လန်ဒန်ကော်နေး လေ့ကျင့်ရေးကွင်းမှာ အာဆင်း ရဲ့ ဓါတ်ပုံ အကြီးကြီး ထားထားတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း ဟာ သူတို့ရဲ့ လန်ဒန် ကော်နေး လေ့ကျင်းရေးကွင်း အဝင်ဝမှာ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ပြုံးပြီး လက်ပြ နှုတ်ဆက် နေတဲ့ပုံကို နံရံမှာ ထားရှိ ထားပါတယ် ။ အာဆင်းရဲ့ ပုံကို ထားရှိတာဟာ လက်ရှိ နည်းပြ အာတီတာ ရဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။

Arsene Wenger :Invincible premier ပွဲမှာ Goal အားကစား သတင်းဌာန ဟာ လန်ဒန်ကော်နေး လေ့ကျင့်ရေးကွင်းမှာ အာဆင်ဝင်းဂါး ရဲ့ ဓါတ်ပုံ ဘာကြောင့် ထားရှိဖို့ ဆုံးဖြတ်တာလဲ လို့ အာတီတာ ကို မေးမြန်း ခဲ့ ပါ တယ် ။

အာတီတာ က ” ကျွန်တော့်မှာ အသင်းမှာ ပျောက်ဆုံး နေတဲ့ အရာအချို့ကို ပြန်လည် ယူဆောင် ပေးချင်တဲ့ စိတ်ဆန္ဒ ရှိပါတယ် ။ ဒါကြောင့် လေ့ကျင့်ရေးကွင်း အဝင်ဝမှာ စိတ်အားတက်ကြွမှု ဖြစ်စေမယ့် ဓါတ်ပုံ နဲ့ စာစု အချို့ကိုထားရှိဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။ ”

” လန်ဒန်ကော်နေး လေ့ကျင့်ရေးကွင်းကြီးမှာ အာဆင်း လုပ်ပြခဲ့တဲ့ အရာတွေ ၊ အမ်းမရိတ်ကွင်းကြီးမှာ သူတည်ဆောက်ပေးခဲ့တဲ့ အရာတွေကြောင့် သူ့ပုံရိပ်က ဒီမှာ ရှိကို ရှိသင့်တယ်လို့ ကျွန်တော် ကတော့ မြင်ပါတယ် ။ ”

အာဆင်း ဓါတ်ပုံ စတင် ထားရှိတဲ့ နေ့ရက်ကစပြီး အာဆင်နယ် ကစားသမားတွေဟာ လေ့ကျင့်ရေး ကွင်းထဲ ဝင်လာတဲ့ အချိန်တိုင်း ဂန္တဝင် နည်းပြကြီး ပုံနဲ့ High Five လုပ်လေ့ ရှိကြပါတယ် ။

ဒီအကြောင်းကို အာတီတာ က ” ကစားသမားတွေရဲ့တုန့်ပြန်မှုကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ ၊ သူတို့ High five လုပ်ကြမယ်ဆိုတာ ကျွန်တော် ကြိုသိခဲ့ပါတယ် ၊ အဲ့ဒီပုံထဲက အာဆင်း ရဲ့ မျက်လုံးကို ကြည့်လိုက်တာနဲ့တင် ကစားသမားတွေကို စိတ်ဓတ် နှိုးဆော်မှု ဖြစ်စေမှာပါ ၊ ကစားသမားတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ် ။ ”

” သူ(အာဆင်း) ကို အသင်းမှာ ရှိနေစေချင်ပါတယ် ၊ ကစားသမားတွေကလည်း သူ့ကို ချစ်ခင်ကြပါတယ် ၊ သူ အသင်းမှာ ရှိနေတာက ကစားသမားတွေ အတွက် အကျိုးရှိသလို စိတ်အား တက်ကြွမှုလည်း ဖြစ်စေမှာ အမှန်ပါပဲ ၊ ကလပ် အတွက်လည်း ကြီးမားတဲ့ မြှင့်တင်မှု တစ်ခု ဖြစ်စေမှာပါ ။ ”

” သူ့ကို အသင်းကနေ အမြဲတမ်း ကြိုဆိုနေကြောင်း ကျွန်တော်ပြောဖြစ်ပါတယ် ၊ တစ်ခါတစ်လေ မှာတော့လည်း အချိန်ယူဖို့ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ် ၊ အသင်းမှာ အနှစ် ၂၀ ကြာ နေခဲ့ရတော့ သူ့မှာ ခံစားချက် ကြီးကြီးမားမား ရှိနေမှာပါ ၊ ဒါကြောင့် အသင်းနဲ့ အနည်းငယ် ခပ်ခွာခွာ နေဖို့ လိုနေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ၊ သူ အသင်းမှာ ရှိနေရင် အားလုံးအတွက် အကျိုးရှိမှာ အသေအချာပါပဲ ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

Sports Myanmar