အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက်် ရော်နယ်ဒို ၊ ဒီဂီယာ ၊ ရပ်ရှ်ဖို့ တို့အနက် ဘယ်သူ့ကို မဲပေးမလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဘရူနို

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ ကွင််းလယ် တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ် က အသင််းရဲ့ တစ်လတာ အကောင်းဆုံးကစားသမားကို ရွေးချယ််ဖို့အတွက် ဒီတစ်ကြိမ်မှာ တကယ်ပဲ ခက်ခဲခဲ့ရကြောင်း ဝန်ခံဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အောက်တိုဘာ အတွင်း ပရိသတ်တွေ လက်ခံရ ခက်ခဲတဲ့ ရလဒ်တွေ ပိုင်ဆိုင််ခဲ့ရ ပါတယ် ။ ဒီအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် စာရင်းမှာ ရော်နယ်ဒို ၊ ဒီဂီယာ နဲ့ ရပ်ရှ်ဖို့ တို့ ပါဝင်ခဲ့ကြ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်စတာ (4 ဂိုး) ၊ လီဗာပူး (5 ဂိုး) အပါအဝင် အောက်တိုဘာလ အတွင််းမှာ ဂိုးတွေ အများကြီး ပေးခဲ့ရပါသေးတယ် ။ ဒါပေမဲ့ အဲ့လောက်ထိ ပေးဂိုးတွေ များခဲ့ရတဲ့ ကြားက ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းတွေဟာ အံ့ဖွယ် ဖြစ်ခဲ့ရပါတယ် ။

သူဟာ အောက်တို့ဘာလ တစ်လလုံး အတွင်းမှာ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ ပွဲစဥ် တစ်ပွဲမှာသာ Clean Sheet ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်မှာ သူဟာ ဂိုးပေါက်ကာကွယ်မှု တစ်ကြိမ်မှ မလုပ်ဆောင်ခဲ့ရပေမဲ့ အခြားပွဲတွေမှာတော့ အရမ်းကို အလုပ်များခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် အတွက် ဒီလမှ လဝက်သာ ပြန််လည် ကစားပေးခွင့် ရရှိနိုင်ခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ဟာ ကစားပေးခဲ့တဲ့ ပွဲစဥ် 4 ပွဲ ( မိနစ် 180 ) အတွင်း 3 ဂိုး အထိ သွင်းယူပေးရင်း ပုံစံကောင်းတွေကို ပြသသွားနိုင်ခဲ့ ပါတယ် ။

အဲ့ဒီထဲမှာ တိုက်စစ်မှူး ရော်နယ်ဒို က အောက်တိုဘာလ အတွင်း ကိုယ်တိုင် 2 ဂိုး သွင်းယူ ၊ 1 ဂိုးသာ ဖန်တီးထားနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ သူရဲ့ သွင်းဂိုးတွေက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အတ္တလန္တာ ၊ ပရီးမီးယားလိဂ်မှာ စပါး တို့ကို အနိုင် ရရှိစေရေးမှာ အရေးပါခဲ့ ပါတယ် ။

အခုတော့ အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဥ် မတိုင်မီ မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က အောက်တိုဘာလ အတွက် မဲပေး ရွေးချယ်ဖို့ ခက်ခဲခဲ့ရတဲ့ အနေအထား တစ်ရပ်မှာ သူဟာ ဂိုးသမား ဒီဂီယာကို မဲပေးခဲ့ကြောင်း ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

” ဒါက ခက်ခဲလှပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ခရစ္စတီယာနိုဟာ ဂိုးတွေ သွင်းယူပေးဆဲမို့လို့ ပါပဲ ။ တကယ့်ကို အရေးကြီးတဲ့ ဂိုးတွေပါ ။ ရပ်ရှီလည်း အတူတူ ပါပဲ ။ ဒေးဗစ်လည်း ဂိုးတွေ ပေးခဲ့ရပါတယ် ။ ဒါ့ကြောင့် ရွေးဖို့ ခက်ခဲနေခဲ့တာ အမှန်ပါပဲ ”

” ဒါပေမဲ့ ဂိုးပေါက် ကာကွယ်သူက ဒေးဗစ်သာ မဟုတ်ခဲ့ရင် ကျွန်တော်တို့ အခုထက်ပိုပြီး ဂိုးတွေ သေချာပေါက်ပိုပေးခဲ့ရမှာပါ ။ ပြီးခဲ့တဲ့ လ,တုန်းက လုပ်ပြခဲ့တာ ၊ ဒီရာသီ အတွင်း လုပ်ပြခဲ့တာတွေကို ထောက်ရှုလိုက်ရင် သူဟာ ဒီဆုနဲ့ ထိုက်တန်လှပါတယ် ”

” ဒါပေမဲ့ အသင်းအတွက် ဂိုးသွင်းပေးနေခဲ့ကြတဲ့ အသင််းဖော်တွေရဲ့ အရေးပါမှုကိုလည်း ကျွန်တော်တို့ သိရှိကြပါတယ် ။ ဒါ့ကြောင့် ကျွန်တော်သာ မဲပေးရမယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ ဒေးဗစ် ကိုပဲ သေချာပေါက် မဲပေးသွားမှာပါပဲ ”

” ကျွန်တော် ပြောခဲ့သလို ပါပဲ ၊ ဒီလအတွက် ရွေးရတာ တကယ့်ကို ခက်ခဲလှပါတယ် ။ ခရစ္စတီယာနိုရော ရပ်ရှီ ပါ အရေးကြီးတဲ့ ဂိုးတွေ သွင်းခဲ့ကြပါတယ် ။ ပရိသတ်တွေ အတွက်လည်း ရွေးရ ခက်နေမှာပါ ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မဲက ဒေးဗစ် အတွက်ပါ ” လို့ ဘရူနို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar