ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အသင်းကို ကြီးမားတဲ့ ခြားနားမှု ဖြစ်စေသူလို့ ချီးကျူးလိုက်တဲ့ ဆာကာ

ဘူကာရို ဆာကာ က အာရွန်ရမ်စ်ဒဲလ် ရဲ့ အံ့ဖွယ် လက်စွမ်းကောင်းတွေကြောင့် အာဆင်နယ် အသင်းကလူတွေ အားလုံး အံ့အားသင့်နေရဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပြီး ဂိုးသမားသစ်ဟာ အသင်းအတွက် ကြီးမားတဲ့ ခြားနားမှုတွေ ဖြစ်အောင် ပြုလုပ် ပေးထားသူလို့ ချီးကျူး လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ဂိုးသမားနေရာအတွက် ပြိုင်ဆိုင်မှု ရှိအောင် ရှက်ဖီး ယူနိုက်တက် ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကို ပေါင် ၂၄ သန်း + Add-ons ၆ သန်း နဲ့ ခေါ်ယူ ထားခဲ့ပါတယ် ။ ရမ်စ်ဒဲလ် ဟာ သူ့ရဲ့ ပွဲဦးထွက်ကို ဝက်စ်ဘရွန်း နဲ့ ခါရာဘောင်းပွဲမှာ ကစားခဲ့ပြီး Clean-Sheet ရယူနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ရမ်စ်ဒဲလ် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၄) ကနေ နောက်ဆုံး ပွဲစဉ်(၁၀) အထိ ပွဲထွက် ကစားခွင့် ရခဲ့ပြီး လီနို ကတော့ အရန်ခုံမှာပဲ ထိုင်နေခဲ့ရပါတယ် ။ အဆိုပါ ၇ ပွဲမှာလည်း ရမ်စ်ဒဲလ် ဟာ Clean-sheet ၄ ပွဲ အထိ ရယူ နိုင်ခဲ့ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ လက်စတာ နဲ့ ပွဲမှာ ရမ်စ်ဒဲလ် ဟာ ဂိုးပေါက် ကာကွယ်မှု ၈ ကြိမ် အထိ ပြုလုပ်ပြီး Man of the match ဆုကို ထိုက်ထိုက်တန်တန် ရသွားခဲ့ပါတယ်။လက်စတာ နဲ့ ပွဲက မက်ဒီဆင် ရဲ့ ဖရီးကစ်ကို ရမ်စ်ဒဲလ် ရဲ့ ကာကွယ်ပုံဟာ ပရိသတ်တွေကြား အတော်လေး အပြောများခဲ့ပြီး ဂန္တဝင် ဂိုးသမားကြီးတွေ ဖြစ်ကြတဲ့ ပီတာ ရှမိုက်ကယ် နဲ့ ဒေးဗစ်ဆီးမန်း တို့ကလည်း တွစ်တာကနေ ချီးကျူး စကားဆိုခဲ့ကြပါတယ် ။

ဆာကာ ကလည်း လက်စတာ နဲ့ပွဲက ရမ်စ်ဒဲလ် ရဲ့ ကာကွယ်မှု အပေါ် ” ကျွန်တော့် ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် အဲ့ဒီကန်ချက်က သေချာပေါက် ရာနှုန်းပြည့် ဂိုးပြီး ထင်နေခဲ့တာပါ ၊ ဒါပေမယ့် ရမ်စ်ဒဲလ် က ကာကွယ် ပြသွားခဲ့ပါတယ် ။ ”

” ဒုတိယတစ်ခေါက်မှာလည်း ဂိုးတော့မယ်ပဲ ထင်နေခဲ့တာပါ ၊ သူ ထပ်ကာကွယ်သွားပြန်ပါတယ် ၊ သူ ဘယ်လို ကာကွယ်လိုက်မှန်း မသိပါဘူး ၊ ဒါပေမယ့် သူက ဂိုးမပေးရအောင်ကို ကာကွယ် သွားခဲ့တာပါ ၊ ဒါကြောင့် သူ့ကို လေးစား အသိအမှတ်ပြုပါတယ် ၊ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ ၊ Clean-sheet နဲ့လည်း ထိုက်တန်ပါတယ် ။ ”

” သူက အားလုံးကို အံ့အားသင့်အောင် လုပ်နေနိုင်ဆဲပါတယ် ၊ သူက အခု ပုံစံကောင်း တစ်ခုမှာ ရှိနေပါတယ် ၊ သူ အခုလို လက်စွမ်း ဆက်ပြနေနိုင်ဖို့ မျှော်လင့်ပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူက အသင်းအတွက် ကြီးမားတဲ့ ခြားနားမှုတွေ လုပ်ပေးနိုင်သူ မို့လို့ပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ရမ်စ်ဒဲလ် ဟာ အောက်တိုဘာလ အတွက် အာဆင်နယ် အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းမှာ ပါဝင် လာခဲ့ပြီး စက်တင်ဘာ ၊ အောက်တိုဘာ နှစ်လ ဆက်တိုက် ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

SM