ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အားလပ်ရက်တွေ ဖြတ်သန်းခဲ့တဲ့အပေါ် မှတ််ချက်ပေးလိုက်တဲ့ အဘွန်လဟော်

အက်စတွန် ဗီလာ အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင််းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဂတ်ဘီ အဘွန်လဟော် က ပြီးခဲ့တဲ့ လ တုန်းက ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေဟာ အားလပ်ရက်နဲ့ ထိုက်တန််ကြောင်း သုံးသပ် သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အောက်တိုဘာ လ အတွင်း လက်စတာ စီးတီး အသင်းကို 4 – 2 ၊ လီဗာပူး အသင်းကို 0 – 5 ၊ မန်စီးတီး အသင်းကို 0 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ ဆိုးလ်ရှားရော ကစားသမား တွေပါ ဖိအားတွေအောက် ကျရောက်ခဲ့ကြပါတယ် ။

အထူးသဖြင့် လီဗာပူးကို ရှုံးနိမ့်ကတည်းက အထုတ်ခံရဖို့ သတင်းကြီး ခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ မန်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက် နိုင်ငံတကာ အားလပ််ရက်တွေ အတွင်း အထုတ်ခံရလိမ့်မယ်လို့ပါ သတင်းကြီိးခဲ့ပါသေးတယ် ။

ဒါပေမဲ့ ဆိုးလ်ရှား ကတော့ အဲ့တာတွေကို အရေးမစိုက်ပဲ ပုံစံကောင်း ပြသဖို့ ရုန်းကန်နေခဲ့ရတဲ့ ကစားသမားတွေကို စိတ်အပန်းဖြေမှု ရရှိစေနိုင်ဖို့ အားလပ်ရက် တစ်ပါတ် အထိ ပေးခဲ့ပြီး သူကိုယ်တိုင်လည်း နော်ဝေကို မိသားစုနဲ့ အတူ ပြန်သွားခဲ့ပါတယ် ။

အခုတော့ အက်စတွန်ဗီလာ အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်တဲ့ အဘွန်လဟော် က မထင်မှတ်ထားတဲ့ ဆုံးဖြတ်ချက််မျိုး ချမှတ်ခဲ့တဲ့ နည်းပြ ဆိုးလ်ရှား ဖက်မှ ကာကွယ် စကား ဆိုခဲ့လိုက်ပြီး အခုလို လုပ်သင့်ကြောင်း ထောက်ခံ စကားပါ ပြောကြား သွားခဲ့လိုက်ပါတယ် ။

” သူတို့တွေ အားလပ်ရက်တွေ ရရှိခဲ့ကြတဲ့ အပေါ် ကျွန်တော််တော့ စိတ်မကွက်မိပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည််း ကစားသမား ဘဝတုန်းက နိုင်ငံတကာ ပွဲစဥ်တွေကို ကစားခဲ့ရတဲ့ ရက်သတ္တပါတ်တွေမှာ 3 ၊ 4 ရက်လောက် အနားယူခဲ့ဖူးပါတယ် ”

” အဲ့ဒီတုန်းက ကျွန်တော်တို့ အသင်းမှာ နိုင်ငံ့ပွဲတွေ မကစားခဲ့ရတဲ့ ကစားသမား အများကြီးကို ရှိခဲ့ကြတယ်လေ ။ ကျွန်တော်တို့ အားလုံး အဲ့ဒီလို အားလပ်ရက်တွေ ပိုင်ဆိုင်ခဲ့ရတာက ကျွန်တော်တို့တွေ အတွက်တော့ တကယ့်ကိုပဲ ကောင်းမွန်ခဲ့ ပါတယ် ”

” လူတွေက ယုံချင်မှ ယုံကြပါလိမ့်မယ် ။ ကျွန်တော်တို့ ဆိုးရွားတဲ့ ပွဲစဥ်တွေကို ပိုင်ဆိုင်ခဲ့ရခြင်းက ကျွန်တော်တို့တွေ ခြေထောက် မလှုပ်လို့ ၊ မကြိုးစားခဲ့လို့တော့ မဟုတ်ခဲ့ရပါဘူး ။ ကျွန်တော်တို့ တကယ်ပဲ ကြိုးစားခဲ့ကြတဲ့အတွက်် အနားယူဖို့ ရက်တွေ လိုအပ်ခဲ့ပါတယ် ”

” အဲ့တာနဲ့ ပတ်သက်လို့ ပြသနာ ရှိတယ်လို့ ကျွန်တော်က မမြင်မိပါဘူး ။ လူတွေကသာ မလိုအပ်ပဲ ဒါကို ပုံကြီးချဲ့ ပြောဆိုနေခဲ့ကြတာပါ ။ ခင်ဗျားတို့ သိထားဖို့ လိုအပ်တဲ့ အရာတစ်ခုက နိုင်ငံ့ ပွဲစဥ်တွေကို မကစားရတဲ့သူတွေကပဲ ဒါတွေ ပြီးတဲ့အခါ ပွဲထွက်ခွင့် ရရှိကြတာပါ ”

” အခူလို နိုင်ငံတကာ ပွဲစဥ်တွေ အပြီးမှာ ခြေစွမ်း မပြခဲ့တဲ့သူတွေ နဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တဲ့ သူတွေကပဲ ပွဲထွက်ခွင့်ရတာ များပါတယ် ။ ဒီအတွက် သူတို့က ရုပ်ပိုင်းရော စိတ်ပိုင်းပါ လွတ်လပ်နေဖို့ လိုအပ်ပါတယ် ” လို့ အဘွန်လဟော် က သူ့ရဲ့ အတွေးကို ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar