ရော်နယ်ဒိုလည်း ဆိုးလ်ရှားကို ကယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောထုတ်လိုက်တဲ့ ဂျွန်ဘန်းစ်

 

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျွန်ဘန်းစ် က အထုတ်ခံရဖို့ သတင်းကြီးနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကို အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကလည်း ကယ်တင်ပေးနိုင်မှာ မဟုတ်ကြောင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 – 2022 ရာသီသစ်ကို စတင်ပုံ ကောင်းမွန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရလဒ်တွေဟာ တည်ငြိမ်မှု အားနည်းခဲ့ပါတယ် ။ အထူးသဖြင့် လက်စတာစီးတီး အသင်းကို 4 – 2 ၊ လီဗာပူး အသင်းကို 0 – 5 နဲ့ ရှုံးနိမ့် သွားခဲ့ရခြင်းက အရမ်းကို အရုပ်ဆိုးခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားလည်း ရာထူးမှ အထုတ်ခံရဖို့ အရမ်းကို နီးစပ်တဲ့ အနေအထား တစ်ခု ပိုင်ဆိုင် သွားခဲ့ရပါသေးတယ် ။ အဆိုပါ ကာလ အတွင်း ယူနိုက်တက်တို့ အင်တာ နည်းပြဟောင်း ကွန်တီကို ခေါ်ဖို့ ချိတ်ဆက်နေခဲ့တယ်လို့ပါ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် နဲ့ ဘုတ်အဖွဲ့ဝင်တွေက ဆိုးလ်ရှားဖက်မှ ထောက်ခံပေးခဲ့ကြတဲ့ အတွက် တော့တင်ဟမ် ၊ အတ္တလန္တာ ၊ မန်စီးတီး အသင်းတွေနဲ့ ပွဲစဥ်မှ ထွက်ပေါ်တဲ့ ရလဒ် အပေါ် မူတည််ပြီး ဆိုးလ်ရှားရဲ့ အနာဂတ် အဖြေထွက်လိမ့်မယ်လို့ သိခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အသင်းဟာ ရော်နယ်ဒို တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးမှုနဲ့ အတူ တော့တင်ဟမ် ကို 3 – 0 နဲ့ အနိုင်ရခဲ့ပါတယ် ။ ဒါ့အပြင် အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင််တဲ့ အခါမှာလည်း ရော်နယ်ဒို ရဲ့ သွင်းဂိုး နှစ်ဂိုးကြောင့် ယူနိုက်တက်တို့ 2-2 နဲ့ သရေ ရလဒ် ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့ကြပါတယ် ။

အခုတော့ မန်ချက်စတာ ဒါဘီမှာ ဘယ်လို ရလဒ် ထွက်မလဲဆိုတာကို ပရိသတ်တွေ စိတ်ဝင်စား နေခဲ့ကြပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ လီဗာပူး ဂန္တဝင် ဂျွန်ဘန်းစ် က ဆိုးလ်ရှား ကို ရော်နယ်ဒိုလည်း ကယ်တင်ပေးနိုင်မှာ မဟုတ်ကြောင်း ဝေဖန်သွားခဲ့လိုက် ပါတယ် ။

” ခရစ္စတီယာနို ရော်နယ်ဒိုက အိုလီ ဂန်နား ဆိုးလ်ရှားရဲ့ အနာဂတ်ကို ယူနိုက်တက်မှာပဲ ဆက်ရှိစေနိုင်မှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ သွင်းဂိုးတွေက ယူနိုက်တက်ကို ပရီးမီးယားလိဂ် (သို့) ချန်ပီယံလိဂ် ဖလားကို ရရှိစေနိုင်မှာ မဟုတ်လို့ပါပဲ”

” ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းကို မျှော်လင့်ချက် အနည်းငယ်မျှသာ ပေးဆောင်နိုင်သူ တစ်ဦးပါ ။ ဒါပေမဲ့ သူတို့တွေဟာ နိုင်ပွဲတွေ ၊ အောင်မြင်မှုတွေ မရယူပေးနိုင်ဘူး ဆိုရင် ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေက အိုလီရဲ့ ဘဝကို ကယ်တင်ပေးသွားနိုင်မှာ မဟုတ်ပါဘူး ”

 

” သူတို့ တကယ်ပဲ ခြေစွမ်း တည်ငြိမ်မှု ရှိကြောင်း ပြသသွားဖို့ လိုအပ်နေပါပြီ ။ ရော်နယ်ဒိုက ဆိုးလ်ရှားကို သူ့ရဲ့ အလုပ်မှာ ဆက်ရှိစေဖို့ ၊ အလုပ်ထုတ် မခံရဖို့ စွမ်းနိုင်မှာ မဟုတ်ပါဘူး ။ အိုလီ နဲ့ ပတ်သက်လို့ ထုတ်ခံရတဲ့ မေးခွန််းက တည်ငြိမ်မှု မရှိခြင်းပါပဲ ” လို့ ဂျွန်ဘန်းစ် က ဝေဖန်ခဲ့လိုက် ပါတယ် ။

#Sports_Myanmar