အတ္တလန္တာနဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့တဲ့ ရော်နယ်ဒိုကို မိုက်ကယ် ဂျော်ဒန်နဲ့ ခိုင်းနှိုင်းပြီး အမွှမ်းတင် ချီးကျူးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အီတလီမြေမှာ အတ္တလန္တာ အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 4 ကစားခဲ့ပြီး 2 – 2 ဆိုတဲ့ သရေရလဒ် ရယူနိုင်ခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ အမှတ််ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သလို နောက်တစ်ဆင့် တက်ဖို့ အလေးသာသွားခဲ့ပါပြီ ။

ဒီပွဲမှာတော့ အတ္တလန္တာ အသင်းဖက်မှ တိုက်စစ်မှူး အီလီစစ် က ပွဲချိန် 12 မိနစ်မှာ အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ် ။ ဒါပေမဲ့ ပထမပိုင်း ပြီးဆုံးခါနီးမှာတော့ ယူနိုက်တက် တိုက််စစ်မှူး စီ ရော်နယ်ဒို က ခြေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ်ကို ထွက်ပေါ်စေနိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ အတ္တလန္တာ အသင်းရဲ့ နောက်ထပ်် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဇာပါတာက ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြန်ပေမဲ့ ဒုတိယပိုင်း နာကျင် အချိန်ပို မိနစ််မှာ ရော်နယ်ဒို က နောက်တစ်ဂိုး သွင်းယူခဲ့ပြန်ပြီး အသင််းအတွက် အဖိုးတန် သရေ တစ်မှတ်ကို ရရှိသွားစေခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒိုဟာ အတ္တလန္တာ အသင်းကို အိုးလ် ထရပ်ဖို့ဒ်မှာ 3 – 2 နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာလည်း နောက်ကျ မိနစ် အနိုင်ဂိုး သွင်းယူပေးပြီး ဟီးရိုးဖြစ်ခဲ့ပါသေးတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ရော်နယ်ဒိုကို ရှီကာဂို ဘူးလ် အသင်းမှ ဘတ်စကတ်ဘော ဂန္တဝင် မိုက်ကယ်် ဂျော်ဒန် နဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ခရစ္စတီယာနိုဟာ တကယ့်ကို မယုံကြည်နိုင်ဖွယ်ပါပဲ ။ ကျွန်တော်တို့ အားလုံးမှာ လုပ်ရမဲ့အရာ ၊ တာဝန်ယူကြရမဲ့ အရာတွေ ကိုယ်စီ ရှိပါတယ် ။ ခရစ္စတီယာနို က ဒီအသင်း ၊ အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ဦးပါ ။ သူက အဲ့တာကိုပဲ လုပ်ပြနေခဲ့တာပါ ။ သူက အသင်းအတွက် ဂိုးတွေကို သွင်းယူပေးခဲ့တယ်လေ ”

” နှစ်ဂိုး ပေးရတဲ့အတွက် ကျွန်တော်တို့ မပျော်ကြပါဘူး ။ နှစ်ဂိုးလုံးက မဆိုစလောက် ပြောစရာ ဖြစ်ခဲ့ရပါတယ် ။ ပထမ တစ်ဂိုးက လူကျွံသင့်တယ်လို့ ကျွန်တော် တွေးပါတယ် ။ ဒုတိယ တစ်ဂိုးက စင်တီမီတာ လောက်ပဲ လွတ်ခဲ့တာပါ ။ ပြီးခဲ့တဲ့ ရာသီတုန်းကဆို ဒါမျိုးက ကျွံတယ်လို့ ခေါ်ရမှာပါ ။ မဆိုစလောက်လေးပါပဲ ”

” ဒါပေမဲ့ ခရစ္စတီယာနိုက ကျွန်တော်တို့ လိုချင်တဲ့ အခိုက််အတန့်တွေကို ယူဆောင်ပေးနိုင်ခဲ့ပါတယ် ။ အကယ်လို့ ခက်ခဲတဲ့ အခွင့်အရေး တစ်ကြိမ်ရမယ် ၊ အဲ့ဒီ တစ်ကြိမ်် ဘယ်သူ့ကို ရရှိစေချင်လဲလို့ မေးရင် ကျွန်တော့် အဖြေက ခရစ္စတီယာနိုပဲ ဖြစ်နေမှာပါ ။ သူဟာ တကယ့်ကိုမယုံနိုင်ဖွယ်ပါပဲ ”

” နှစ်ဂိုး ပေးခဲ့ရတဲ့အတွက် ကျွန်တော်တို့ မပျော်မရွှင် ဖြစ််ခဲ့ကြရပါတယ် ။ ဒါပေမဲ့ မိုက်ကယ် ဂျော်ဒန်ကို ပိုင်ဆိုင်ထားတဲ့ ချီကာဂို ဘူးလ် အသင်းဟာ ဂိုးပေးရတာလောက်ကို ထည့်တွက် သွားမှာ မဟုတ်ဘူးလို့ ကျွန်တော် သေချာပေါက်် ပြောရဲပါတယ် ”

” ဘောလုံး အသင်းမှာလည်း ကျွန်တော်တို့ ကစားသမားတွေကို ပိုင်ဆိုင်ထားကြပါတယ် ။ အခု အသင်းသားတွေလည်း အဲ့တာမျိုး လုပ်ဆောင်နိုင်စွမ်း ရှိကြလို့ မန်ချက်စတာ ယူနိုက်တက် ၊ ချီကာဂို ဘူးလ် အသင်းတွေဆီ ရောက််နေကြတာပါ ။ သူတို့တွေဟာ သူတို့ရဲ့ အဲ့ဒီလို အရည််အသွေးတွေကိုပါ သယ်ဆောင်လာကြသူတွေပါ ”

” ခရစ္စတီယာနို ကတော့ ကျွန်တော်တို့ အတွက် ကောင်းသထက် ၊ ကောင်းသထက် ၊ ကောင်းသထက် ပိုကောင်းလာခဲ့သူ တစ်ဦးပါ ။ သူဟာ ခံစားချက်တွေ ကောင်းမွန်နေခဲ့ပြီး သူ့ကိုယ်သူ ဆက်လက် မြှင့်တင်နေခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar