အာဆင်နယ် နဲ့ ပွဲမှာ မာနေး ၊ ဟန်ဒါဆင် ၊ ရော်ဘတ်ဆန် တို့ ကစားပေးနိုင်ဖွယ် ရှိတယ်လို့ ပြောဆိုလိုက်တဲ့ ကလော့ပ်

ပရီးမီးယားလိဂ် မှာ ရလာဒ်ကောင်းတွေ ပြန်လည် ရရှိဖို့ ကြိုးစားရမယ့် လီဗာပူး ဟာ ဒီတစ်ပတ်မှာတော့ အာဆင်နယ် အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလ အတွင်း ဒဏ်ရာရ ကစားသမား စာရင်း 10 ယောက်ထိ မြင့်တက်သွားခဲ့သည့်တိုင်အောင် မာနေး ၊ ဟန်ဒါဆင် နဲ့ ရော်ဘတ်ဆန် တို့ဟာ ပါဝင် ကစားပေးနိုင်ချေတွေ ရှိတယ်လို့ ကလော့ပ် ကိုယ်တိုင်က အတည်ပြုလိုက်ပြီး ၊ တစ်ဦးချင်းစီ ရဲ့ အနေအထားတွေ ကို အခုလို ရှင်းပြသွားခဲ့ပါတယ်။

“ရိုဘို က တော်တော်လေးကို ကံကောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ အခုလို ဖြစ်သွားတာ သူဟာ ကလပ်အတွက်ရော ၊ နိုင်ငံ့အတွက်ပါ ပွဲတွေ အကုန်လုံး ဆက်တိုက် ကစားပေးနေတာကြောင့်လို့ မှတ်ချက်ပေးရမှာပါ ၊ ကျန်တဲ့ တခြားအကြောင်းအရင်းတွေကြောင့် မဟုတ်ပါဘူး။

ပုံမှန် အားဖြင့်တော့ သူဟာ လူစားလဲခိုင်းဖို့ တောင်းဆိုလေ့ရှိမရှိဘူးဗျ။ ဒီတစ်ကြိမ်မှာတော့ သူ့ကိုသူ အကဲခတ်မိတယ် ထင်ပါတယ် ၊ ဒါကြောင့် ဒဏ်ရာ ရခါနီးလေးမှာ ကွင်းပြင်ကို ထွက်လာခဲ့လိုက်တဲ့ ဆုံးဖြတ်ချက်က ဆရာကျလွန်းတယ်လို့ ပြောရမျာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ ကစားမယ့် ပွဲစဉ်မှာ သူပါဝင် ကစားပေးနိုင်ချေ ရှိပါတယ်”

“ ဟန်ဒို ကတော့ ရိုဘို နဲ့ စာရင် နည်းနည်းလေး ဒဏ်ရာ ရသွားတယ်လို့ ပြောရပါတယ်။ ဒါပေမယ့် အာဆင်နယ် နဲ့ ပွဲကို ကစားပေးဖို့ အခွင့်အရေးက ရှိနေဆဲပါ။ ဒါကြောင့် သေချာပေါက် ကစားပေးနိုင်ဖို့ အတွက် ကျနော်တို့လဲ ကြိုးစားနေပါတယ်။

ဒဏ်ရာက မပြင်းထန်ပေမယ့် အချိန်တိုအတွင်း နားရက်မရှိပဲ ကစားခိုင်းရမှာမို့ စောင့်ကြည့်သွားရမှာပါ။ သေချာတာ တစ်ခုက ဒီပွဲ ပြီးတာနဲ့ 100% ကြံ့ခိုင်မှု အပြည့်နဲ့ ကစားပေးနိုင်ပါလိမ့်မယ်”

“ ဆာဒီယို ကတော့ အေးဆေးပါ။ နည်းနည်းလေး နာသေးပေမယ့် ကစားလို့ ရပါတယ်။ နံရိုး ဒဏ်ရာဖူးသူတိုင်း ဘယ်လို ခံစားရတယ် ဆိုတာ ကိုယ်ချင်းစာတတ်သလို ၊ လက်ရှိမှာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ အားလုံးကို ပါဝင်ထားနိုင်ပါပြီ”

“ ဂျိုး ဂိုးမက်ဇ် ကတော့ ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ သူဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေရပြီ ဆိုပေမယ့် နောက်ထပ် ရက်သတ္တပတ် အနည်းငယ်တော့ အနားယူရဦးမှာပါ။ ဒါပေမယ့် အခြေအနေက တော်တော်လေး ကောင်းနေပါပြီ”

“နာဘီ နဲ့ ဂျိမ်းစ် တို့ကလဲ တော်တော်လေး ကို နီးစပ်နေပါပြီ။ နောက်တစ်ပတ် ဆိုရင် အသင်းနဲ့ အတူ လေ့ကျင့်ခန်း အစီအစဉ်တွေ ပါဝင် ပူးပေါင်းနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။

ဘော်ဘီ ကလဲ တော်တော်လေး ပြန်သက်သာနေပြီ ဖြစ်ပေမယ့် အခု တပတ်တော့ ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ သူက အချိန် နည်းနည်း ထပ်ပြီးယူရဦးမှာမို့ စောင့်ကြည့်ကြတာပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ကာတစ် ဂျုံး ကတော့ မျက်လုံး ဒဏ်ရာဖြစ်နေတာကြောင့် ပုံမှန် အခြေအနေမျိုး ပြန်လည် ရောက်ရှိလာဖို့ အတွက် ရက်သတ္တပတ် အနည်းငယ် ထပ်မံ အနားယူဖို့ လိုသေးတယ်လို့ အသင်းရဲ့ ဆရာဝန် က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ အတွက် ကစားပေးရင်း ဒဏ်ရာပြသနာ အနည်းငယ် ရရှိခဲ့တဲ့ တိုက်စစ်မှုး အိုရီဂီ ကိုလဲ မနေ့ညက လေ့ကျင့်ရေးကွင်းမှာ ပြန်လည် မြင်တွေ့ခဲ့ရတာကြောင့် ၊ ဒဏ်ရာ အနေအထား က ပြင်းထန်ခြင်း မရှိဘူးလို့ ယူဆရပါတယ်။

ဒီပွဲကို ကွင်းလယ် ဒိုင်လူကြီး အဖြစ် မိုက်ကယ် အိုလီဗာ က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

SM