လုခ်ရှော အင်္ဂလန်အတွက် အရွေးခံသင့် ၊ မခံသင့် အပေါ် အမြင်မတူခဲ့ကြတဲ့ မီကာ ရစ်ချက် နဲ့ ခရစ် ဆပ်တွန်

မန်စီးတီး နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ နောက်ခံလူဟောင်း ဖြစ်တဲ့ မီကာ ရစ်ချက် က ပုံစံကောင်းတွေ မပြသနိုင် ဖြစ်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ နောက်ခံလူ လုခ်ရှော အနေနဲ့ သံသယတွေကို ဖြေရှင််းဖို့ အခွင့်အရေး ရသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် 2 နေရာနဲ့ ရာသီ ပိတ်သိမ်းခဲ့ချိန်် လုခ်ရှောဟာ အထူးပုံစံကောင်း ပြသနိုင်သူ တစ်ဦး ဖြစ်ခဲ့ပြီး နွေတုန်းကလည်း ယူရိုပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင်် အသင်းအတွက် အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ် ။

လုခ်ရှောဟာ ယူရို 2020 ပြိုင်ပွဲမှာ တိုက်စစ်ရော ခံစစ် ကစားပုံပါ ထူးကဲသူ တစ်ဦး ဖြစ်ခဲ့ပြီး အင်္ဂလန် အသင်းကို ဖိုင်နယ် တက်ရောက်စေရေးမှာ အရေးပါသူ တစ်ဦး ဖြစ်နိုင်ခဲ့ပါသေးတယ် ။ အဆိုပါ ဖိုင်နယ်မှာ လုခ်ရှောက အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အင်္ဂလန်တို့ဟာ အီတလီကို 3 – 2 နဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ လုခ်ရှောဟာ ကလပ် အသင်းအတွက် အထူး ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန် နေခဲ့ရပါတယ် ။

သူဟာ ဒီရာသီ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 14 ကြိမ် ပွဲထွက် ကစားပေးခဲ့ရာမှာ 2 ကြိမ်သာ ဂိုးဖန်တီးနိုင်ခဲ့ပြီး ဂိုး သွင်းယူပေးနိုင်စွမ်း ကင်းမဲ့နေခဲ့ရ ပါတယ် ။ ဒါ့ကြောင့် သူအပေါ် ဝေဖန်သူတွေ ရှိခဲ့ကြပါတယ် ။

ဒါ့အပြင် ဒီရာသီအတွင်း အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ပုံစံကောင်းတွေ မပြသနိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာ သူ့ရဲ့နေရာကို လိုက်လံဖြည့်စွက်ကစားပေးခဲ့တဲ့ လုခ်ရှောဟာ အမှားကျူးလွန်မှုတွေလည်း ရှိခဲ့တဲ့အတွက် အင်္ဂလန် အသင်းမှာ အရွေးခံသင့် မခံသင့် ဝေဖန်ခံခဲ့ရပါတယ် ။

အခုတော့ BBC Radio 5 Live မှာ ပြုလုပ်သွားတဲ့ အမေးအဖြေ ကဏ္ဍမှာ ခရစ် ဆပ်တွန် က ဒီရာသီ ယူနိုက်တက် အသင်းအတွက် ပုံစံကောင်းတွေ မပြသနိုင်ခဲ့တဲ့ လုခ်ရှော အရွေးမခံသင့်ဘူးလို့ ပြောခဲ့ချိန်မှာ မီကာ ရစ်ချက် က မတူညီတဲ့ သူ့ရဲ့ သဘောထားကို ပြန်လည်ပြောပြသွားခဲ့လိုက််ပါတယ် ။

” အရင်လို ပုံစံကောင်းတွေကို မပြသနိုင်ခဲ့ပေမဲ့ သံသယတွေ ဖြစ်ခံနေခဲ့ရတဲ့ လုခ်ရှောအတွက် အကျိုးခံစားမှုတွေ ပေးသင့်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အသင်းအတွက် တကယ့်ကို ထူးကဲလွန်းတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ဖူးလို့ ပါပဲ ။ သူဟာ ယူရို ဖိုင်နယ်မှာ တစ်ဂိုး သွင််းယူပေးနိုင်ခဲ့တယ်လေ ”

” အကယ်လို့ ဒီတစ်ကြိမ်မှာသာ သူဟာ ကစားသမား စာရင််းက အထုတ်ခံခဲ့ရမယ်ဆိုရင် မေးခွန်းတွေ အများကြီး အထုတ်ခံရပါလိမ့်မယ် ။ လက်ရွေးစင် အသင်းအတွက် ကစားသမား ရွေးချယ်တယ်ဆိုတာ အမြဲတမ်း ဒီလိုတော့ လုပ်လို့ မရနိုင်ပါဘူး ”

” အချို့ မန်နေဂျာတွေက လုပ်ကြသလို အချို့ မန်နေဂျာတွေက မလုပ်ကြပါဘူး ။ အကယ်လို့ လုခ်ရှော သာ အခု ကစားသမား စာရင်းထဲ မပါဝင်ခဲ့ရင် သူ့အပေါ် အရမ်းကို ရက်စက်ရာ ကျသွားပါလိမ့်မယ် ” လို့ မီကာ ရစ်ချက် က သူ့ရဲ့ အတွေးကို ပြန်လည် ပြောပြ သွားခဲ့လိုက်ပါတယ် ။

လက်ရှိ အချိန်မှာ လုခ်ရှောဟာ ပုံစံကောင်းတွေ မပြသနိုင်ခဲ့ပေမဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကစားရမဲ့ အင်္ဂလန် အသင််းရဲ့ ကစားသမား စာရင်းထဲ ရွေးချယ် ခံခဲ့ရပါတယ် ။ ဒါပေမဲ့ သူ့ထက် ပုံစံကောင်း ပိုမိုပြသထားနိုင်ခဲ့တဲ့ ကစား သမားတွေ ရှိနေတဲ့အတွက် ပွဲထွက်ခွင့် ရနိုင်ဖို့ မသေချာလှပါဘူး ။

#Sports_Myanmar