လီဗာပူး သရေ ၊ မန်ချက်စတာမှာ အပြာရောင်လွှမ်းမယ်ဆိုတဲ့ . . . EPL Week 11 အတွက် ခန့်မှန်းချက်များ

 

ပရီးမီးယားလိဂ် ကတော့ ပွဲစဉ် ၁၁ ကို ရောက်ရှိလို့ လာခဲ့ပါပြီ ။ ထိပ်ဆုံးမှာချဲလ်ဆီး က ၃ မှတ် အသာနဲ့ လွတ်လွတ် ကျွတ်ကျွတ် ဦးဆောင်နေပြီး လီဗာပူး ၊ မန်စီးတီး တို့က လိုက်လံ ဖိအားပေး နေပါတယ် ။ ဒေးဗစ် မိုရက်စ် ရဲ့ ဝက်ဟမ်း ကလည်း ပုံစံကောင်းတွေ ဆက်တိုက်ပြပြီး မန်စီးတီး နဲ့ အမှတ်တူ ၊ အဆင့် ၄ နေရာမှာ ရှိနေခဲ့ ပါတယ် ။ မနေ့ညက ပွဲမှာ နည်းပြ ဘ၀ ပွဲ ၁၀၀၀ ပြည့်သွားတဲ့ ဒေးဗစ် မိုရက်စ် ကို ဝက်စ်ဟမ်း ရဲ့ တိုးတက်မှုတွေ အတွက် အဓိက ချီးကျုး ရမှာပါ ။

ဒီတပတ် မှာတော့ မန်ချက်စတာ ၂ သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှု ၊ ကွန်တီ ရဲ့ စပါး နည်းပြ ဘ၀ ပထမဆုံး စမ်းသပ်ပွဲ ၊ ဒေးဗစ် မိုရက်စ် ရဲ့ ဂျာဂင် ကလော့ စာမေးပွဲတွေ နဲ့ အတူ ပရိသတ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင် နေဦးမှာပါ ။ ဒါကြောင့် ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အတွက် Sky Sports သတင်း ဌာနက လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်း သုံးသပ်မှုတွေကို ဖော်ပြပေး လိုက်ရ ပါတယ် ။

 

၁ ။ မန်ချက်စတာ ယူနိုက်တက် – မန်ချက်စတာ စီးတီး

အဆုံးအဖြတ်ပေးမယ့် ၃ ပွဲထဲက ၂ ပွဲကို ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ် နဲ့ ဆိုးရှား ဖြတ်ကျော်ခဲ့ပြီး ပါပြီ ။ အန်တိုနီယို ကွန်တီ လည်း စပါး နည်းပြ ဖြစ်သွားပြီမို့ ဒီပွဲ ရှုံးလည်း နော်ဝေသား ထိုင်ခုံ ဆက်မြဲ နေမှာပါ ။

စပါး ကို နိုင်ခဲ့ပေမယ့် ယူနိုက်တက် ရဲ့ ကစားပုံက အားရစရာ မရှိပါဘူး ၊ ဒါကို အတ္တလန်တာ နဲ့ ပွဲမှာ သက်သေထူထား ခဲ့ ပါတယ် ။ ရိုနယ်ဒို သာ မရှိခဲ့ရင် ဆိုတဲ့ မေးခွန်းက ဒီရာသီ ယူနိုက်တက် ပရိသတ်တွေကို ခြောက်လှန့် နေမှာပါ ။

မန်စီးတီး ကတော့ အထောင် တိုက်စစ်မှူး မပါဘဲနဲ့ကို အလုပ်ဖြစ်နေပါတယ် ။ ဒါပေမယ့် အသင်းကြီးတွေ နဲ့ ကစားတဲ့ ပွဲတွေ ဆိုရင်တော့ ဒါက တကယ် သိသာတဲ့ ကိစ္စ ဖြစ်လာခဲ့ပြန် ပါတယ် ။

ဒီပွဲမှာ အဓိက ဆုံးဖြတ်သွားမှာက ယူနိုက်တက် ရဲ့ ကစားပုံပါပဲ ။

အသင်းကြီး တသင်းလို ကစားနိုင်ရင် စီးတီး တိုက်စစ် ထိုးဖောက်ရ ခက်မယ် ၊ အသင်းငယ် တသင်း အဆင့်လောက်ပဲ ရှိရင်တော့ ၆-၁ ပွဲမျိုး နောက်တခါ ပြန်မြင်သွားရ နိုင်ပါတယ် ။

ဗာရန်း ပဲ နာနာ ၊ မက်ဂွဲယား ဘယ်လောက်ပဲ ခြေကျကျ ဆိုးရှား ကတော့ နောက်တန်း ၃ ယောက် ကစားကွက် ကို ခင်းသွားမှာပါ ။ ဘိုင်လီ ၊ လင်ဒီလော့ဖ် နဲ့ မက်ဂွဲယား တို့ ကျိန်းသေပါလာမှာပါ ။ လူစာရင်းက အခုတည်းကတောင် ခန့်မှန်းလို့ ရနေပါပြီ ။

စီးတီး ကတော့ တိုက်စစ်မှာ ဘယ်သူတွေ ပါလာမလဲ ဆိုတာ ပြောရခက်ပါတယ် ။ ဒီဘရိုင်းနား ဒဏ်ရာ ကနေ ရုန်းကန် နေရဆဲ ဖြစ်ပြီး ခြေမပေါ်သေးပေမယ့် လူစာရင်း ကနေ ချန်လှပ် ခံရလောက်အောင်တော့ မညံ့သေး ပါဘူး ။

တခု ရှိတာက လာပေါ့တ် အနီကတ် ထိထားတဲ့ အတွက် စီးတီး ခံစစ် အားလျော့ နိုင်ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် မှာက ရိုနယ်ဒို ပဲ ရှိတာပါ ။ ရိုနယ်ဒို ကို ထိန်းထားနိုင်ရင် စီးတီး မရှုံးနိုင်ပါဘူး ။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၀ – ၂ မန်စီးတီး

၂ ။ ချဲလ်ဆီး – ဘန်လေ

ချန်ပီယံ ခြေစွမ်းမျိုး နဲ့ ဇယားထိပ်မှာ ဦးဆောင် နေတဲ့ ချဲလ်ဆီး အတွက်တော့ နောက်ထပ် နိုင်ပွဲ တပွဲ လို့သာ ပြောလိုက်ချင် ပါတယ် ။

တိုက်စစ်မှူးတွေ မပါ နိုင်တာတောင်မှ ဂိုးပြတ် နိုင်ပွဲတွေကို သောမတ်စ် တူချယ် ရဲ့ ချဲလ်ဆီးက ဆက်လက် ဖော်ဆောင် နေဆဲ ပါပဲ ။

ဘယ်သူတွေ ဂိုးသွင်းမလဲ ဆိုတာ မသိရနိုင်တာ ကိုက ချဲလ်ဆီးပွဲတွေ ကြည့်ရတာရဲ့ အရသာပါပဲ ။

ဘန်လေ ကတော့ ရှိသမျှ အားနဲ့ ခံစစ်ကို အထိုင်ချပြီး တန်ပြန် တိုက်စစ် ၊ အမြင့်ဘောတွေ ၊ တည်ကန်ဘောတွေ ကနေ ထိုးနှက်ဖို့ ပြင်ဆင် လာမှာပါ ။ ဒါပေမယ့် မေးချင်တာက သူတို့ အခွင့်အရေး ဘယ်နှကြိမ် ရမှာလဲ ?

ချဲလ်ဆီး နဲ့ ဆုံတဲ့ နောက်ဆုံး ၁၄ ကြိမ် မှာ ဘန်လေ က ၁ ကြိမ်တည်း နိုင်ထားပါတယ် ။ တနေ့ မှာတော့ နောက်တကြိမ် ထပ်နိုင်ဦးမှာပါ ၊ ဒါပေမယ့် ဒီတပတ် မဟုတ်တာတော့ အသေအချာပါပဲ ။

ခန့်မှန်းချက် – ချဲလ်ဆီး ၃ – ၀ ဘန်လေ

၃ ။ အာဆင်နယ် – ဝက်ဖိုဒ့်

ခြေမှန်ပြီး ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ အာဆင်နယ် ကို ဝက်ဖိုဒ့် ဘယ်လိုမှ တွန်းလှန် နိုင်မှာ မဟုတ်ပါဘူး ။

နောက်ဆုံး ၇ ပွဲမှာ ၄ ဂိုးတည်း ပေးရတဲ့ အထိ အာဆင်နယ် ခံစစ် ကလည်း တိုးတက် လာပါပြီ ။ အာရွန် ရမ်းစ်ဒဲလ် ကလည်း အကောင်းဆုံး လက်စွမ်းပြနေပါတယ် ။

ဒီပွဲမှာလည်း သူတို့ Cleansheet ရသွားဦးမှာပါ ။

ရာနီရေးနီ အောက်မှာ ဝက်ဖိုဒ့် က မတည်ငြိမ်သေးပါဘူး ။ တပွဲ ကောင်းလိုက် နောက်တပွဲ ညံ့လိုက် ဖြစ်နေတုန်းပါပဲ ။

ဒီပွဲကတော့ သူတို့ ညံ့မယ့် ပွဲမျိုးပါ ။

ခန့်မှန်းချက် – အာဆင်နယ် ၃ – ၀ ဝက်ဖိုဒ့်

၄ ။ အဲဗာတန် – တော့တင်ဟမ် ဟော့စပါး

အန်တိုနီယို ကွန်တီ ရဲ့ ပထမဆုံး စာမေးပွဲက ( ပရီးမီးယားလိဂ် ) အဲဗာတန် နဲ့ ဖြစ်နေပါတယ် ။ ရာဖေး ဘင်နီတက် ဟာ ကွန်တီ လိုပဲ နည်းစနစ် ပိုင်နိုင်သူ တယောက် ဖြစ်ပြီး အဲဗာတန် လူစာရင်း ကလည်း စပါး နဲ့ မတိမ်းမယိမ်းမှာ ရှိနေပါတယ် ။

နည်းဗျုဟာ အားပြိုင်မှု ၊ ကွင်းထဲက ကစားသမားတွေရဲ့ အားပြိုင်မှုတွေကို မြင်ရမယ့် ပွဲကောင်း တပွဲ ဖြစ်လာမှာပါ ။

နည်းပြအပိုင်းမှာ ကွန်တီ က နည်းနည်းသာပါတယ် ၊ ဒါပေမယ့် သူ စပါးကို ကိုင်တာ ရက်ပိုင်းပဲ ရှိပါသေးတယ် ။ ဘင်နီတက် က အဲဗာတန် ကို ရာသီအစကတည်းက ကိုင်လာခဲ့တာပါ ။ ဒါကြောင့် ဒီနေရာမှာ သရေလို့ပဲ သတ်မှတ်ချင်ပါတယ် ။

ကစားသမား အပိုင်းမှာတော့ စပါးက နှာတဖျား သာ နေပါတယ် ။ ကွန်တီ ရောက်လာလို့ စိတ်ဓါတ်လည်း တက်နေပါတယ် ။ ဒါကြောင့် စပါးကပဲ ကပ်ပြီး နိုင်သွားမှာပါ ။

ခန့်မှန်းချက် – အဲဗာတန် ၁ – ၂ တော့တင်ဟမ် ဟော့စပါး

၅ ။ ဝက်ဟ်စ်ဟမ်း – လီဗာပူး

လုံး၀ စောင့်ကြည့် သင့်တဲ့ ပွဲတပွဲပါပဲ ။ ဝက်စ်ဟမ်း ဟာ ဒေးဗစ် မိုရက်စ် လက်အောက်မှာ အလယ်အလတ် ထက် သာလွန်တဲ့ အဆင့်တခုကို ရောက်လာ နေပါပြီ ။ ပြည်တွင်းမှာရော ဥရောပမှာပါ သူတို့ အခြေအနေ ကောင်းနေခဲ့တာပါ ။

လီဗာပူး ကတော့ ချန်ပီယံလိဂ် ရဲ့ မရဏ အုပ်စုမှာ ပြိုင်ဘက်တွေထက် သာလွန်ကြောင်းကို ပြသပြီး နောက်တဆင့် လက်မှတ်ကို စောစော စီးစီး ရယူထားခဲ့ ပါတယ် ။ ဒါက သူတို့ကို စိတ်ဓါတ် တက်ကြွ နေစေမှာပါ ။

တခုသတိပြုရမှာက မိုရက်စ် ရဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံမှု ရလဒ်ပါပဲ ။ ဟမ်းမား ပဲ့ကိုင်ရှင် ဖြစ်လာ အပြီးမှာ မိုရက်စ် ဟာ Top Six အသင်းတွေနဲ့ ပရီးမီးယားလိဂ် မှာ ၁၄ ကြိမ် ဆုံခဲ့ပြီး ပါပြီ ။ ၂၀၂၀ တုန်းက ချဲလ်ဆီး ကို ၃-၂ နဲ့ နိုင်တဲ့ တပွဲသာ ရှိခဲ့ ပါတယ် ။ ကျန် ၁၃ ပွဲမှာ ၁၁ ပွဲ အထိ ရှုံးထားခဲ့တာပါ ။

ဒီမှတ်တမ်းက အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဝက်စ်ဟမ်း ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ် ။ လီဗာပူး ကို ဂိုးစောစော ပေးလိုက်ရမယ် ဆိုရင် ဝက်စ်ဟမ်း ပြန်လာ နိုင်ဖို့ ခက်မှာပါ ။

ဒါပေမယ့် ဝက်ဟမ်း သာ ဂိုးအရင် ရမယ်ဆိုရင်တော့ ဒီပွဲဟာ သရေ ရလဒ် နဲ့ အဆုံးသတ်သွားဖို့ အလားအလာ များနိုင်ပါတယ် ။

ခန့်မှန်းချက် – ဝက်စ်ဟမ်း ၂-၂ လီဗာပူး

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ဆောက်သမ်တန် ၁-၀ အက်စတွန် ဗီလာ

 

၇ ။ ဘရန့်ဖိုဒ့် ၁-၀ နောဝှစ်ချ် စီးတီး

 

၈ ။ ခရစ္စတယ် ပဲလေ့စ် ၁-၁ ဝုဗ်

 

၉ ။ ဘရိုက်တန် ၃-၀ နယူးကာဆယ်

 

၁၀ ။ လိဒ်ယူနိုက်တက် ၂ – ၂ လက်စတာ စီးတီး

 

SPORTS MYANMAR