ဝက်ဖို့ဒ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လိုက်တဲ့ ကာရေဂါ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဝက်ဖို့ဒ် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ နောက်ထပ် အရှက်တကွဲ ရှုံးနိမ့် သွားခဲ့ရပါတယ် ။ ဒါဟာ ပရိသတ်တွေ အတွက်တော့ လင်သင့်ခံနိုင်စရာ မရှိတဲ့ ရလဒ်ဆိုး တစ်ခုပါပဲ ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပွဲစဥ် စတင်ပြီး 8 မိနစ် အကြာမှာပဲ ဘရူနို ၊ တော်မီနေး တို့ရဲ့ အမှား ကျူးလွန်မှုတွေကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီဂီယာ က ထူးထူးခြားခြား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ အတွက်် သက်သာရာ ရရှိခဲ့ပါတယ် ။

ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ အသင်းလိုက် ကစားပုံ စိတ်ပျက််ဖွယ် ကောင်းမွန်မှုတွေနဲ့ အတူ ယူနိုက်တက် တို့ဟာ ပထမပိုင်း မှာပဲ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ်် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဗန်ဒီ ဘိခ်က ကောင်းမွန်တဲ့ ကစားပုံနဲ့ အတူ ခြေပဂိုး သွင်းနိုင်ခဲ့ ပါတယ် ။

အဲ့တာကလွဲရင် ယူနိုက်တက် တို့ရဲ့ ကစားပုံဟာ အားရ ကျေနပ်စရာ လုံးဝမရှိခဲ့ပဲ ပွဲချိန် 69 မိနစ်မှာ အသင်း ခေါင််းဆောင် ဟယ်ရီ မက်ဂွားယား နှစ်ဝါ တစ်နီ နဲ့ ထွက်ခဲ့ရခြင်း က စိတ်ပျက်စရာပါ ဖြစ်သွားခဲ့ရ ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ အပြန်အလှန် ကစားနိုင်ခဲ့ပါသေးတယ် ။

အဲ့ဒီနောက် ပွဲချိန် နာကျင်ချိန်ပို မိနစ်တွေမှာ ဝက်ဖို့ဒ် အသင််းဖက်မှ နှစ်ဂိုး ဆက်တိုက် သွင်းယူခဲ့တဲ့နောက်တော့ ယူနိုက်တက် တို့ဟာ ပွဲစဥ်ကို အရှက်တကွဲ ရှုံးနိမ့် သွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက်တို့ အမှတ််ပေး ဇယား အဆင့် 7 နေရာကို ရောက်သွားခဲ့ပါပြီ ။

အခုတော့ လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ က ဝက်ဖို့ဒ် လို ပြိုင်ဖက်ကောင်း မဟုတ်တဲ့ အသင်းမျိုးကို 4 – 1 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အထူး ဝေဖန် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

” လူတွေ ကျွန်တော့်ကို ဘာပြောကြမလဲ ဆိုတာတွေကို $ ဂရု မစိုက်ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနှင့်ပြီးသားပါ ။ ဝက်ဖို့ဒ်လို အသင်းကို 4 – 1 နဲ့ ရှုံးစရာ အကြောင််းကို မရှိပါဘူး ”

” ခင်ဗျားတို့ကို ဘယ်လို ကစားဖို့ ညွှန်ကြားထားသလဲ… ကစားသမားတွေ သူ့ (ဆိုးလ်ရှား) အပေါ် လေးစားသမှု ရှိရှိ ၊ မရှိရှိ ဗျာ ၊ သူတို့တွေ ဒီနေ့ ပြသခဲ့ကြတဲ့ စွမ်းဆောင်ရည််တွေက တကယ့်ကို ကျက်သရေမဲ့လွန်းလှ ပါတယ် ”

” ဒါက ကမ္ဘာ့ ဘောလုံးအားကစား လောကမှာ လစာတွေ အများဆုံး ပေးချေနေရတဲ့ ၊ စျေးအကြီးဆုံး ဖြစ်တဲ့ ၊ အကောင််းဆုံး ကစားသမားတွေ စုနေတဲ့ အသင်း တစ်သင်းပါ ။ ဒီပွဲရဲ့ စွမ်းဆောင်ရည်က တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ပါပဲ ”

” သူတို့ အသင်းက ကစားသမားအချို့ရဲ့ ကစားပုံကို ကြည့်နေရတာက တမင် အပြစ်တင် ရှုံ့ချ ခံရအောင် လုပ်နေကြသလို ပါပဲ ” လို့ ဂျေမီ ကာရေဂါက ယူနိုက်တက် အသင််းမှ ကစားသမားတွေ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက် သွားခဲ့လိုက််ပါတယ် ။

#Sports_Myanmar