အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ မန်ချကစတာ ယူနိုက်တက် အသင်းမှ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေများ

ဆိုးလ်ရှား ထွက်ခွာသွားခဲ့တဲ့နောက် ယာယီ နည်းပြသစ် မိုက်ကယ် ကာရစ် လက်အောက်မှာ ဗီလာ ရီးယဲကို အနိုင် ၊ ချဲလ်ဆီးကို သရေ ကစားထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 12 ပွဲမှာ လီဗာပူး တစ်သင်းထဲကိုသာ ရှုံးနိမ့်ထား ခဲ့ပြီး 2 ပွဲ သရေ ၊ 9 ပွဲ နိုင်ထားတဲ့ အထိ ရလဒ်တွေ ဆက်တိုက် ဆိုသလို ကောင်းမွန်နေခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီပွဲမှာ ယူနိုက်တက်တို့ ဘယ်လို ကစားကွက် ထုတ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ဝက်ဖို့ဒ်နဲ့ ပွဲစဉ်တုန်းက နှစ်ဝါ တစ်နီကြောင့် ထွက်ခွာခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယားဟာ တစ်ပွဲပယ် ပြစ်ဒဏ် ပြည့်မြောက်သွားပြီ ဖြစ်တဲ့ အတွက် အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင် ကစားပေးနိုင်ခွင့် ရှိနေပါပြီ ။

ဒါ့အပြင် ကိုဗစ် ဝေဒနာ သက်သာပျောက်ကင်းပြီး ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အရံခုံပေါ် ပြန်လည် ရောက်လာခဲ့တဲ့ မေဆွန် ဂရင်းဝုဒ် ဟာလည်း ယူနိုက်တက် အတွက် ပြန်လည် ပါဝင်ပေးဖို့ အသင့်ရှိနေပါပြီ ။ ဒါပေမဲ့ ပြန်လည် ပါဝင်လာနိုင်ခြေ နည်းပါးနေတဲ့ ကစားသမား 4 ဦးကို ဖော်ပြပေးလိုက်ပါတယ် ။

(1) အီဒင်ဆန် ကာဗာနီ

အရွတ် ဒဏ်ရာ
ပြန်လာနိုင်တဲ့ ရက်စွဲ : အာဆင်နယ်ပွဲ (ဒီဇင်ဘာ 2)

” ပြသနာက ဒီလိုပါ ။ ရာသီသစ် မစတင်ခင်ကတည်းက ကျွန်တော် ဒီဒဏ်တွေကို ခံစားခဲ့ရပြီး မသက်မသာ ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော် ဒါတွေ မသက်သာခင်အထိ ပြန်လည်ကောင်းမွန်ဖို့ အတော်လေး လေ့ကျင့်ခဲ့ရပါတယ် ။ အဲ့တာပြီးမှ ကျွန်တော် ကစားချိန် မိနစ် အနည်းငယ် ပြန်ရခဲ့တာပါ ။ ကျွန်တော် နိုင်ငံ့အသင်းဆီ အမြဲတမ်း ဒဏ်ရာပြသနာတွေနဲ့ သွားရတာများခဲ့ပါတယ် ”

” ကျွန်တော့်ရဲ့ ဒဏ်ရာ ပြသနာတွေ သက်သာပျောက်ကင်းသွားမှာပါဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော် သွားခဲ့တာချည်းပါပဲ ။ ကျွန်တော့်ရဲ့ ဒဏ်ရာတွေဟာ သိသိသာသာ တိုးတက်လာခဲ့ရပါတယ် ။ ဒါပေမဲ့ တော့တင်ဟမ် နဲ့ ဒဏ်ရာတွေဟာ တဖန်ပြန်လည် ထကြွလာခဲ့ရပါတယ် ” #ကာဗာနီ

(2) ပေါ့ဂ်ဘာ

ပေါင်ဒဏ်ရာ
ပြန်လာနိုင်မဲ့ ရက်စွဲ : ဇန်နဝါရီ

” ဒါက ပေါလ် အတွက် တကယ့်ကို စိတ်မကျေနပ်စရာ ကောင်းလွန်းတဲ့ အရာပါပဲ ။ တခါတလေ ကျွန်တော်တို့ အမြန် ပြန်ကောင်းမှာပါလို့ မျှော်လင့်ချက် ထားလေ့ ရှိတတ်ကြပါတယ် ။ ဒါပေမဲ့ တခါတလေမှာ 6-7 ပါတ်ခန့် ဒဏ်ရာ ရလိမ့်မယ်လို့ ခန့်မှန်းထားချိန်မှာ သူတို့တွေဟာ 10-11-12 ပါတ်လောက် အထိ ဒဏ်ရာ ရရှိသွားလေ့ ရှိတတ်ကြပါတယ် ”

” ကြွက်သား ဒဏ်ရာတွေ ဆိုတာက အဲ့လိုပါပဲ ။ ခန့်မှန်းရ ခက်ခဲလှပါတယ် ။ ပေါလ် နဲ့ ပတ်သက်လို့ သေချာပေါက် ပြောနိုင်တာ တစ်ခုက သူဟာ ဒဏ်ရာကနေ ပြန်လာတဲ့ အခါမှာ အစွမ်းကုန် ကြိုးစားရင်း အကောင်းဆုံး ကစားပြနိုင်လိမ့်မယ် ဆိုတာပါပဲ ။ သူဟာ စိတ်ဓါတ် သန်မာသူ တစ်ဦးပါ ” #ဆိုးလ်ရှား

(3) လုခ်ရှော

ဦးခေါင်း ထိခိုက်ခြင်း
ပြန်လာနိုင်မဲ့ ရက်စွဲ : အာဆင်နယ်ပွဲ ( ဒီဇင်ဘာ 2 )

” လုခ်ရှောဟာ ဦးခေါင်းအပေါ် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ် ။ သူ့ရဲ့ အနေအထားကို စစ်ဆေးလိုက်တဲ့နောက် ဗီလာ ရီးယဲ နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ် ။ သူဟာ အလျင်မီ ပြန်မကောင်းခဲ့ပါဘူး ။ ကံဆိုးလှပါတယ် ” #ကာရစ်

ရှောဟာ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာလည်း ပွဲထွက် ပါဝင်ခြင်း မရှိခဲ့သလို အရံခုံပေါ်မှာလည်း မရှိခဲ့ပါဘူး ။

(4) ရာဖေးလ် ဗာရန်း

ဒူးကောက်ကြော ဒဏ်ရာ
ပြန်လာနိုင်မဲ့ ရက်စွဲ : ဒီဇင်ဘာ အစောပိုင်း

” ရာဖေးလ် ဗာရန်းဟာ ဒူးကောက်ကြော ဒဏ်ရာ ရရှိနေတယ်လို့ အသင်းဖက်မှ ကြေငြာလိုက်ပါတယ် ။ ဒီဒဏ်ရာကြောင့် သူဟာ တစ်လလောက် ပါဝင်နိုင်မှာ မဟုတ်လောက်ပါဘူး ။ ပြန်လည် ထူထောင်ရေး ကာလမှာ အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ကျွန်တော်တို့ ဆုမွန်ကောင်းတောင်းနေကြပါတယ် ”

 

#အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်

#Sports_Myanmar