူဗင်တပ်စ် တောင်ပံ ကစားသမား Dejan Kulusevski ကို စောင့်ကြည့်လျက် ရှိနေတယ်လို့ Di Marzio က ဆိုပါတယ် ။

၄ ။ အင်္ဂလန် အသင်း လေ့ကျင့်ရေးကွင်းမှာ ကစားခဲ့တဲ့ တစ်ဖက် ၇ ယောက်ပွဲမှာ ရမ်စ်ဒဲလ် ပါဝင်တဲ့ အသင်းဟာ အနိုင် ရသွားခဲ့ပါတယ် ။ ရမ်စ်ဒဲလ် အသင်းမှာ အာနိုး ၊ ဝေါလ်ကာ ၊ ကုတ်ဒီ ၊ တိုင်ရွန်မင်းစ် ၊ ကယ်ဗင်ဖီးလစ် နဲ့ အေဘရာဟမ် တို့ ပါဝင် ပါတယ် ။

၅ ။ အာဆင်နယ် အသင်း နောက်ခံလူ ဆာလီဘာ ဟာလည်း ပြင်သစ် ယူ၂၁ အသင်းကို အသင်း ခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး ၇ ဂိုးပြတ် အနိုင်ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ်။ဆာလီဘာ ဟာ ပြင်သစ် ယူ၂၁ အသင်း နဲ့ လေးပွဲကစားရာမှာ Clean-Sheet ၄ ပွဲ ရထားပါတယ် ။

၆ ။ ရမ်စ်ဒဲလ် က အာဆင်နယ် အသင်းဖော်တွေထဲမှာ တိုက်စစ်မှူး အူဘာမီယန်း နဲ့ လာကာဇက် တို့ဟာ အမြဲလိုလို စနောက်နေလေ့ရှိပြီး အရယ်ရဆုံးသူတွေ ဖြစ်ကြောင်း ဆိုပါတယ် ။ ဒါ့အပြင် ရမ်စ်ဒဲလ် က ကွင်းလယ်လူ ရှာကာ ဟာလည်း ဟာသတွေ ပြောလေ့ ရှိသူ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။

၇ ။ လွန်ခဲ့တဲ့ ၁၅ နှစ် ဒီနေ့လို နေ့မျိုးမှာ အာဆင်နယ် အသင်းဟာ ဖလာမီနီ ၊ တိုရေး ၊ ဂါးလက်စ် တို့ရဲ့ သွင်းဂိုးတွေ နဲ့ အတူ လီဗာပူး အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။

၈ ။ အာဆင်နယ် အသင်းကို ချစ်နေဆဲပဲလား ဆိုတဲ့ မေးခွန်းကို ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က ” Yes ဒါပေါ့ဗျာ ။ ပွဲချိန်အတွင်းဆို ကျွန်တော် ကိုယ်တိုင် ဖျက်ထုတ် ၊ ကန်သွင်း ၊ ခံစစ် ကာကွယ် ၊ တိုက်စစ်ဆင် နေရသလိုပါပဲ ၊ ကျွန်တော့် ဘဝက အနီ နဲ့ အဖြူ ဖြစ်ခဲ့ပြီး ရှေ့လျှောက်လည်း ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ ။ ” လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

၉ ။ Fichajes ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ လာကာဇက် နေရာ အစားထိုးဖို့ ဗီလာရီးရဲလ် တိုက်စစ် ကစားသမား Yeremi Pino ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။ အဲ့ဒီ သတင်းမှာပဲ ပေပေ ဟာ ပွဲကစားခွင့် မရတာကြောင့် အာဆင်နယ် က ထွက်ခွာချင်နေတယ်လို့ ဖော်ပြ ထားပါတယ် ။

၁၀ ။ အင်္ဂလန် နည်းပြ ဆောက်ဂိတ် က စမစ်ရို ဟာ နိုင်ငံ အသင်းမှာ အလျင်အမြန် အထိုင်ကျနေပြီး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာလည်း သူ့ရဲ့အရည်အသွေးကို ပေါ်လွင် ထင်ရှားအောင် ပြသထားနိုင်တယ်လို့ ချီးကျူး စကားဆိုလိုက်ပါတယ် ။

၁၁ ။ အမျိုးသမီး ချန်ပီယံလိဂ် ပွဲစဉ်(၃) ရဲ့ Goal of the Week ကို FC Koge နဲ့ ပွဲက အာဆင်နယ် အမျိုးသမီး နောက်ခံလူ Steph Catley ရဲ့ ဖရီးကစ် သွင်းဂိုး က ရရှိ သွားခဲ့ပါတယ် ။

SM