အာဆင်နယ်အသင်း အားလုံးလည်း ရလဒ်ကောင်း၊Invincibleလည်း ဆက်မြဲခဲ့တာကြောင့် Gooner တို့ အတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့တဲ့ ရက်သတ္တပတ်

နိုဝင်ဘာလ ပထမအပတ်ကတော့ အာဆင်နယ် ပရိသတ်(ဂွန်းနား) တို့ အတွက် ပျော်ရွှင်စရာ ရက်သတ္တပတ်ပါပဲ ။ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်း အားလုံးဟာ ရလဒ်ကောင်းတွေ ရယူ နိုင်ခဲ့ကြပြီး ရှုံးပွဲ လုံးဝ မရှိ ခဲ့ပါဘူး ။

ဒီတစ်ပတ်မှာ အစောဆုံး ကစားခဲ့တဲ့ အာဆင်နယ် အသင်းကတော့ ယူ၁၈ အသင်းပါ ။ အာဆင်နယ် ယူ-၁၈ အသင်းဟာ ရီးဒင်း ယူ၁၈ အသင်းကို အက်ဝဒ် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ် ။

အာဆင်နယ် ယူ၁၈ အသင်းဟာ ၉ ပွဲ ကစားအပြီးမှာ ၅ ပွဲ နိုင် ၂ ပွဲ သရေ ၂ ပွဲ ရှုံး ရမှတ် ၁၇ မှတ် ၊ သွင်းဂိုး ၂၁ ဂိုး ပေးဂိုး ၁၄ ဂိုး နဲ့ အမှတ်ပေး ဇယား အဆင့် ၅ မှာ ရပ်တည် နေပါတယ် ။ အဲ့ဒီ နောက်မှာတော့ အာဆင်နယ် ယူ၂၃ အသင်း ဟာ ပရီးမီးယားလိဂ်၂ ပွဲစဉ် (၁၁) ကို ကစားခဲ့ပါတယ် ။

ယူ-၂၃ အသင်းဟာ လက်စတာ ယူ၂၃ အသင်းကို သုံးဂိုးပြတ် ရှုံးနိမ့် နေရာကနေ နောက်ကနေ လိုက်ကစားပြီး ဒုတိယပိုင်း နာကျင် အချိန်ပိုမှာ သွင်းယူတဲ့ ဂိုးတွေနဲ့ အတူ သရေ တစ်မှတ် ရရှိ သွားခဲ့တာပါ ။ အာဆင်နယ် ယူ၂၃ အတွက် ဂိုးတွေကိုတော့ အကီနိုလာ ၊ ဟက်ချင်ဆန် နဲ့ ဘာလိုဂန် တို့က သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် ယူ၂၃ အသင်းဟာ ၁၁ ပွဲကစား ၊ ၇ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲ ရှုံး၊ သွင်းဂိုး ၃၂ ဂိုး ပေးဂိုး ၂၁ ဂိုး ၊ ရမှတ် ၂၃ မှတ် နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံး မှာ ရပ်တည် နေပါတယ် ။

အာဆင်နယ် အမျိုးသမီး အသင်းရဲ့ အကယ်ဒမီ အသင်းဟာလည်း ဝက်စ်ဟမ်း အမျိုးသမီး အကယ်ဒမီ အသင်းကို ၈ ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရသွား ခဲ့ပါတယ် ။

 

Super Sunday မှာလည်း အာဆင်နယ် အမျိုးသား အသင်းကြီးဟာ အိမ်ကွင်း အမ်းမရိတ်မှာ တန်းတက် ဝက်ဖိုဒ့် အသင်းကို စမစ်ရို ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာကို တက်လှမ်းလာကာ ထိပ်ဆုံးက ချဲလ်ဆီး နဲ့ ၆ မှတ်သာ ကွာပါတော့တယ် ။

ဒီတစ်ပတ်မှာ နောက်ဆုံး ကစားခဲ့တဲ့ အသင်းကတော့ အာဆင်နယ် အမျိုးသမီး အသင်းပါ ။အာဆင်နယ် အမျိုးသမီး အသင်းဟာ ပွဲစဉ်(၆) အဖြစ်မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်း အမျိုးသမီး အသင်း နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

အာဆင်နယ် အမျိုးသမီးအသင်းဟာ ဝက်စ်ဟမ်း အမျိုးသမီး အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ဂိုးတွေကိုတော့ အသင်းခေါင်းဆောင် ကင်လစ်တယ် က ၂ ဂိုး ၊ မိဒ် က ၁ ဂိုး နဲ့ ပြိုင်ဘက် ကစားသမားက ကိုယ့်ဂိုးကိုယ် တစ်ဂိုး သွင်းယူ မိခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ လိဂ်ပြိုင်ပွဲမှာ ၆ ပွဲကစား ၊ ၆ ပွဲနိုင် ၊ သွင်းဂိုး ၂၃ ဂိုး ၊ Clean-Sheet ငါးပွဲ နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ် ။

အာဆင်နယ် အသင်း အားလုံး ရလဒ် ကောင်းခဲ့တဲ့ အပြင် ဒီရာသီမှာ လိဂ်ရှုံးပွဲ မရှိသေးတဲ့ လီဗာပူး အသင်းဟာ ဝက်စ်ဟမ်း ကို ရှုံးနိမ့် သွားခဲ့တာကြောင့် ဒီနှစ်မှာလည်း ဂန်းနားတို့ရဲ့ တစ်ရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် ကို လိုက်မှီမယ့် အသင်း မရှိတော့ပါဘူး ။ ဒါကြောင့် ဂန်းနားတို့ အနေနဲ့ တစ်သင်းတည်းသော ရွှေဖလား ပိုင်ရှင် အသင်း အဖြစ် ဆက်လက် ဂုဏ်ယူ နိုင်တော့မှာ ဖြစ်ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ ဒီလို အောင်ပွဲတွေရတဲ့ ရက်သတ္တပတ်မျိုး အပတ်တိုင်း ကြုံတွေ့ချင်မှာ အသေအချာပါပဲဗျာ ။

SM