အထုတ်ခံရတဲ့ ဆိုးလ်ရှား အတွက် ဆုတောင်းစကား ၊ အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်ပေးစကား ပြောရင်း အမှန်တရား တစ်ခုကို ပြောပြလိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီး အသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာ က မြို့ခံ ပြိုင်ဖက် ယူနိုက်တက် အသင်းမှ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား အထုတ်ခံလိုက်ရတာနဲ့ ပတ်သက်လို့ ပြိုင်ဖက် အပေါ် အပေါင်း လက္ခဏာဆောင်တဲ့ မှတ်ချက်ပေးစကားတွေ ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဝက်ဖို့ဒ် အသင်းကို အဝေးကွင်းမှာ 4 – 1 ဆိုတဲ့ ရလဒ််နဲ့ အရှက်တကွဲ ရှုံးနိမ့် ခဲ့တဲ့နောက် အသင်းရဲ့ ဘုတ်အဖွဲဲ့ဝင်တွေက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ကြပြီး နည််းပြ ဖြစ်သူရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးဖို့ လုပ်ခဲ့ကြပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဆိုးလ်ရှားဟာ ယူနိုက်တက် နည်းပြ အဖြစ်မှ အထုတ်ပယ်ခံခဲ့လိုက်ရပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 8 နေရာ အထိ ကျဆင်း သွားခဲ့ရပါပြီ ။

အခြားတဖက်မှာတော့ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းဟာ အိမ်ကွင်းမှာ အဲဗာတန် အသင်းကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ကစားနိုင်ခဲ့ပြီး မြို့ခံ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အထက် 9 မှတ် အကွာ ၊ အဆင့် 2 နေရာမှာ ရပ်တည်နေခဲ့ရပါပြီ ။

ဆိုးလ်ရှား လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး အသင်းတို့ဟာ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပြီး အဆိိုပါ ပွဲစဥ်တွေမှာ နော်ဝေသား ဟာ ကတ်တလန်သား ကို အမြဲတမ်း အခက်တွေ့အောင် လုပ်ဆောင်ထားနိုင်သူ ဖြစ်နိုင်ခဲ့ ပါတယ် ။

အခုတော့ အဲဗာတန် အသင်းကို အနိုင် ကစားအပြီး သတင််းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ပြိုင်ဖက် နည်းပြ ဆိုးလ်ရှား အတွက် ဆုမွန်ကောင်း တောင််းပေးလိုက်ပြီး ချီးကျူး စကားဆိုရင်း အမှန်တရား တစ်ခုကို ထုတ်ဖော် ပြောသွားခဲ့လိုက် ပါတယ် ။

ဆိုးလ်ရှား အထုတ်ခံရရေးနဲ့ ပတ်သက်လို့ အမေးခံလိုက် ရချိန်မှာတော့…

” All the best ပါလို့ သူ့အတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။ သူနဲ့ ပြိုင်ဖက်အဖြစ် ရင်ဆိုင်ခဲ့ရတာက တကယ်ပဲ ဝမ်းမြောက်စရာ ဖြစ်ခဲ့ရပါတယ် ။ သူဟာ ကျွန်တော် ဖြစ်ချင်ခဲ့တာထက် ပိုပြီး ကျွန်တော့်ကို အနိုင်ယူပြနိုင်ခဲ့သူ တစ်ဦးပါ ”

” ဒါပေမဲ့ ကျွန်တော် သိထားသလို သူလည်း သိထားတဲ့ အရာ တစ်ခုတော့ ရှိပါတယ် ။ အဲ့တာက ခင်ဗျား အနေနဲ့ မန်ယူနိုက်တက် ၊ မန်စီးတီး ၊ ချဲလ်ဆီး ၊ တော့တင်ဟမ် ၊ လီဗာပူး တို့လို အသင်းတွေကို ကိုင်တွယ်ရမယ် ဆိုရင် ခင််ဗျားတို့ အနိုင်ရရှိဖို့ လိုအပ်တယ်ဆိုတာပါပဲ ”

” ကျွန်တော် ကိုယ်တိုင်လည်း နိုင်ပွဲ ၊ အောင်ပွဲတွေ ရရှိခဲ့လို ဒီမှာ အခုထိ ရှိနေသေးတာပါ ။ အဲ့လိုသာ မဟုတ်ရင် ဒီနေရာမှာ အခြားသူ ရောက်နေလောက်ပါပြီ ။ တစ်နေ့မှာ ကျွန်တော်တို့ ပြန်လည် ဆုံတွေ့ကြမယ်လို့ မျှော်လင့်နေမိပါတယ် ” လို့ ဂွာဒီယိုလာ က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar