အာဆင်နယ် ရဲ့ ဂိုးသွင်းစက်ပစ်မှတ် ၊ နားရပြန်ဦးမယ် မက်ဆီ ၊ စီးတီး နဲ့ အသင့်တော်ဆုံး တိုက်စစ်မှူးတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ မှာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အစီအစဉ် ရေးဆွဲ နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဗလာဟိုဗစ် နဲ့ ဖီအိုရင်တီးနား တို့ အကြားမှာ ယူရို သန်း ၈၀ တန် စာချုပ် ဖျက်သိမ်းကြေး ရှိနေပြီး အာဆင်နယ် က ဒီပမာဏ ကို ပေးချေဖို့ ဆုံးဖြတ် ထားတယ်လို့ ကြားသိရ ပါတယ် ။

ဗလာဟိုဗစ် ဟာ ၂၀၂၁ ခုနှစ် ထဲမှာ လီဝန်ဒေါ့စကီး နဲ့ ဟာလန်း တို့ ပြီးပါက တတိယ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည် နေသူ ဖြစ်ပါတယ် ။

လီဗာပူး တိုက်စစ်မှူး ဖာမီနို ဟာ ဒဏ်ရာကြောင့် တလလောက် အနည်းဆုံး နားရမယ်လို့ နည်းပြ ကလော့ က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ဒေါ့မွန် ရဲ့ အမေရိကန် ကွင်းလယ် ကစားသမားလေး ဂျီယို ရေနာ ဟာလည်း တံကောက်ကြော ဒဏ်ရာကြောင့် ၂၀၂၁ နှစ်ကုန် အထိ အနားယူရမယ်လို့ နည်းပြ မာကိုရိုစ့် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီယွန်နယ် မက်ဆီ ကတော့ ဒီတပတ် မှာလည်း PSG အတွက် ပါဝင် ကစားပေး နိုင်ဦးမှာ မဟုတ်ဘဲ ဒဏ်ရာ ကနေ သက်သာ လာအောင် အနားယူ နေဦးမယ်လို့ ကြားသိရ ပါတယ် ။

ဇာဗီ ဟာနန်ဒက်စ် ကတော့ အသင်းဟောင်း ဘာစီလိုနာ ကို ပြန်လည် နည်းပြဖို့ အတွက် အယ်လ်ဆတ် အသင်းနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်ကို ယူရို ၅ သန်း ပေးချေကာ ဖျက်သိမ်း သွားခဲ့ပါတယ် ။

ဇာဗီ ဟာ မနေ့က အယ်လ်ဆတ် အသင်းသားတွေ ၊ အကြီးအကဲတွေ နဲ့ နှုတ်ဆက် ညစာစားပွဲကို ပြုလုပ် သွားခဲ့ပြီး လာမယ့် နိုင်ငံ တကာ ရက်သတ္တပတ် အတွင်းမှာ ဘာစီလိုနာ တာဝန်တွေကို စတင် လုပ်ဆောင် သွားဖွယ် ရှိနေပါတယ် ။

ဘာစီလိုနာ ဟာ နှလုံးမူမမှန်တာကြောင့် ၃ လ ကျော် နားရမယ့် အဂွေရို ရဲ့ နေရာ အတွက် စတာလင် အပါ အဝင် တိုက်စစ်သမား ၄ ဦး ကို စာရင်းပြုစု ထားပြီး ဇန်နဝါရီ မှာ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ ကြားသိရ ပါတယ် ။

PSG ခံစစ်မှူးကြီး ဆာဂျီယို ရာမိုစ့် ဟာ လာမယ့် အပတ် က စတင်ပြီး အသင်းသားတွေ နဲ့ အတူ လေ့ကျင့်မှု ပြုလုပ် နိုင်တော့မယ်လို့ ကလပ် အသင်း ဘက်က ကြေညာ သွားခဲ့ ပါတယ် ။

နယူးကာဆယ် အသင်းဟာ ဘာစီလိုနာ ဂိုးသမားကြီး တာ စတီဂျန် ကို ၂၀၂၂ နွေရာသီမှာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စဉ်းစား နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ယူကရိန်း လက်ရွေးစင် နည်းပြ အန်ဒရီ ရှက်ဗ်ချန်ကို ဟာ စီးရီးအေ ကလပ် ဂျီနိုအာ အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်ဖို့ အတွက် ဆွေးနွေး နေတယ်လို့ သိ ပါတယ် ။

ရီးရဲမက်ဒရစ် အသင်းကတော့ ချဲလ်ဆီး နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ သေးတဲ့ နောက်ခံလူ ရူဒီဂါ ကို စောင့်ကြည့် နေပြီး ရာသီ အကုန်မှာ အလွတ် နဲ့ ခေါ်ယူဖို့ အတွက် စဉ်းစား ထားတယ်လို့ သိရ ပါတယ် ။

အင်္ဂလန် နဲ့ မန်စီးတီး ကစားသမား ရှောင် ရိုက်ဖိလစ် က ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် နဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက် တို့ဟာ မန်စီးတီး မှာ လိုအပ် နေတဲ့ အထောင် တိုက်စစ်မှူး နေရာ အတွက် အသင့်တော်ဆုံး ကစားသမားတွေ ဖြစ်ပါတယ်လိ့ု အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကတော့ ဒူးအရွတ် ဒဏ်ရာကြောင့် ၂၀၂၁ နှစ်သစ်ကူး ကာလ အထိ ပြန်ကစား နိုင်တော့မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

အင်တာမီလန် အသင်းဟာ ကွင်းလယ်လူ နီကိုလို ဘာရယ်လာ ကို ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ ကြေညာ သွားခဲ့ ပါတယ် ။ အင်တာ ဟာ နောက်ထပ် ကွင်းလယ်လူ တယောက် ဖြစ်တဲ့ ဘရိုဇိုဗစ် ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင် နေပြီလို့ သိရ ပါတယ် ။

ဘာစီလိုနာ ကင်းထောက်တွေဟာ အင်္ဂလန် ကို လာရောက် ခဲ့ပြီး ဖလိဝုဒ်တောင်း အသင်း ရဲ့ အင်္ဂလန် ယူ-၂၁ ကစားသမားလေး ဂျိမ်းစ် ဟေးလ် ရဲ့ ကစားပုံကို အကဲခတ် သွားခဲ့တယ်လို့ သတင်း ကြားသိရပါတယ် ။

ရိုးမား နည်းပြ မော်ရင်ဟို ကတော့ ဇန်နဝါရီ မှာ အသင်းဟောင်း ချဲလ်ဆီး ရဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်ချပ် နဲ့ စပါး ရဲ့ ဟယ်ရီဝင့် တို့ကို ခေါ်ယူဖို့ ကြိုးစား သွားဖွယ် ရှိတယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူး ရိုမီရို လူကာကူ ကတော့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်လည် ပြုလုပ် နိုင်ပြီလို့ သတင်းကောင်း ကြားသိရပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဆောက်သမ်တန် ဟာ အိမ်ကွင်းမှာ အက်စတွန် ဗီလာ အသင်းကို အိမ်စထရောင်း ရဲ့ ပွဲအစ ၃ မိနစ် ကတည်းက သွင်းဂိုးနဲ့ ဦးဆောင်ကာ အနိုင် ရရှိ သွားခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . .

 

SPORTS MYANMAR