အရှက်တကွဲ ရှုံးနိမ့်မှုအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ ပြောပြလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝက်ဖို့ဒ် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး အစောပိုင်း မိနစ်မှာ ဒီဂီယာ ပင်နယ်တီကာကွယ်နိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာတင် 2 – 0 ၊ ဒုတိယပိုင်း အပြီး 4 – 1 ဆိုတဲ့ ရလဒ်တွေနဲ့ အရှက်တကွဲ ရှုံးနိမ့် သွားခဲ့ရပါတယ် ။

ဒီရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင််းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 7 ပွဲမှာ 5 ပွဲ အထိ ရှုံးနိမ့်ခဲ့ရတဲ့ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင််သွားခဲ့ရပါပြီ ။ ဒါ့အပြင် လိဂ် အမှတ်ပေး ဇယားမှာလည်း တဖြေးဖြေး အောက်ကိုချည်း ဆင်းနေခဲ့ရပါပြီ ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ အစောပိုင်းမိနစ်မှာ ယူနိုက်တက်ကို ကယ်တင်ပေးခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ က ရလဒ်ဆိုး တစ်ခု ထွက်ပေါ်ပြီးချိန်မှာ နည်းပြ နဲ့ ဝန်ထမ်းတွေကို အပြစ်တင်ဖို့ လွယ်ကူကြောင်း ၊ ဒါပေမဲ့ ကစားသ မားတွေ အပြစ်တင်ခံရဖို့ ထိုက်တန်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ပြောစရာ အများကြီး မရှိပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အခုလို ဆော့နေတာမျိုး ကြည့်ရတာက တကယ့်ကို ရှက်စရာပါပဲ ။ ဒါဟာ လက်သင့်ခံစရာ အကြောင်းကို မရှိပါဘူး ။ ကျွန်တော်တို့ ကစားပုံ ၊ လုပ်နေပုံတွေက လက်ခံစရာကို မရှိဘူးလေ ”

” နည်းပြ နဲ့ ဝန်ထမ်းတွေကို ဝေဖန်နေဖို့က တကယ့်ကိုပဲ လွယ်ကူလွန်း ပါတယ် ။ ဒါပေမဲ့ တခါတလေတော့ ဝေဖန်စရာကောင်းသူတွေက ကစားသမားတွေပါပဲ ။ ကျွန်တော်တို့ အခု လုပ်ဆောင်ပြနေတာထက် အများကြီး ပိုလွန်းတဲ့ အရာတွေကို လုပ်ပြနိုင်ဖို့ လိုအပ်နေပါသေးတယ် ”

” ရှက်စရာ ကောင်းလွန်းတဲ့ ပထမပိုင်း ပါပဲ ။ ကျွန်တော်တို့ ပွဲချိန် 45 မိနစ်လောက် ကတည်းက 4 ဂိုးပြတ်တောင် ရှုံးနေခဲ့သင့် ပါတယ် ။ ဒီနေ့ အသင်းရဲ့ ကစားပုံကို စောင့်ကြည့်ရတာတောင် ခက်ခဲလွန်းနေခဲ့ ပါတယ် ။ ဒါက အိပ်မက််ဆိုးတွေ ပြီးရင်း အိပ်မက်ဆိုးတွေ မက်နေရခြင်းပါပဲ ”

” ကျွန်တော်တို့ အကောင်းဆုံး ပေးဆပ်နိုင်ဖို့ ၊ အသင်းအတွက်် တိုက်ပွဲဝင်ဖို့ ကြိုးစားနေခဲ့ပါတယ် ။ သေချာတာက တစ်ခုခုတော့ အကြီးကြီးမှားယွင်းနေပါပြီ ။ ဒါကို ပွဲထဲမှာ မြင်တွေ့နိုင်ပါတယ် ။ ဒါက အရမ်းကို အဆင့်နိမ့်ပါးခြင်း ၊ သနားစရာကောင်းခြင်းမျိုးပါပဲ ။ ပရိသတ်တွေကို နောက်တစ်ကြိမ် တောင်းပန်လိုပါတယ် ”

” ကျွန်တော် ခက်ခဲတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ရပေမဲ့ အမြဲတမ်း ကိုယ့်အပေါ် ယုံကြည်စိတ် ထားရှိခဲ့ပါတယ်် ။ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်း ဆိုင်ရာတွေမှာ သန်မာနေဖို့ လိုအပ်နေပါသေးတယ် ။ ကျွန်တော်တို့က ယူနိုက်တက် အတွက် ကစားဖို့ ၊ ဒီထက် ပိုကောင်းပြနိုင်ဖို့ ပိုက်ဆံတွေ ပေးခံနေရတာပါ ”

” ဒါက မန်ချက်စတာယူနိုက်တက်အသင်း မဟုတ်သလို ကျွန်တော်တို့ ကစားလိုကြတဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး ။ ဒီထက် ပိုပြောဖို့ တကယ်ပဲ ခက်ခဲလှပါတယ် ။ ရလဒ်ပိုင််း ဆိုးရွားနေခဲ့တာ အရမ်းကို ကြာခဲ့ပါပြီ ။ ယူနိုက်တက်လို အသင်းအနေနဲ့ ဆုဖလားတွေ ဆွတ်ခူးဖို့ ၊ အကြီးကြီးတွေ ရယူနိုင်ဖို့ ကြိုးစားနေရမှာပါ ”

” ရိုးရိုးသားသား ပြောပြရရင် ကျွန်တော်တို့ အဲ့တာတွေနဲ့ အရမ်းကို အလှမ်းဝေးနေကြပါပြီ။ ကျွန်တော်တို့ ဆက်လက်် ကြိုးစားရင်း အတူတကွ ပေါင်းဖွဲ့နေဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ အမြဲတမ်း ဒီလို စကား ပြောဖြစ်ပါတယ် ။ အဲ့တာက အမှန်တရားပဲလေ ၊ ကျွန်တော်တို့ တိုးတက်ကြဖို့ လိုနေပါသေးတယ် ” လို့ ဒီဂီယာ က ပြောခဲ့ပါတယ် ။

#Sports_Myanmar