ရော်နယ်ဒိုသာ မန်စီးတီး ပြောင်းခဲ့ရင် သူ့ရဲ့ ဂုဏ်ပုဒ်တွေ ဘာဖြစ်သွားခဲ့မလဲဆိုတာ ပြောပြလိုက်တဲ့ ဆီဗတ်စတြ

 

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတုန်းက ဂျူဗင်တပ် အသင်းမှ ထွက်ခွာမယ် လုပ်ခဲ့စဥ် သူ့ကို ခေါ်ယူဖို့အတွက်် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ရေပန််း အစားဆုံး မဖြစ်ခဲ့ရပါဘူး ။

အဆိုပါ အချိန်တုန်းကတော့ အဂူရို ထွက်ခွာမှုကြောင့် တိုက်စစ်မှူး တစ်ဦး လိုအပ်နေခဲ့တဲ့ ယူနိုက်တက်ရဲ့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းက ရော်နယ်ဒို ကို အရခေါ်ယူဖို့ သတင်းထွက်ခဲ့ပြီး နီးစပ်နေပြီဆိုတဲ့အထိ သတင်းကြီးခဲ့ပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းဖော်ဟောင်းတွေ ၊ နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် တို့ရဲ့ ကြားဝင်မှုတွေကြောင့် ခရစ္စတီယာနိုဟာ 12 နှစ် အကြာမှာ မန်ချက်စတာ ယူနိုက်တက်် အသင်းဆီကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လည် ရောက်လာခဲ့တဲ့နောက်လည်း ယခင်လို ဂိုးသွင်း စွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဆိုးလ်ရှား အထုတ်ခံရဖို့ သတင််းကျယ်လောင်နေခဲ့ချိန်မှာလည်း သွင်းဂိုးတွေနဲ့ ဖိအားတွေ လျှော့ချပေးနိုင်ခဲ့ပါသေးတယ် ။

သူဟာ ယူနိုက်တက်တို့ တော့တင်ဟမ် အသင်းကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ကိုယ်တိုင် တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သလို အတ္တလန္တာ အသင်းနဲ့ 2 – 2 သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာလည်း 2 ဂိုးလုံး သွင်းယူပေးနိုင်ခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ဒီတစ်ပါတ် ပရီးမီးယားလိဂ် ပွဲစဥ် 11 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက််စတာ ဒါဘီပွဲ ကစားရပါတော့မယ် ။ အကယ်လို့ ရော်နယ်ဒိုသာ မန်စီးတီး အသင်းဆီ ပြောင်းဖြစ်ခဲ့ရင် ဒီလိုပွဲမှာ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။

ဒီလိုသာ ပြိုင်ဖက် တစ်ဦး ဖြစ်သွားရင်ခဲ့ သူ့ရဲ့ ယူနိုက်တက် ဂန္တဝင် ဂုဏ်ပုဒ် ထိခိုက်သွားနိုင်တယ်လို့ ဝေဖန်သူတွေ ရှိခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဆီဗတ်စတြာ က ဒီလို ဖြစ်သွားဖို့ မရှိ​​ကြောင်း သုံးသပ်ခဲ့လိုက်ပါတယ် ။

” ကျွန်တော် ကောလဟာလသတင်းတွေ ကြားခဲ့သေးပြီး စီးတီးအတွက် ရော်နယ်ဒိုကို ခေါ်ယူရေးက သေချာပေါက် လုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ရပါတယ် ။ စီးတီးက ဟယ်ရီကိန်းကို လိုက်နေခဲ့ပြီး နံပါတ်9 တိုက်စစ်မှူးကိုပဲ အလိုရှိခဲ့ပါတယ် ”

” ဒါ့ကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြေသာ ရှိနေခဲ့ရင် ဒါဟာ စီးတီး အတွက် ရွေးချယ်ချင်စရာ ကိစ္စ တစ်ခု ဖြစ်သွားမှာ ပါပဲ ။ သူတို့တွေ ဒါကို ဆွေးနွေးခဲ့ကြမှာပါ ။ တကယ်သာ အဲ့ဒီလိုမျိုး ဖြစ်သွားခဲ့ရင် သူ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ မဟုတ်ပါဘူး ။ သူ့ရဲ့ ဂုဏ်က သူ့ရဲ့ ကစားသမားဘဝပါပဲ ”

” သူဟာ စပို့တင်း ၊ ယူနိုက်တက် ၊ ရီးယဲ မက်ဒရစ် ၊ ဂျူဗင်တပ် ပြီးရင် စီးတီးမှာ ဂုဏ်တွေ ထပ်ပိုင်သွားဖို့ပဲ ရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ သူက ယူနိုက်တက်ဆီကို ပြန်ရောက််လာခဲ့ပါတယ် ။ သူ့ရဲ့ ဂန္တဝင်မြောက်မှုတွေက ပေါ်တူဂီ လက်ရွေးစင် အသင်းမှာလည်း ရှိနေပါသေးတယ် ”

” ဒါ့ကြောင့် တစ်ဦးတစ်ယောက် အနေနဲ့ သူဟာ ဘယ်သူ့ အတွက်ပဲ ကစားပေးပါစေ ၊ ဘယ် ဂျာစီကိုလည်း ဝတ်ဆင််ပါစေ ၊ ဂိုးတွေ သွင်းယူရင်း ဂုဏ်တွေ ဆက်လက်မြှင့်တငွနေဦးမှာပါပဲ ” လို့ ဆီဗတ်စတြာက ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar