ဟာလန်းအတွက် ဘယ်အသင်း ၊ ဘယ်သူနဲ့ တွဲဆော့တာ ပိုကောင်းမလဲ ၊ ဒီနှစ် ဘယ်အသင်းတွေ ချန်ပီယံလိဂ် ဆွတ််ခူးနိုင်မလဲဆိုတာ ပြောပြလိုက်တဲ့ လိုသာ မားသက်စ်

စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်းဟာ ပြီးဆုံးခဲ့တဲ့ နွေအပြောင်းအရွှေ့ အတွင်း အသင်း ခေါင်းဆောင် ဆာဂျီယို ရာမို့စ် ကို PSG အသင်းဆီ လက်လွှတ် ဆုံးရှုံးခဲ့ရ သလို နောက်ထပ် ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ရာဖေးလ် ဗာရန်း ကိုလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောင်းချဖြစ်ခဲ့ပါတယ် ။

အဲ့တာတွေ မတိုင်ခင် လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ရီးယဲ တို့ဟာ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကို အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်းဆီကို ရောင်းချဖြစ်ခဲ့ပါသေးတယ် ။ အဲ့ဒီနောက် အသင်းရဲ့ ပုံရိပ််ရော ကစားပုံတွေပါ အတော်လေး ကျဆင်းလာခဲ့ရပါတယ် ။

ဒီနွေမှာတော့ သူတို့ဟာ အသင်း ခေါင်းဆောင် ရာမို့စ်ကို အဆုံးရှုံးခံခဲ့ပြီး အဆိုပါ နေရာကို ဘိုင်ယန် မြူးနစ် အသင််းမှ နောက်ခံလူ ဒေးဗစ် အလာဘာ နဲ့ အစားထိုးခဲ့ပါသေးတယ် ။ အခုတော့ ဂျာမန် ဂန္တဝင် လိုသာ မားသက်စ် က အလာဘာဟာ ရာမို့စ်ရဲ့ နေရာကို အစားထိုးနိုင်သူမဟုတ်ကြောင်း ပြောကြားခဲ့လိုက် ပါတယ် ။

” ရာမို့စ် မရှိတော့တဲ့ ရီးယဲ မက်ဒရစ် အသင်းဟာ သူတို့ရဲ့ အမှတ်သင်္ကေတကို ဆုံးရှုံးသွားခဲ့ပါပြီ ။ အလာဘာ ဆိုတာ ခမ်းနားတဲ့ ကစားသမား တစ်ဦးပါ ။ ဒါပေမဲ့ သူဟာ ရာမို့စ်လို ပုံရိပ် ကြီးမားလွန်းတဲ့ လွှမ်းမိုးနိုင်သူတော့ မဟုတ််ပါဘူး ။ သူဟာ ရာမို့စ် လို ခေါင်းဆောင်မျိုး မဟုတ်ပါဘူး ” လို့ လိုသာ မားသက်စ် က ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် လိုသာ မားသက်စ် က ဒေါ့မွန် ကြယ်ပွင့် အာလင်း ဟာလန်းဟာ ဘိုင်ယန် မြူးနစ် အသင်းဆီ ရောက်ရှိ လာနိုင်ဖွယ် ရှိကြောင်း ၊ သူဟာ လီဝန်ဒေါစကီး နဲ့ အတူ တွဲဖက် ကစားရမှာတော့ မဟုတ်ကြောင်း ၊ ဟာလန်း အတွက်် ရီးယဲ မက်ဒရစ် မှာ အမ်ဘာပေ နဲ့ အတူ ကစားတာက ပိုကောင်းလိမ့်မယ်လို့ ပြောခဲ့လိုက် ပါတယ် ။

” ရောဘတ် လီဝန်ဒေါစကီးရဲ့နောက် ဟာလန်းဟာ ဘိုင်ယန် မြူးနစ် အသင်းမှာ အဆုံးသတ် သွားနိုင်ဖွယ် ရှိနေပါတယ် ။ အတူတော့ တွဲကစားရမှာ မဟုတ်ဘူးပေါ့ဗျာ ။ သူ့အတွက်တော့ ရီးယဲ မက်ဒရစ် အသင်းမှာ အမ်ဘာပေ နဲ့ အတူ တွဲဖက် ကစားတာက ပိုမို အံဝင် ၊ သင့်တော် စေနိုင်ပါလိမ့်မယ် ” လို့ လိုသာမားသက်စ် က ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ဘယ်သူတွေ ပိုမို ဆွတ်ခူးနိုင်ခြေ ရှိလိမ့်မလဲ ဆိုတဲ့အကြောင်း အမေးခံလိုက်ရချိန်မှာတော့ လိုသာ မားသက်စ်က လာလီဂါ ကလပ််တွေထက် အင်္ဂလိပ် ကလပ်တွေနဲ့ သူ့ရဲ့ အသင်းဟောင်း ဘိုင်ယန် မြူးနစ် တို့က ဆွတ်ခူး နိုင်ခြေ ပိုများကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော့် အတွက်တော့ ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ရေပန်း အစားဆုံး အသင်းတွေက ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး နဲ့ ဘိုင်ယန် မြူးနစ် အသင််းတွေ ပါပဲ ။

ဘာစီလိုနာ အသင်းမှာက သူတို့ရဲ့ ကိုယ်ပိုင်် ပြသနာတွေ ရှိနှင့်ပြီးသားပါ ။ အက်သလက်တီကို မက်ဒရစ် အသင်းကလည်း အမြဲ ကြောက်ဖို့ကောင်းလှပါတယ် ”

” ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ ကောင်းကြပါစေ ၊ လက်ရှိ အချိန်မှာ မန်စီးတီး ၊ လီဗာပူး အသင်းတွေလောက််တော့ မကောင်းကြသေးပါဘူး ” လို့ လိုသာ မားသက်စ် က သူ့ရဲ့ အတွေးတွေကို အခုလို ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar